Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကြောင့် စစ်ပွဲ ပိုမိုကျယ်ပြန့်လာလိမ့်မယ်လို့ ဟက်ဇ်ဘိုလာ ဒုတိယ ခေါင်းဆောင်ပြော

အစ္စရေးရဲ့ လွန်ကဲတဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန် သက်ရောက်မှုတွေ ရှိနိုင်ကြောင်း၊ အဲဒီအတွက် ဖြစ်နိုင်ခြေ ရှိသမျှ တုံ့ပြန်မှုတိုင်းကို တွေးထားသင့်ကြောင်းလည်း ကာဆမ်က သတိပေးသွားပါတယ်။

အစ္စရေးကြောင့် စစ်ပွဲ ပိုမိုကျယ်ပြန့်လာလိမ့်မယ်လို့ ဟက်ဇ်ဘိုလာ ဒုတိယ ခေါင်းဆောင်ပြော
အစ္စရေးကြောင့် စစ်ပွဲ ပိုမိုကျယ်ပြန့်လာလိမ့်မယ်လို့ ဟက်ဇ်ဘိုလာ ဒုတိယ ခေါင်းဆောင်ပြော

အစ္စရေးက ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း အရပ်သားတွေကို မညှာတာဘဲ စစ်ဆင်ရေး အရှိန်အဟုန် ဆက်မြှင့်နေမယ်ဆိုရင် လက်ရှိ ပဋိပက္ခဟာ ဂါဇာကို ကျော်လွန်ပြီး အရှေ့အလယ်ပိုင်း ဒေသတစ်ခုလုံးကို ပျံ့နှံ့ ကူးစက်တဲ့ စစ်ပွဲကြီး ဖြစ်သွားနိုင်တယ်လို့ ဟက်ဇ်ဘိုလာ ပြောက်ကျား ခေါင်းဆောင် တစ်ဦးက ခြိမ်းခြောက် သတိပေးသွားပါတယ်။

အစ္စရေးဟာ နိုင်ငံတောင်ပိုင်းက ဂါဇာမှာ ဟားမားစ် ပြောက်ကျားတွေနဲ့ စစ်ခင်း တိုက်ခိုက်နေရပြီး လက်ဘနွန်နဲ့ ထိစပ်နေတဲ့ မြောက်ပိုင်း နယ်စပ်မှာလည်း ဟက်ဇ်ဘိုလာတွေနဲ့ စစ်ရေးတင်းမာနေတဲ့ကြောင့် လုံခြုံရေး အစီအမံတွေ မြှင့်တင်ထားရပါတယ်။ ဟားမားစ်ရော၊ ဟက်ဇ်ဘိုလာပါ အစ္စရေးရဲ့ မဟာရန်သူ အီရန်က ကျောထောက်နောက်ခံ ပေးထားတဲ့ လက်နက်ကိုင် အင်အားစုတွေ ဖြစ်ပါတယ်။

ဟက်ဇ်ဘိုလာရဲ့ ဒုတိယ အကြီးအကဲဖြစ်သူ ရှိတ်ခ် နီယမ် ကာဆမ်က BBC သတင်းဌာနနဲ့ အင်တာဗျူးမှာ အစ္စရေး အနေနဲ့ ပါလက်စတိုင်း ပြည်သူတွေကို ဗုံးကြဲ တိုက်ခိုက်နေတာတွေ ရပ်တန်းက မရပ်ရင် ဂါဇာ စစ်ပွဲကနေ အရှေ့အလယ်ပိုင်း စစ်ပွဲအသွင်ကို ကူးပြောင်းသွားနိုင်ကြောင်း၊ အဲဒီ နောက်ဆက်တွဲ အကျိုးဆက်မျိုးကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

အစ္စရေးဟာ တကယ့် အန္တရာယ်ကောင် ဖြစ်ကြောင်း၊ အစ္စရေးက ကလေးတွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သားတွေကို ရန်လို တိုက်ခိုက်မှုတွေ အရှိန်မြှင့်တင်နေပြီး အဲဒီအခြေအနေက ရှေ့ဆက် တိုးပွားလာဖို့ပဲ ရှိကြောင်း၊ ဒီလုပ်ရပ်မျိုးက ဒေသတစ်ခုလုံးအတွက် အန္တရာယ်တွေ ယူဆောင်ပေးလာနိုင်မှာ မဟုတ်ဘူးဆိုတာ သူ့အနေနဲ့ မယုံကြည်ကြောင်း ကာဆမ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ လွန်ကဲတဲ့ လုပ်ရပ်တိုင်းမှာ တန်ပြန် သက်ရောက်မှုတွေ ရှိနိုင်ကြောင်း၊ အဲဒီအတွက် ဖြစ်နိုင်ခြေ ရှိသမျှ တုံ့ပြန်မှုတိုင်းကို တွေးထားသင့်ကြောင်းလည်း ကာဆမ်က သတိပေးသွားပါတယ်။

အစ္စရေး ပိုင်နက်ကို ဟားမားစ်တွေက အလစ်အငိုက် ကျူးကျော် တိုက်ခိုက်ပြီး လူပေါင်း ၁၄၀၀ လောက်ကို သတ်ဖြတ်ခဲ့တဲ့ အောက်တိုဘာ ၇ ရက် ဖြစ်စဉ်အပြီး အစ္စရေးက ဂါဇာကို တုံ့ပြန် ထိုးစစ်ဆင်ခဲ့တာ တစ်လကျော် ကြာမြင့်လာတဲ့နောက် ပါလက်စတိုင်းဖက်က အသေအပျောက် သောင်းနဲ့ချီ များပြားလာခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ဟက်ဇ်ဘိုလာတွေနဲ့ အစ္စရေး စစ်တပ်ကလည်း နယ်စပ်မှာ အပြန်အလှန် ဒုံးကျည်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ရင်း အခြေအနေတွေ တင်းမာနေခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးက စစ်ပွဲတွေကို အမြဲတမ်း တူညီတဲ့မျက်လုံးနဲ့ မကြည့်တတ်ပါဘူး။ တချို့သော ပဋိပက္ခတွေဟာ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှု၊ နိုင်ငံတကာရဲ့ သံတမန်ရေးဖိအားနဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေကို အလျင်အမြန် ရရှိကြပေမယ့် တချို့ကတော့ နှစ်ပေါင်းများစွာ လူသားဆုံးရှုံးမှုတွေနဲ့အတူ ဆက်လက်ဖြစ်ပွားနေသော်လည်း တိတ်တဆိတ် မေ့လျော့ခံနေရတတ်ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင်ဒေသ ငြိမ်းချမ်းရေးနဲ့ ပြန်လည် ထူထောင်ရေး ရည်ရွယ်ချက်တွေအတွက် အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ဆီက အဆိုပြုချက် ၁၅ ခုကို အစ္စရေးက ပယ်ချခဲ့ပါတယ်။

ဘာသာပြန်ဆောင်းပါး

“အနောက်ဘက်ကမ်းမှာ အခြေချနေထိုင်သူအစွန်းရောက် အစ္စရေးနိုင်ငံသား ယီနွန်လေဗီ ( Yinon Levy)ကို ပါလက်စတိုင်းတက်ကြွလှုပ်ရှားသူ အော်ဒေဟ်ဟာသာလင်း(Awdeh Hathaleen) သေဆုံးမှုအတွက် လူသေမှု နဲ့ အစ္စရေးနိုင်ငံက ၂၀၂၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့က စွဲချက်တင် လိုက်ပါတယ်။