Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို
ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို

ယူကရိန်း စစ်တပ်ရဲ့ လက်ဖြောင့်တပ်သား စနိုက်ပါ တစ်ဦးဟာ ကမ္ဘာ့စံချိန်တင် အကွာအဝေးက ပစ်မှတ်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ စစ်သည်ရဲ့ အဆိုအရ သူဟာ Lord of the Horizonလို့ နာမည်ပေးထားပြီး ကိုယ်တိုင် စိတ်တိုင်းကျ တပ်ဆင်ထားတဲ့ စနိုက်ပါ ရိုင်ဖယ်ကို အသုံးပြုပြီး ၂.၅ မိုင်အကွာက ရန်သူ စစ်သားကို သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့စံချိန် တင်ထားတဲ့ စနိုက်ပါ ပစ်ခတ်မှု အကွာအဝေးကတော့ ၂.၂ မိုင်ပါ။ ၂၀၁၇ တုန်းက ကနေဒါ ကွန်မန်ဒို တစ်ဦးက အီရတ် စစ်မြေပြင်မှာ အဲဒီလို အံ့ဩဘနန်း ပစ်ခတ်မှုမျိုးကို လက်တွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း လုံခြုံရေးဌာန (SBU)က သူတို့ရဲ့ စစ်သား တစ်ဦးဟာ ကမ္ဘာ့စံချိန်တင်မယ့် စနိုက်ပါ ပစ်ခတ်မှုကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်သားဟာ မယုံကြည်နိုင်လောက်စရာ အကွာအဝေးကနေ ရုရှား စစ်သား တစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

SBUရဲ့ စနိုက်ပါတွေဟာ စနိုက်ပါ ပစ်ခတ်မှု နယ်ပယ်ရဲ့ သမားရိုးကျ စံနှုန်းတွေကို ပြောင်းလဲပစ်နေပြီး အရမ်းကွာဝေးတဲ့ နေရာတွေကနေ ပစ်ခတ်တာမျိုးတွေကိုပါ လက်တွေ့ လုပ်ဆောင်ပြနေကြောင်း SBUရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ညွှန်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စံချိန်တင် အကွာအဝေးမျိုး ပစ်ခတ်မှုဆိုတဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်း လူမှုကွန်ရက် မီဒီယာတွေမှာ မျှဝေနေကြပြီး စနိုက်ပါသမားက ပစ်ခတ်လိုက်တဲ့နောက် စက္ကန့်ပိုင်းလောက် အကြာမှာ ပစ်မှတ်ဟာ လဲကျသွားခဲ့တာကို တွေ့ရပါတယ်။

အခု ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ စနိုက်ပါ ရိုင်ဖယ်ကို ယူကရိန်း ပြည်တွင်းမှာပဲ Mayak ကုမ္ပဏီက ဖန်တီး ထုတ်လုပ်ထားပြီး မှန်ကန်တဲ့ ကျည်အမျိုးအစားကို အသုံးပြုရင် အသံထက် ပိုမြန်တဲ့နှုန်းနဲ့ ပေ ၁၀၀၀၀ လောက်ထိ မြန်မြန် ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တချို့သတင်းတွေကတော့ အခုသီတင်းပတ် အစောပိုင်းတုန်းက ဘာဒင်ညက်စ်ခ် မြို့ထဲမှာ တပ်စွဲထားတဲ့ ရုရှားတပ်တွေကို ယူကရိန်းက တိုက်ခိုက်ရာမှာ နောက်ထပ် ဒုံးကျည်တစ်စင်း ထပ်သုံးခဲ့ကြောင်း ဖော်ပြနေပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ဒစ်မစ်ထရီ ပက်စ်ကော့ဗ်ကတော့ အခုဆုံးဖြတ်ချက်ဟာ အမေရိကန်ကို ကြွယ်ဝသထက် ကြွယ်ဝစေပြီး ယူကရိန်း အတွက်တော့ နောက်ထပ် အသက်တွေ စတေးရင်း တွင်းဆုံးကျစေမယ့် ကိစ္စမျိုးလို့ တုံ့ပြန်သွားပါတယ်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။