Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို
ယူကရိန်း စနိုက်ပါ တစ်ယောက်က ကမ္ဘာ့အဝေးဆုံး စံချိန်တင် ပစ်ခတ်မှု လုပ်နိုင်ခဲ့တယ်လို့ဆို

ယူကရိန်း စစ်တပ်ရဲ့ လက်ဖြောင့်တပ်သား စနိုက်ပါ တစ်ဦးဟာ ကမ္ဘာ့စံချိန်တင် အကွာအဝေးက ပစ်မှတ်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီ စစ်သည်ရဲ့ အဆိုအရ သူဟာ Lord of the Horizonလို့ နာမည်ပေးထားပြီး ကိုယ်တိုင် စိတ်တိုင်းကျ တပ်ဆင်ထားတဲ့ စနိုက်ပါ ရိုင်ဖယ်ကို အသုံးပြုပြီး ၂.၅ မိုင်အကွာက ရန်သူ စစ်သားကို သုတ်သင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိ ကမ္ဘာ့စံချိန် တင်ထားတဲ့ စနိုက်ပါ ပစ်ခတ်မှု အကွာအဝေးကတော့ ၂.၂ မိုင်ပါ။ ၂၀၁၇ တုန်းက ကနေဒါ ကွန်မန်ဒို တစ်ဦးက အီရတ် စစ်မြေပြင်မှာ အဲဒီလို အံ့ဩဘနန်း ပစ်ခတ်မှုမျိုးကို လက်တွေ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်း လုံခြုံရေးဌာန (SBU)က သူတို့ရဲ့ စစ်သား တစ်ဦးဟာ ကမ္ဘာ့စံချိန်တင်မယ့် စနိုက်ပါ ပစ်ခတ်မှုကို အောင်အောင်မြင်မြင် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီစစ်သားဟာ မယုံကြည်နိုင်လောက်စရာ အကွာအဝေးကနေ ရုရှား စစ်သား တစ်ယောက်ကို သုတ်သင် ရှင်းလင်းခဲ့တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

SBUရဲ့ စနိုက်ပါတွေဟာ စနိုက်ပါ ပစ်ခတ်မှု နယ်ပယ်ရဲ့ သမားရိုးကျ စံနှုန်းတွေကို ပြောင်းလဲပစ်နေပြီး အရမ်းကွာဝေးတဲ့ နေရာတွေကနေ ပစ်ခတ်တာမျိုးတွေကိုပါ လက်တွေ့ လုပ်ဆောင်ပြနေကြောင်း SBUရဲ့ ပြောရေးဆိုခွင့်ရ အရာရှိက ညွှန်းဆိုသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ စံချိန်တင် အကွာအဝေးမျိုး ပစ်ခတ်မှုဆိုတဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်း လူမှုကွန်ရက် မီဒီယာတွေမှာ မျှဝေနေကြပြီး စနိုက်ပါသမားက ပစ်ခတ်လိုက်တဲ့နောက် စက္ကန့်ပိုင်းလောက် အကြာမှာ ပစ်မှတ်ဟာ လဲကျသွားခဲ့တာကို တွေ့ရပါတယ်။

အခု ပစ်ခတ်မှုမှာ အသုံးပြုခဲ့တဲ့ စနိုက်ပါ ရိုင်ဖယ်ကို ယူကရိန်း ပြည်တွင်းမှာပဲ Mayak ကုမ္ပဏီက ဖန်တီး ထုတ်လုပ်ထားပြီး မှန်ကန်တဲ့ ကျည်အမျိုးအစားကို အသုံးပြုရင် အသံထက် ပိုမြန်တဲ့နှုန်းနဲ့ ပေ ၁၀၀၀၀ လောက်ထိ မြန်မြန် ရောက်ရှိသွားနိုင်တယ်လို့ ဆိုပါတယ်။

ရုရှားနဲ့ စစ်ပွဲကာလ အစောပိုင်းတွေတုန်းကလည်း ယူကရိန်း စနိုက်ပါ တစ်ယောက်ဟာ ၁.၇ မိုင် အကွာက ပစ်မှတ်ကို ချေမှုန်းနိုင်ခဲ့ဖူးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို အပြန်အလှန် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်မလုပ်ဖို့ ရုရှားရော၊ ယူကရိန်းကပါ သဘောတူခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ လောင်စာဆီ ထုတ်လုပ်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာတွေ ရပ်တန့်ထားဖို့ ယူကရိန်း အစိုးရကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင် နိုင်ငံရဲ့ မွတ်ဆလင် အများစု နေထိုင်ရာ ဒေသမှာ ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲ မတိုင်ခင် ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ၃ ဦးသေ၊ ၁၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။