Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း စစ်ပွဲအပေါ် နိုင်ငံတကာ အာရုံစိုက်မှုဟာ ဂါဇာ ပဋိပက္ခဆီ ရောက်ရှိသွားပြီလို့ ယူကရိန်း သမ္မတ ဝန်ခံ

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။

ယူကရိန်း စစ်ပွဲအပေါ် နိုင်ငံတကာ အာရုံစိုက်မှုဟာ ဂါဇာ ပဋိပက္ခဆီ ရောက်ရှိသွားပြီလို့ ယူကရိန်း သမ္မတ ဝန်ခံ
ယူကရိန်း စစ်ပွဲအပေါ် နိုင်ငံတကာ အာရုံစိုက်မှုဟာ ဂါဇာ ပဋိပက္ခဆီ ရောက်ရှိသွားပြီလို့ ယူကရိန်း သမ္မတ ဝန်ခံ

နိုင်ငံတကာ အသိုက်အဝန်းရဲ့ အာရုံစူးစိုက်မှုဟာ ယူကရိန်း စစ်ပွဲဆီကနေ ဂါဇာ ပဋိပက္ခဆီ ရုတ်တရက် ကူးပြောင်းသွားတယ်လို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝန်ခံခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲကို နိုင်ငံတကာက အာရုံ မစိုက်စေချင်တာဟာ ကျူးကျော်စစ်ပွဲ ဆင်နွှဲတဲ့ ရုရှားရဲ့ အဓိက လိုလားချက် တစ်ခုဖြစ်ပြီး အစ္စရေးနဲ့ ဟားမားစ်တို့ ဂါဇာ ကမ်းမြှောင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် အဲဒီ ဆန္ဒ ပြည့်သွားပြီလို့ သတ်မှတ်နိုင်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

သူက ယူကရိန်း စစ်ပွဲဟာ အနိုင်အရှုံး အဖြေမပေါ်ဘဲ အီလည်လည် ဖြစ်နေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။ ယူကရိန်းဟာ နိုင်ငံတောင်ပိုင်းက ရုရှားလက်အောက် ကျရောက်နေတဲ့ နယ်မြေတွေကို ပြန်လည် ရရှိဖို့ တန်ပြန်ထိုးစစ် ဆင်နွှဲနေပေမယ့်လည်း တိုးတက်မှုတွေ အရမ်း နှေးကွေးနေပါတယ်။ အဲဒီ အခြေအနေက ယူကရိန်းကို ရေရှည် လက်နက်နဲ့ ငွေကြေးတွေ ထောက်ပံ့ရေး ကိစ္စအပေါ် အနောက်မဟာမိတ် နိုင်ငံကြီး တချို့အတွက် စိုးရိမ်မှုတွေ မြင့်တက်လာစေပါတယ်။

ဒီအတောအတွင်း ယူကရိန်း ကာကွယ်ရေး ဝန်ကြီးဌာနက ဇာပိုရစ်ဇီရာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲမှာ ယူကရိန်း အမှတ် ၁၂၈ တောင်တက် ချေမှုန်းရေး တပ်ရင်းရဲ့ တပ်ဖွဲ့ဝင် အများအပြား ကျဆုံးခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ စစ်သည် ဘယ်လောက် အသေအပျောက် ရှိခဲ့သလဲ ဆိုတာကို မကြေညာပေမယ့် ကြီးကြီးမားမား အဆုံးအရှုံးတွေ ကြုံခဲ့တယ်လို့ ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ကိယက်ဗ်မြို့တော်ကို အလည်အပတ် ရောက်ရှိနေတဲ့ ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လီယန်နဲ့ နိုဝင်ဘာ ၄ ရက်မှာ တွေ့ဆုံပြီးတဲ့နောက် ဇီလန်စကီးက အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲဆီ အားလုံးရဲ့ အာရုံတွေ ကူးပြောင်း ရောက်ရှိသွားတာ အရမ်းထင်ရှားနေပါတယ်လို့ ပြောကြားခဲ့ပါတယ်။

ရုရှားကလည်း အဲဒီလိုမျိုး ယူကရိန်း စစ်ပွဲအပေါ် စိတ်ဝင်စားမှုတွေ အားလျော့သွားတာကို အလိုချင်ဆုံးဖြစ်ကြောင်း သူက ဆိုပါတယ်။ တစ်ဖက်မှာလည်း အခြေအနေတိုင်းဟာ ယူကရိန်းအတွက် လက်လှမ်းမီတဲ့ အဆင့်မျိုးမှာ ရှိနေဆဲလို့ ဇီလန်စကီးက အခိုင်အမာ အာမခံခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ဖြစ်နေသလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ ဇီလန်စကီးက စစ်ပန်းလာတဲ့အခါ လူတိုင်းမှာ ကွဲပြားတဲ့ အမြင်တွေ ရှိလာတတ်ကြောင်း၊ ဒါပေမဲ့ စစ်ပွဲက အဖြေမပေါ်တဲ့ အဆင့်နဲ့ ရပ်တန့်နေတာမျိုးတော့ မဟုတ်ကြောင်း ဖြေကြားသွားပါတယ်။

လက်ရှိ အချိန်ထိ ရုရှားဟာ စစ်ပွဲမှာ ဝေဟင်စိုးမိုးမှု အရမ်းအသာစီး ရထားတာကို ဇီလန်စကီးက ဝန်ခံခဲ့ပြီး အဲဒီ အခြေအနေကို ပြောင်းလဲပစ်ဖို့အတွက် အမေရိကန်လုပ် F-16 တိုက်လေယာဉ်တွေနဲ့ ခေတ်မီ လေကြောင်းကာကွယ်ရေး စနစ်တွေ အပူတပြင်း လိုအပ်နေကြောင်း မှတ်ချက် ပေးသွားပါတယ်။

သူက ယူကရိန်း အစိုးရဟာ ရုရှားနဲ့ စေ့စပ်ညှိနှိုင်းပြီး စစ်ပြေငြိမ်းဖို့ ဖိအားပေး ခံရမှုတွေ ကြီးထွားလာနေကြောင်း သတင်းတွေကိုလည်း အတိအလင်း ငြင်းဆိုသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းက ဟင်းသီးဟင်းရွက်ရောင်းတဲ့ အရပ်သား စျေးသည်တစ်ယောက်ကို ရုရှား ထောက်လှမ်းရေး ဒရုန်းက အပျော်တမ်း အမဲလိုက်သလို ပုံစံမျိုးနဲ့ တိုက်ခိုက်ခဲ့တဲ့အပေါ် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

အကြီးစား တိုက်ခိုက်မှု တစ်ခုအတွက် ရုရှားက ပြင်ဆင်နေကြောင်း ယူကရိန်း သမ္မတက သတိပေးခဲ့ပြီး နောက်တစ်နေ့မှာပဲ ရုရှားက ယူကရိန်းအနှံ့ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားပိုင်နက်ထဲမှာ ဒရုန်းတိုက်ခိုက်မှုတွေ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်အောင် အထောက်အကူ ဖြစ်စေမယ့် jammerတွေ ထုတ်လုပ်ဖို့ မူပိုင်ခွင့်ကို ဗြိတိန်က ယူကရိန်းဆီ ပေးအပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။