Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လုပ်ကြံဖို့ ကြိုးစားမှု ၅ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီးပြီလို့ ယူကရိန်း သမ္မတပြော

ဩဂုတ်လတုန်းက ယူကရိန်း အာဏာပိုင်တွေဟာ ဇီလန်စကီးကို လုပ်ကြံနိုင်ရေးအတွက် ရုရှား ထောက်လှမ်းရေးကို သတင်းပေးခဲ့တယ်ဆိုတဲ့ ဒလန်တစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

လုပ်ကြံဖို့ ကြိုးစားမှု ၅ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီးပြီလို့ ယူကရိန်း သမ္မတပြော
လုပ်ကြံဖို့ ကြိုးစားမှု ၅ ကြိမ်ထက်မနည်း ကြုံခဲ့ဖူးပြီးပြီလို့ ယူကရိန်း သမ္မတပြော

သူ့ကို ရုရှားတွေ လုပ်ကြံဖို့ ကြိုးစားခဲ့တာ ဘယ်နှကြိမ်မှန်းတောင် မမှတ်မိတော့ဘူးလို့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောပါတယ်။

သေချာတာက အနည်းဆုံး ၅ ကြိမ် ၆ ကြိမ်လောက် ရုရှားတွေရဲ့ လုပ်ကြံမှုကနေ သူဟာ ရှင်သန် လွတ်မြောက်လာခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။ ဗြိတိန်ရဲ့ The Sun သတင်းဌာနနဲ့ အင်တာဗျူးမှာ ဇီလန်စကီးက အခုလို ပြောပြသွားတာပါ။

ရုရှားတပ်တွေက ယူကရိန်းကို စတင် ကျူးကျော်ခဲ့တဲ့နောက်ပိုင်း သူဟာ လုပ်ကြံဖို့ အားထုတ်မှုတွေနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရကြောင်း၊ ခဏခဏ ဖြစ်နေတော့ နောက်ပိုင်းမှာ ဒီကိစ္စမျိုးကို သိပ်တောင် အထိတ်တလန့် မဖြစ်တော့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ပထမဆုံးတစ်ကြိမ် ကြုံတွေ့ချိန်က ပိုပြီး စိတ်ဝင်စားစရာ ဖြစ်ခဲ့ကြောင်း၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ကိုဗစ်ရောဂါ တစ်ခါ ကူးစက်ခံရပြီး နောက်အကြိမ်တွေမှာ အေးအေးဆေးဆေး ဖြစ်သွားသလို ခံစားမိကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပိုင်း အကြိမ်တွေမှာတော့ သူ့ကို လုပ်ကြံဖို့ ရုရှားကနေ နောက်တစ်ဖွဲ့ ယူကရိန်းကို ခိုးဝင်လာပြန်ပြီဆိုတဲ့ ထောက်လှမ်းရေး အစီရင်ခံချက်တွေကို လုပ်ရိုးလုပ်စဉ်သဘော နားထောင်တာလောက်ပဲ ရှိတော့တယ်လို့လည်း ဇီလန်စကီးက ပြောပါတယ်။

ဩဂုတ်လတုန်းက ယူကရိန်း အာဏာပိုင်တွေဟာ ဇီလန်စကီးကို လုပ်ကြံနိုင်ရေးအတွက် ရုရှား ထောက်လှမ်းရေးကို သတင်းပေးခဲ့တယ်ဆိုတဲ့ ဒလန်တစ်ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။

ဇီလန်စကီးက ရုရှားအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက် ကြီးမားတဲ့ ကျူးကျော်စစ်ကြီးကို နှောင့်ယှက် ဟန့်တားခဲ့တဲ့ သူ့ကို လက်ရှိ နေရာက ဖယ်ရှားနိုင်ဖို့ အသည်းအသန် လိုလားနေတယ်လို့လည်း ဆိုပါတယ်။ ဇီလန်စကီးက ရုရှားမှာ Maidan 3ဆိုတဲ့ အော်ပရေးရှင်း တစ်ခုကို ကြံစည်နေတာရှိကြောင်း၊ မစ်ရှင်ရဲ့ ရည်မှန်းချက်က သူ့ကို လုပ်ကြံနိုင်တာမျိုး မဟုတ်ရင်တောင် နှစ်ကုန်ပိုင်း မတိုင်ခင် ရာထူးက ဖယ်ရှားနိုင်ဖို့ ဖြစ်နိုင်ကြောင်း ဇီလန်စကီးက ပြောကြားသွားခဲ့ပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ မျက်နှာစုံညီ တွေ့ဆုံချင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက အတိအလင်း တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

မြို့တော် ကိယက်ဗ် အပါအဝင် ယူကရိန်းရဲ့ မြို့ကြီးတချို့ကို ရုရှားက အကြီးစား လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အနည်းဆုံး ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။