Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

စစ်ပွဲအတွင်း ဂါဇာက အဆောက်အအုံ အားလုံးရဲ့ ထက်ဝက်ကျော် ပျက်စီး

လက်ရှိမှာတော့ အစ္စရေး တပ်တွေဟာ ခန်ယူနစ် မြို့လယ်၊ အထူးသဖြင့် လူနေဧရိယာတွေကို ဖိဖိစီးစီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသက် ၂၀ အရွယ် ပါလက်စတိုင်း စစ်ရှောင် တစ်ဦးက ပြောပါတယ်။

စစ်ပွဲအတွင်း ဂါဇာက အဆောက်အအုံ အားလုံးရဲ့ ထက်ဝက်ကျော် ပျက်စီး
စစ်ပွဲအတွင်း ဂါဇာက အဆောက်အအုံ အားလုံးရဲ့ ထက်ဝက်ကျော် ပျက်စီး

စစ်ပွဲကြောင့် ဂါဇာကမ်းမြှောင် ဒေသရဲ့ အဆောက်အအုံ စုစုပေါင်း တစ်ဝက်ကျော်ထိ ပျက်စီးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

BBC သတင်းဌာနက သုတေသနပြု လေ့လာထားမှုအရ ဒီဇင်ဘာလမှာ အစ္စရေးက ဂါဇာ အလယ်ပိုင်းနဲ့ တောင်ပိုင်း ဧရိယာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ သိသိသာသာ အရှိန်မြှင့်တင်လာချိန် ကတည်းက လူနေ ဧရိယာတွေ ထိခိုက်ပျက်စီးမှုဟာ မကြုံစဖူး အတိုင်းအတာမျိုးထိ များပြားလာတယ်လို့ သိရပါတယ်။

ဂါဇာအခြေစိုက် ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ရဲ့ ရန်စ တိုက်ခိုက်မှုကို တုံ့ပြန်ရင်း အောက်တိုဘာ ၇ ရက်မှာ စတင်ခဲ့တဲ့ စစ်ပွဲတလျှောက် အစ္စရေးဟာ အရပ်သား ဧရိယာတွေကိုပါ မရှောင်ဘဲ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုတွေ အလွန်အကျွံ အသုံးပြုခဲ့တာကြောင့် နိုင်ငံတကာ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

စစ်ပွဲရဲ့ အစောပိုင်း ကာလတွေမှာ ဂါဇာမြောက်ပိုင်းက အကြီးဆုံးမြို့ဖြစ်တဲ့ ဂါဇာစီးတီးကို အပြင်းအထန် တိုက်ခိုက်ခဲ့သလို လက်ရှိမှာလည်း ဂါဇာတောင်ပိုင်းရဲ့ မြို့တော် ခန်ယူနစ်ဟာ စစ်ဒဏ်ကို အလူးအလဲ ခံစားနေရပါတယ်။ ဂါဇာရဲ့ တစ်ချိန်က စည်ကားခဲ့ရာ မြို့ကြီးတွေဟာ အခုအခါမှာတော့ စစ်ဘေးသင့် အပျက်အစီးပုံကြီးတွေအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ပွဲကြောင့် ဂါဇာလူဦးရေ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကျော်နဲ့ ညီမျှတဲ့ လူပေါင်း ၁.၇ သန်းလောက်ဟာ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေကြရပါတယ်။ လူနေ ဧရိယာတွေသာ မကဘဲ ဂါဇာရဲ့ စိုက်ပျိုးမြေတွေနဲ့ အခြေခံ အဆောက်အအုံတွေ အပါအဝင် နေရာအများအပြားဟာ ပြန်နာလန်ထူဖို့ ခက်ခဲလောက်တဲ့အထိ ပျက်စီးကုန်တယ်လို့ BBCက ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။

ဂြိုဟ်တုကနေ ရိုက်ယူထားတဲ့ ဝေဟင် ဓာတ်ပုံတွေအရ ဂါဇာ ကမ်းမြှောင်ဒေသအနှံ့ အဆောက်အအုံ စုစုပေါင်း ၁၄၄၀၀၀ နဲ့ ၁၇၅၀၀၀ ကြားလောက်ဟာ ထိခိုက်ပျက်စီးတာ၊ ဒါမှမဟုတ် လုံးဝဥဿုံ ပြိုကျသွားတာတွေ ကြုံတွေ့ထားကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဒါဟာ ဂါဇာမှာရှိတဲ့ အဆောက်အအုံ အားလုံးရဲ့ ၅၀ ကနေ ၆၁ ရာခိုင်နှုန်းထိ အချိုးအစားလည်း ဖြစ်ပါတယ်။

လက်ရှိမှာတော့ အစ္စရေး တပ်တွေဟာ ခန်ယူနစ် မြို့လယ်၊ အထူးသဖြင့် လူနေဧရိယာတွေကို ဖိဖိစီးစီး ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ အသက် ၂၀ အရွယ် ပါလက်စတိုင်း စစ်ရှောင် တစ်ဦးက ပြောပါတယ်။ မြို့ထဲမှာ ပျက်စီးပြိုကျကုန်တဲ့ အဆောက်အအုံတွေထဲမှာ ကျောင်းတွေလည်း ပါဝင်ခဲ့တယ်လို့ အဲဒီ မိန်းကလေးက ဆိုပါတယ်။

အစ္စရေးကတော့ အရပ်သား ဧရိယာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အစဉ်တစိုက် ငြင်းဆိုခဲ့ပြီး ဟားမားစ်တွေကသာ ပါလက်စတိုင်း ပြည်သူတွေကို လူသားဒိုင်းအဖြစ် အသုံးချပြီး အရပ်သားတွေကြားမှာ စစ်အခြေစိုက် စခန်းတွေ ဖွင့်ထားတာလို့ တုံ့ပြန်ထားပါတယ်။ ဒါပေမဲ့လည်း ဂါဇာမှာ ဟားမားစ်တွေ ဆုတ်ခွာပေးလိုက်ရပြီး အစ္စရေးတပ်တွေ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားရာ နေရာတွေမှာရှိတဲ့ အဆောက်အအုံတွေ နောက်ဆက်တွဲ ဖျက်ဆီးခံရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့တော့ မေးခွန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

IAEAဟာ အရင်ကတည်းက ဇာပေါ့ရစ်ဇီရာ ဓာတ်အားပေးစက်ရုံ တိုက်ခိုက်ခံရနိုင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဖက်စလုံးကို အကြိမ်ကြိမ် သတိပေးခဲ့ဖူးပါတယ်။

နိုင်ငံတကာ

ICJဟာ နိုင်ငံတကာရေးရာ အငြင်းပွားမှုတွေမှာ ကြားဝင်ပြီး အဆုံးအဖြတ် ပေးနိုင်ပေမယ့်လည်း အဲဒီ စီရင်ချက်ကို အကောင်အထည် ဖော်ဖို့အတွက်တော့ အာဏာမရှိပါဘူး။