Connect with us

Hi, what are you looking for?

နိုင်ငံတကာ

⁨ဆိုးလ်မြို့ရဲ့ ပုံစံငယ်ကို ကင်မ်ဂျုံအန်း စစ်ဆေး၊ စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ မြောက်ကိုရီးယား စစ်တပ်ကို ညွှန်ကြား

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

⁨ဆိုးလ်မြို့ရဲ့ ပုံစံငယ်ကို ကင်မ်ဂျုံအန်း စစ်ဆေး၊ စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ မြောက်ကိုရီးယား စစ်တပ်ကို ညွှန်ကြား
⁨ဆိုးလ်မြို့ရဲ့ ပုံစံငယ်ကို ကင်မ်ဂျုံအန်း စစ်ဆေး၊ စစ်ပွဲအတွက် အသင့်ပြင်ထားဖို့ မြောက်ကိုရီးယား စစ်တပ်ကို ညွှန်ကြား

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တောင်ကိုရီးယားရဲ့မြို့တော် ဆိုးလ်ရဲ့ ပုံစံငယ်ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်လာရင် ရန်သူကို ချေမှုန်းနိုင်ရေး အသင့်တပ်လှန့် ပြင်ဆင်ထားဖို့ မြောက်ကိုရီးယား စစ်တပ်က ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

မြောက်ကိုရီးယား အစိုးရ မီဒီယာတွေက ဖော်ပြတဲ့ ဓာတ်ပုံတွေမှာတော့ ကင်မ်ဟာ အရွယ်အစား အတော်ကြီးမားအောင် အနုစိတ် ပုံစံတူ တည်ဆောက်ထားတဲ့ ဆိုးလ်မြို့ရဲ့ ပုံစံငယ်ကို စစ်ဆေး ကြည့်ရှုနေတာ တွေ့ရပါတယ်။ အဲဒီ ပုံစံငယ်ကိုတော့ ဓာတ်ပုံထဲမှာ ဖော်ပြမထားဘဲ ဆင်ဆာ ဖြတ်တောက်ထားပါတယ်။

အဲဒီ ပုံစံငယ်ကို ကင်ဂျုံအီလ် စစ်ရေးနဲ့ နိုင်ငံရေး တက္ကသိုလ်မှာ ထားရှိတာ ဖြစ်ပါတယ်။ ကင်မ်ဟာ ဆိုးလ်မြို့ရဲ့ ပုံစံငယ်အပြင် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း ဖြန့်ကျက်ထားတဲ့ တောင်ကိုရီးယား အခြေစိုက် စစ်စခန်းတွေရဲ့ ပုံစံငယ်တွေကိုပါ လေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ကင်မ်က မြောက်ကိုရီးယားဟာ စစ်ပြင်ဆင်မှုတွေမှာ ပိုမို အကျွမ်းတဝင်နဲ့ အသင့်အနေအထား ရှိနေဖို့ လိုအပ်ကြောင်း၊ ကိုရီးယား ကျွန်းဆွယ်ရဲ့ တင်းမာမှုတွေဟာ အစဉ်တစိုက် မြင့်တက်လာနေပြီး မြောက်ကိုရီးယား အနေနဲ့ ရန်စမှုတွေ ကြုံလာပြီ ဆိုတာနဲ့ တန်ပြန် တိုက်ခိုက်နိုင်အောင် ပြင်ဆင်ထားရမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ကင်မ်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မြောက်ကိုရီးယားကို စစ်ပွဲအတွက် ပြင်ဆင်ထားဖို့ မိန့်ခွန်းတွေ အကြိမ်ကြိမ် ပြောခဲ့တာကိုလည်း တွေ့ရပါတယ်။ လေ့လာသူတွေကတော့ ကင်မ်ဟာ အမေရိကန်၊ တောင်ကိုရီးယားတို့အပေါ် ရန်လိုတဲ့ သဘောထားတွေ ပိုမို ပြသလာနေပြီး ရုရှားနဲ့ ပိုမိုနီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာခြင်းကလည်း အဲဒီ အခြေအနေအပေါ် မီးစာဖြည့်ပေးနေတယ်လို့ သုံးသပ်ထားကြပါတယ်။

ကိုးကား: NK News⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

နောက်ထပ် မြောက်ကိုရီးယားစစ်သည် သောင်းနဲ့ချီ ထပ်မံခေါ်ယူနိုင်ဖို့ ရုရှားက ဆွေးနွေးနေကြောင်း သိရှိရပါတယ်။

ဆောင်းပါး

တကယ်တော့ ဒီစာက အိမ်နီးချင်းကောင်းပီပီ ထိုင်းနိုင်ငံကို ကြိုတင်သတိပေးနိုင်ဖို့ အထူးပြုရေးတဲ့စာပါ။လက်မ တင်လေးဖြစ်ဖြစ်၊ လက်တစ်လုံးအလိုဖြစ်ဖြစ် ကြိုပြီးအသိပေးနိုင်၊ သတိပေးနိုင်ရင် ဆုံးရှုံးနစ်နာမှုဘေးကနေ ရှောင်လွှဲနိုင်မယ် မဟုတ်လား။