Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကင်မ်ဂျုံအန်းကိုယ်တိုင် တင့်ကားတက်မောင်းခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာ ဖော်ပြ

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

ကင်မ်ဂျုံအန်းကိုယ်တိုင် တင့်ကားတက်မောင်းခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာ ဖော်ပြ
ကင်မ်ဂျုံအန်းကိုယ်တိုင် တင့်ကားတက်မောင်းခဲ့တယ်လို့ မြောက်ကိုရီးယား မီဒီယာ ဖော်ပြ

နိုင်ငံခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ တိုက်ခိုက်ရေး တင့်ကားကြီး တစီးကို ကိုယ်တိုင်တက်ပြီး မောင်းနှင်ကြည့်ခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

KCNA သတင်းဌာနရဲ့ ဖော်ပြချက်အရ အခုသီတင်းပတ်ထဲမှာ ကင်မ်ဟာ စစ်ရေးပြ အခမ်းအနား တစ်ခုကို တက်ရောက်ရင်း မြောက်ကိုရီးယားရဲ့ မျိုးဆက်သစ် တိုက်ခိုက်ရေး တင့်ကား တစ်စီးကို တက်မောင်းခဲ့တာလို့ သိရပါတယ်။

ကင်မ်ဟာ အဲဒီ တင့်ကားကို မောင်းနှင်ခဲ့တယ်လို့ KCNAက ဖော်ပြခဲ့ပေမယ့် ကိုယ်တိုင် ထိန်းချုပ်ခဲ့သလား၊ ဝင်ထိုင်ရုံပဲလား ဆိုတာကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။ တင့်ကားအသစ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်နဲ့ ပစ်အားတွေအပေါ် ခေါင်းဆောင်ကြီးက အင်မတန် နှစ်ထောင်းအားရ ကျေနပ်မှု ရှိခဲ့တယ်လို့လည်း KCNAက ဆိုပါတယ်။

ကင်မ်ဟာ သရုပ်တူ တိုက်ခိုက်မှု အစီအစဉ် တစ်ခုမှာ တင့်ကားကို ကိုယ်တိုင်မောင်းပြီး ရန်သူရဲ့ မြို့တော် တစ်ခုကို အောင်အောင်မြင်မြင် သိမ်းယူခဲ့ပုံကို အောင်အောင်မြင်မြင် လုပ်ဆောင်ခဲ့တာလို့ KCNAရဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

KCNAက ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာတော့ တင့်ကားကြီး တစီးရဲ့ အရှေ့ဖက် ခေါင်းပြူကြည့်တဲ့ အပေါက်ကနေ တစ်ဝက်လောက် ထွက်ပေါ်နေတဲ့ ကင်မ်ရဲ့ မျက်နှာကို တွေ့ရပါတယ်။

ကိုရီးယား ကျွန်းဆွယ်နားမှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မှု အစီအစဉ်ရဲ့ အဆုံးသတ် ကာလနဲ့ တိုက်ဆိုင်ပြီး မြောက်ကိုရီးယားရဲ့ တင့်ကား တပ်မတွေက လက်တွေ့ လေ့ကျင့်ခဲ့တာလည်း ဖြစ်ပါတယ်။ မြောက်ကိုရီးယားဟာ အဲဒီ မဟာမိတ်နှစ်နိုင်ငံ ပူးပေါင်း စစ်ရေးလေ့ကျင့်မှုတွေဟာ ကျူးကျော်စစ်အတွက် ပြင်ဆင်တာလို့ စွပ်စွဲပြီး ခါးသီးတဲ့ သဘောထားမျိုးနဲ့ တုံ့ပြန်လေ့ ရှိပါတယ်။

ကင်မ်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းကလည်း မြောက်ကိုရီးယား စစ်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ် လေ့ကျင့်မှု အစီအစဉ် တစ်ခုကို ကိုယ်တိုင် ကြီးမှူးခဲ့သေးကြောင်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကင်မ်က အဲဒီ တက္ကသိုလ်မှာ မြောက်ကိုရီးယား စစ်ဘက် အရာရှိတွေကို ခေတ်မီ စစ်ရေး မဟာဗျူဟာတွေ၊ နည်းပညာတွေနဲ့ အကျွမ်းတဝင် ရှိလာအောင် ဘယ်လို လေ့ကျင့် သင်ကြားပေးနေသလဲ ဆိုတာကိုလည်း စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

သတင်း

စစ်ကောင်စီက လက်နက်ကြီးများ ဒရုန်းများဖြင့် အဆမတန်ပစ်ခတ်ခြင်းကြောင့် ပြည်သူများ၏ အိုးအိမ်များလည်း ပျက်စီးနေရသည်ဟု PNLAက ထုတ်ပြန်သည်။

နိုင်ငံတကာ

မြောက်ကိုရီးယားဖက်က ထုတ်ပြန်တဲ့ ဓာတ်ပုံတွေမှာတော့ အနိမ့်ပျံနေတဲ့ ဒုံးကျည်တစ်စင်းဟာ ကမ်းရိုးတန်း တစ်နေရာမှာ တည်ဆောက်ထားတဲ့ ပစ်မှတ် အဆောက်အအုံဆီ ဦးတည်နေတာကို တွေ့ရပါတယ်။

နိုင်ငံတကာ

သူက ကုလသမဂ္ဂ လုံခြုံရေး ကောင်စီဟာ မြောက်ကိုရီးယားရဲ့ ဂြိုဟ်တု လွှတ်တင်မှုကို ရှုတ်ချဖို့ ဂိုဏ်းစတားဆန်ဆန် တစ်ဖက်သတ် တောင်းဆိုနေတဲ့ အမေရိကန်ကို လိုက်လျောလွန်းနေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။