Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတကို မက္ကဆီကို ပြည်သူတွေ မဲပေး ရွေးကောက်

ရှိန်ဘွမ်က သူဟာ အော့ဘရာဒို လက်ထက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ဆက်လက် ထိန်းသိမ်း ပျိုးထောင်ရင်း ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်လို့ မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတကို မက္ကဆီကို ပြည်သူတွေ မဲပေး ရွေးကောက်
နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတကို မက္ကဆီကို ပြည်သူတွေ မဲပေး ရွေးကောက်

မက္ကဆီကို နိုင်ငံသမိုင်းမှာ ပထမဆုံး အမျိုးသမီး သမ္မတအဖြစ် ကလော်ဒီယာ ရှိန်ဘွမ်က တာဝန်ယူခွင့် ရတော့မှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ရွေးကောက်ပွဲအတွက် အဓိက ပါတီကြီး နှစ်ခုစလုံးက သမ္မတလောင်းအဖြစ် အမျိုးသမီးတွေကို ရွေးချယ်ခဲ့ကြတာကြောင့် မက္ကဆီကိုဟာ ပထမဆုံး အမျိုးသမီး သမ္မတ တစ်ဦးကို တင်မြှောက်ခွင့်ရဖို့ သေချာနေခဲ့ပြီး ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်လာချိန်မှာတော့ အသက် ၆၁ နှစ် ရှိပြီဖြစ်တဲ့ မက္ကဆီကို စီးတီး မြို့တော်ဝန်ဟောင်း၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သိပ္ပံပညာရှင် ရှိန်ဘွမ်က သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရသွားခဲ့တာ ဖြစ်ပါတယ်။

မဲရလဒ်တွေကို အတိအကျ မကြေညာသေးပေမယ့် ရှိန်ဘွမ်ဟာ ထောက်ခံမဲ ပမာဏ ၅၈ ကနေ ၆၀ ရာခိုင်နှုန်းကြား ရရှိဖို့ သေချာနေတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုခဲ့ပါတယ်။ သူ့ရဲ့ အဓိက စိန်ခေါ်သူ အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ရှိုချစ်တဲလ် ဂျဲလ်ဗက်ဇ်ကတော့ မဲပမာဏ ၃၀ ရာခိုင်နှုန်းလောက်ကိုသာ စုဆောင်းနိုင်ခဲ့ပါတယ်။

ရွေးကောက်ပွဲ ရလဒ်ကို အတည်ပြု ကြေညာပြီးတဲ့နောက် ရှိန်ဘွမ်က သူ့အပေါ် အားပေး ထောက်ခံသူတွေကို လုံးဝ စိတ်မပျက်စေရဘူးလို့ ထပ်မံ ကတိပေးခဲ့ပါတယ်။ သူဟာ ရာထူးသက်တမ်းစေ့လို့ ရာထူးက နုတ်ထွက်မယ့် သမ္မတ လိုပက်ဇ် အော့ဘရာဒိုရဲ့ နေရာမှာ အောက်တိုဘာလ ၁ ရက်နေ့က စပြီး ဆက်ခံ တာဝန်ယူသွားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အော့ဘရာဒိုဟာ ရှိန်ဘွမ်ရဲ့ လက်ရင်းဆရာလို့လည်း ပြောနိုင်ပြီး အခုရွေးကောက်ပွဲမှာ ရှိန်ဘွမ်ကို အပြည့်အဝ ထောက်ခံခဲ့ပါတယ်။ မက္ကဆီကိုရဲ့ ဖွဲ့စည်းပုံ ဥပဒေတွေအရ သမ္မတ တစ်ဦးဟာ ဒုတိယ သက်တမ်း ရွေးကောက် ခံပိုင်ခွင့် မရှိဘဲ ရာထူးသက်တမ်း ၆ နှစ်စေ့ရင် နုတ်ထွက်ပေးရပါတယ်။

ရှိန်ဘွမ်က သူဟာ အော့ဘရာဒို လက်ထက်မှာ ရရှိခဲ့တဲ့ တိုးတက်မှုတွေကို ဆက်လက် ထိန်းသိမ်း ပျိုးထောင်ရင်း ပိုမိုကောင်းမွန်အောင် ကြိုးစားသွားမယ်လို့ မဲဆွယ်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၂၀၀ လောက်အတွင်း မက္ကဆီကိုဟာ ပထမဆုံး အမျိုးသမီး သမ္မတ တစ်ဦးကို တင်မြှောက်ခွင့် ရတော့မှာဖြစ်ပြီး အဲဒီနေရာကို သူက ဂုဏ်ယူစွာနဲ့ တာဝန်ယူမှာ ဖြစ်ကြောင်း၊ သူ့ရဲ့ အောင်ပွဲဟာ တစ်ဦးတည်းအတွက် မဟုတ်ဘဲ အမျိုးသမီးထု တစ်ရပ်လုံးနဲ့ သက်ဆိုင်တယ်လို့ ယုံကြည်ကြောင်း ရှိန်ဘွမ်က ဆိုပါတယ်။

ရှိန်ဘွမ်က ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တယ် ဆိုတာကို ကြည်ကြည်သာသာ လက်ခံခဲ့တဲ့ ပြိုင်ဘက် ဂျဲလ်ဗက်ဇ်ရဲ့ ဖြောင့်မတ် မှန်ကန်မှု အတွက်လည်း ကျေးဇူးတင်တယ်လို့ ပြောပါတယ်။ ရှိန်ဘွမ်ဟာ မက္ကဆီကို နိုင်ငံမှာ အရေးအကြီးဆုံး နိုင်ငံရေး ရာထူးတစ်ခုဖြစ်တဲ့ မက္ကဆီကို စီးတီး မြို့တော်ဝန် တာဝန်ကို အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ခဲ့ခြင်းကလည်း သူ့အပေါ် လူထုယုံကြည်မှုကို ပိုမို ရရှိစေခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။ သူဟာ အဲဒီရာထူးမှာ ၂၀၁၈ ကနေ ၂၀၂၃ ထိ တာဝန်ယူခဲ့ပြီးတဲ့နောက် သမ္မတလောင်း အနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တောင်ကိုရီးမှာ ၂၀၁၇ ခုနှစ်တုန်းကလည်း သမ္မတ ပက်ခ်ဂွမ်ဟေးဟာ အဂတိ လိုက်စားမှု စွပ်စွဲချက် အရှုပ်အထွေးတွေကြောင့် လွှတ်တော်ရဲ့ စွပ်စွဲပြစ်တင်မှုကို ခံခဲ့ရပြီး နောက်ဆက်တွဲအဖြစ် ရာထူးကနေ ဖယ်ရှား ခံခဲ့ရပါတယ်။

သတင်း

▪︎“ပြည်သူလူထုရဲ့အောင်မြင်မှုကြီးဖြစ်သလို အကြမ်းဖက်စစ်အုပ်စုရဲ့ ရင်ညွှန့်ကို ဖနောင့်နဲ့ ပေါက်ကန်ထုတ်တာ ခံရတဲ့ အနေအထားလည်းဖြစ်တယ်” - NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်

သတင်း

ဒဏ်ရာရသူ လေးဦးလည်းရှိပြီး ခြေချောင်းလေးချောင်းပြတ်သွားသူနဲ့ တံ​ထောင်စစ်အောက်နေ လက်ပြတ်သွားသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတကာ

အတိုက်အခံ ဒီမိုကရက်တစ် ပါတီက တခြားပါတီငယ်တွေကိုပါ စည်းရုံးနိုင်မယ်ဆိုရင် အမတ်နေရာ ၁၉၂ ခုစာ မဲတွေကို ရရှိထားမှာ ဖြစ်ပါတယ်။