Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပစ်ခတ်မှုနဲ့ ကြုံခဲ့တဲ့နောက် သမ္မတ ရာထူးဟာ အမြဲတမ်း အန္တရာယ်များကြောင်း ထရမ့်ပြော

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

သူတက်ရောက်မယ့် ညစာစားပွဲမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သူရွေးချယ်ထားတဲ့ ဘဝမှာ စွန့်စားရတာ၊ အန္တရာယ် ကြုံတာတွေ ရှိနိုင်တာကို သိထားကြောင်း ပြောကြားခဲ့ပါတယ်။

ဧပြီ ၂၅ ရက်နေ့တုန်းက ဝါရှင်တန်ဒီစီမြို့ရဲ့ ဝါရှင်တန် ဟီလ်တန် ဟိုတယ်မှာ အိမ်ဖြူတော် သတင်းထောက်များအဖွဲ့ (WHCA)အတွက် အိမ်ဖြူတော်က နှစ်စဉ် ပြုလုပ်ပေးတဲ့ ညစာစားပွဲ အစီအစဉ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ထရမ့်က မိန့်ခွန်းပြောဖို့ စီစဉ်ထားတဲ့ ဟိုတယ် ညစာစားပွဲ အဓိက ခန်းမဆောင် အဝင်မှာရှိတဲ့ လုံခြုံရေး စစ်ဆေးတဲ့ နေရာမှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့နောက် ထရမ့်၊ သမ္မတကတော် မယ်လာနီယာ ထရမ့်၊ ဒုတိယ သမ္မတ ဂျိမ်းစ် ဒေးဗစ် ဗန့်စ်၊ အမေရိကန် အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေကို အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ အဲဒီ ဖြစ်စဉ်မှာ ထရမ့်တို့ ဇနီးမောင်နှံ၊ ဗန့်စ်နဲ့ တခြားအရာရှိတွေ ထိခိုက်မှု မရှိခဲ့ကြောင်း အမေရိကန် လျှို့ဝှက် ထောက်လှမ်းရေး အေးဂျင့်အဖွဲ့က ပြောပါတယ်။

သံသယ တရားခံဟာ ဟိုတယ်မှာ တည်းခိုနေခဲ့သူ ကယ်လီဖိုးနီးယား ပြည်နယ်သား အသက် ၃၁ နှစ်အရွယ် ကိုးလ် တိုမက်စ် အလန်လို့ အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။ သူဟာ ပြောင်းတိုသေနတ်၊ ပစ္စတိုတစ်လက်နဲ့ ဘက်စုံသုံး ဓားတချို့ကို ယူဆောင်လာပြီး တိုက်ခိုက်မှု ကျူးလွန်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

သူဟာ လုံခြုံရေး အရာရှိ တစ်ယောက်ကို ပစ်ခတ်ခဲ့ပေမယ့် ကျည်ကာအင်္ကျီ ဝတ်ထားတာကြောင့် ဆိုးဆိုးရွားရွားတော့ ဒဏ်ရာ ရမသွားခဲ့ဘူးလို့ သိရပါတယ်။ အလန်ကိုလည်း လျှို့ဝှက် အေးဂျင့်အဖွဲ့က လက်ရ ဝိုင်းဖမ်းနိုင်ခဲ့ပါတယ်။ သံသယ တရားခံကို သေနတ်ကျည်ဆန် ထိမှန်တာမျိုး မဟုတ်ပေမယ့် ဆေးရုံကို ခေါ်ဆောင်သွားတယ်လို့ ကနဦး ထုတ်ပြန်ချက်တွေမှာ ပါရှိခဲ့ပါတယ်။

အလန်ရဲ့ ပြစ်မှုကျူးလွန်တဲ့ ရည်ရွယ်ချက်ကို တိတိကျကျ မသိရသေးပေမယ့် ထရမ့်ကို ပစ်မှတ်ထားခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ထရမ့်ကတော့ အမေရိကန် သမ္မတ ဆိုတာဟာ နိုင်ငံရေး အယူအဆကို အခြေခံတဲ့ တိုက်ခိုက်မှုတွေသာ မကဘဲ အကြမ်းဖက် ရန်လိုမှု ပုံစံ အားလုံးကို စိုးရိမ်နေရတာ ဖြစ်တယ်လို့ ပြောပါတယ်။ သူက အမေရိကန် သမ္မတ အားလုံးရဲ့ ၅.၈ ရာခိုင်နှုန်းလောက်ဟာ သေနတ်နဲ့ အပစ်ခံရဖူးတဲ့ မှတ်တမ်း ရှိတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေး ဝန်ကြီးချုပ် (သမ္မတ) နေရာကို ရယူတယ် ဆိုတာကိုက အန္တရာယ်တွေ ဝိုင်းနေပြီး စွန့်စားရတော့မယ်ဆိုတဲ့ အဓိပ္ပါယ် ဖြစ်ကြောင်း၊ သမ္မတ နေရာထက် ပိုပြီး အန္တရာယ်ပေါတဲ့ ပရော်ဖက်ရှင်နယ် အလုပ်အကိုင်မျိုး များများစားစား ရှိမယ်မထင်ကြောင်း ထရမ့်က မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်က နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုသာ ဒီအခြေအနေတွေကို ကြိုပြောခဲ့မယ်ဆိုရင် သူလည်း သမ္မတနေရာအတွက် ဝင်မပြိုင်ဖြစ်လောက်ဘူးလို့လည်း အရွှန်းဖောက်ခဲ့ပါသေးတယ်။ ရူဘီရိုဟာ ၂၀၁၆ ခုနှစ်တုန်းက ရီပတ်ဘလစ်ကန် ကိုယ်စားပြု သမ္မတလောင်း နေရာအတွက် ယှဉ်ပြိုင်ခဲ့ဖူးပေမယ့် ထရမ့်ကပဲ အနိုင်ရသွားခဲ့ပါတယ်။

ပစ်ခတ်မှုအပြီး WHCAရဲ့ နှစ်ပတ်လည် ညစာစားပွဲ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ရပြီး လာမယ့် ရက်ပေါင်း ၃၀ အတွင်း ပြန်လည် ကျင်းပဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

အလန်ကတော့ လက်နက်ကိုင် ရန်လိုတိုက်ခိုက်မှု၊ တရားဥပဒေ စိုးမိုးရေး ဝန်ထမ်းတစ်ဦးကို ဒဏ်ရာရစေမှုတွေအတွက် ကနဦး စွဲချက်တင် ခံထားရပြီး သူ့အပေါ် စွပ်စွဲချက်တွေ ဒီထက်လည်း တိုးလာနိုင်ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Getty Images, AP, Reuters

#ထရမ့်

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။