Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားကို ပူတင်သွားရောက်မယ်လို့ အတည်ပြု

နောက်ဆုံးအကြိမ် ရုရှားမှာ နှစ်ဦး တွေ့ဆုံခဲ့တုန်းက ပူတင်ဟာ မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာနိုင်ကြောင်း အရိပ်အမြွက် မှတ်ချက် ပေးခဲ့ဖူးပြီး ကင်မ်ကလည်း ယူကရိန်း စစ်ပွဲကို အနိုင်ရစေဖို့ ရုရှားအတွက် ဆန္ဒပြုပေးခဲ့ဖူးပါတယ်။

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားကို ပူတင်သွားရောက်မယ်လို့ အတည်ပြု
၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားကို ပူတင်သွားရောက်မယ်လို့ အတည်ပြု

၂၄ နှစ်အတွင်း ပထမဆုံးအကြိမ် မြောက်ကိုရီးယားကို အလည်အပတ် သွားရောက်မယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အတည်ပြုခဲ့ပါတယ်။

သူဟာ ဇွန်လ ၁၈ ရက်နေ့မှာ ပြုံယမ်းကို ရောက်ရှိပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ရုရှား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ ခေါင်းဆောင်နှစ်ဦးဟာ မနှစ်က စက်တင်ဘာလတုန်းက ရုရှားရဲ့ ဗလာဒီဗိုစတော့ခ်မြို့မှာ လူချင်း တွေ့ဖြစ်ခဲ့ကြပါသေးတယ်။

ဒါပေမဲ့ ပူတင်က ပြုံယမ်းမြေကို သွားရောက် ခြေချမယ် ဆိုတာကတော့ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်လာခဲ့ပါတယ်။ မြောက်ကိုရီးယားဟာ တရုတ်ရဲ့ အရင်းနှီးဆုံး မဟာမိတ်အဖြစ် နှစ်ရှည်လများ ရပ်တည်ခဲ့ပြီး ရုရှားနဲ့ ခပ်ကင်းကင်း ရှိခဲ့ရာက ယူကရိန်း စစ်ပွဲနောက်ပိုင်းမှာတော့ နိုင်ငံတကာ အပယ်ခံ ခေါင်းဆောင်နှစ်ယောက်ကြား ဆက်ဆံရေး ပိုမို နီးစပ် နွေးထွေးလာခဲ့ပါတယ်။

အမေရိကန်က မြောက်ကိုရီးယားနဲ့ ရုရှားကြား ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်လာနိုင်ခြေအတွက် စိုးရိမ်ကြောင်း ပြောပါတယ်။ အမေရိကန်က မြောက်ကိုရီးယားဟာ ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ စစ်လက်နက် အသစ်တွေကို ရုရှားအတွက် ထောက်ပံ့လာနိုင်တယ်လို့ စွပ်စွဲထားသလို အဲဒီလုပ်ရပ်ဟာ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ အရေးယူမှုတွေအပေါ် အတိအလင်း ကျူးလွန် ချိုးဖောက်မှု ဖြစ်လာမယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ဖက်ကတော့ ပူတင်ရဲ့ ပြုံယမ်း ခရီးစဉ်ဟာ ချစ်ကြည်ရေး နိုင်ငံတော် ခရီးစဉ် တစ်ခုသာ ဖြစ်တယ်လို့ ထုတ်ပြန်ပြီး အမေရိကန်ရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ မသိမသာ ပြက်ရယ်ပြုသွားခဲ့ပါတယ်။

ပူတင်ရဲ့ ပြုံယမ်း ခရီးစဉ်အတွင်း အိမ်ရှင်နိုင်ငံက ကင်မ်အီလ်ဆွန် ရင်ပြင်မှာ တခမ်းတနား ဂုဏ်ပြုဧည့်ခံ ကြိုဆိုဖွယ် ရှိပါတယ်။ ရုရှားမီဒီယာတွေရဲ့ ဖော်ပြချက်အရ နှစ်နိုင်ငံ ခေါင်းဆောင်တွေဟာ လုံခြုံရေး ကဏ္ဍ အပါအဝင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု စာချုပ်တစ်ခုကို လက်မှတ် ရေးထိုးသွားမယ်လို့လည်း သိရပါတယ်။

ပူတင်ဟာ ၂၀၁၉ ခုနှစ်တုန်းက တရုတ်သမ္မတ ရှီကျင့်ဖျင် ပြုံယမ်းကို အလည်အပတ် ရောက်ရှိစဉ်မှာ တည်းခိုခဲ့တဲ့ ကွမ်ဆူဆန် နိုင်ငံတော် ဧည့်ဂေဟာမှာပဲ နေထိုင်မယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။ ပူတင်ရဲ့ နှစ်ရက်ကြာ ခရီးစဉ်မှာ ကာကွယ်ရေး ဝန်ကြီးအသစ် အန်ဒရီ ဘီလူဆော့ဗ်၊ နိုင်ငံခြားရေး ဝန်ကြီး ဆာဂျီ လက်ဗ်ရော့ဗ်၊ ဒုတိယ ဝန်ကြီးချုပ် အလက်ဇန္ဒား နိုဗက်ခ်တို့လည်း ခြံရံ လိုက်ပါလာဖွယ် ရှိပါတယ်။

နောက်ဆုံးအကြိမ် ရုရှားမှာ နှစ်ဦး တွေ့ဆုံခဲ့တုန်းက ပူတင်ဟာ မြောက်ကိုရီးယားနဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာနိုင်ကြောင်း အရိပ်အမြွက် မှတ်ချက် ပေးခဲ့ဖူးပြီး ကင်မ်ကလည်း ယူကရိန်း စစ်ပွဲကို အနိုင်ရစေဖို့ ရုရှားအတွက် ဆန္ဒပြုပေးခဲ့ဖူးပါတယ်။

ကိုးကား: BBC⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။