Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် သမ္မတ ပြန်ဖြစ်လာရင် ဆွေးနွေးမှုတွေ ပြန်စဖို့ ကင်မ်ဂျုံအန်း လိုလားနေတယ်လို့ဆို

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်မှာ သမ္မတ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်စဖို့ ကင်မ်ဂျုံအန်းက လိုလားနေတယ်လို့ မြောက်ကိုရီးယား ပြည်ပြေး သံအရာရှိ တစ်ဦးက ပြောပါတယ်။

ဒေါ်နယ်လ်ထရမ့်သာ အမေရိကန်မှာ သမ္မတ ပြန်ဖြစ်လာခဲ့မယ်ဆိုရင် နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှုတွေ ပြန်စဖို့ ကင်မ်ဂျုံအန်းက လိုလားနေတယ်လို့ မြောက်ကိုရီးယား ပြည်ပြေး သံအရာရှိ တစ်ဦးက ပြောပါတယ်။

ရီအီဂျူလ်ဟာ ကျူးဘားကနေ ထွက်ပြေးပြီး တောင်ကိုရီးယားဖက်ကို ခိုလှုံလာတဲ့ မြောက်ကိုရီးယား ထိပ်တန်း သံအရာရှိ တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ ဘက်ပြောင်း ခိုလှုံမှုဟာ ကိုရီးယား နှစ်နိုင်ငံကြားမှာ ဟိုးလေးတကျော်ကျော် ကိစ္စ ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၁၆ နောက်ပိုင်း မြောက်ကိုရီးယားကနေ တောင်ပိုင်း ပြိုင်ဘက် နိုင်ငံဆီ ခိုလှုံ ရောက်ရှိလာတဲ့ ရာထူးအမြင့်ဆုံး သံအရာရှိပါ။

ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ရုရှားနဲ့ ဆက်ဆံရေးကို သိသိသာသာ မြှင့်တင်ခဲ့တဲ့ ကင်မ်ဟာ ထရမ့်သာ အမေရိကန် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့မယ်ဆိုရင် တစ်ချိန်က မအောင်မြင်၊ မပြီးပြတ်ခဲ့တဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး ဆွေးနွေးမှု လမ်းကြောင်းဆီ ပြန်သွားဖို့ မျှော်လင့်နေတယ်လို့ ရီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ ရည်မှန်းချက်ကို အကောင်အထည် ဖော်ဖို့အတွက် ပြုံယမ်းမှာရှိတဲ့ သံတမန် အသိုက်အဝန်းဟာ အစီအမံတွေကိုတောင် ကြိုတင် ရေးဆွဲနေခဲ့ပြီး ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

၂၀၁၉ တုန်းက အမေရိကန် သမ္မတအဖြစ် ရှိနေခဲ့တဲ့ ထရမ့်ဟာ ကင်မ်နဲ့ နှစ်ကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ဖူးပေမယ့် ဗီယက်နမ်က ထိပ်သီးတွေ့ဆုံပွဲ အပြီးမှာတော့ သဘောတူညီမှု အသစ်တွေ မရခဲ့သလို ဆွေးနွေးပွဲ ပျက်ပြယ်သွားခဲ့ပါတယ်။ ရီက အဲဒီလို အမှားအယွင်း ကြုံခဲ့တဲ့ အဓိက အကြောင်းရင်း တစ်ခုအဖြစ် ကင်မ်ဟာ နျူကလီးယား ရေးရာ မူဝါဒတွေမှာ အတွေ့အကြုံ မရှိ၊ အရည်အချင်း မပြည့်ဝတဲ့ စစ်ဘက် အရာရှိတွေကို ယုံကြည် အပ်နှံ တာဝန်ပေးခဲ့မိတာကြောင့်လို့ ဝေဖန်သွားခဲ့ပါတယ်။

နောက်ပြီး ကင်မ်ကိုယ်တိုင်ကလည်း နိုင်ငံတကာ ဆက်ဆံရေးနဲ့ သံတမန် ရေးရာတွေကို သေချာ မသိသလို မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်တွေ ဘယ်လို ချမှတ်ရသလဲ ဆိုတာကို နားမလည်ဘူးလို့ သူက ပြောပါတယ်။

တကယ်လို့ ထရမ့်သာ ၄ နှစ်အကြာမှာ သမ္မတ ပြန်ဖြစ်လာပြီး ဆွေးနွေးမှုနဲ့ ပတ်သက်လို့ ဘာမှ ထူးထူးခြားခြား တိုးတက်မှု လမ်းစတွေ မမြင်ဘူးဆိုရင် မြောက်ကိုရီးယားကို တင်းတင်းမာမာ ကျပ်ကျပ်တည်းတည်း ဖိအားပေးတာတွေ လုပ်လာလိမ့်မယ်လို့လည်း ရီက မှတ်ချက်ပေးသွားပါတယ်။

ရုရှားနဲ့ ဆက်ဆံရေးကို မြှင့်တင်နိုင်ခြင်းကြောင့် မြောက်ကိုရီးယားဟာ ဒုံးကျည် နည်းပညာနဲ့ စီးပွားရေးဆိုင်ရာ အထောက်အပံ့တွေတော့ ရလာခဲ့ကြောင်း၊ ဒါပေမဲ့လည်း အမေရိကန်ရဲ့ ပိုမို တိုးမြှင့်လာမယ့် အရေးယူ ပိတ်ဆို့မှုတွေဟာ အဲဒီ အထောက်အပံ့တွေက ပေးစွမ်းနိုင်တဲ့ အသက်ရှူပေါက်ကို လွယ်လွယ်လေး ပိတ်ပစ်လိုက်နိုင်ကြောင်းလည်း ရီက သတိပေး ပြောကြားသွားပါတယ်။

ကိုးကား: Reuters⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။