Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ဖို့ ဩစတြေးလျ စီစဉ်နေ

ဩစတြေးလျဟာ အသက် ၁၆ နှစ်အောက် လူငယ်တွေအတွက် လူမှုကွန်ရက် မီဒီယာတွေ သုံးစွဲခွင့်ကို ပိတ်ပင်သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။

၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ဖို့ ဩစတြေးလျ စီစဉ်နေ
၁၆ နှစ်အောက် လူငယ်တွေ လူမှုကွန်ရက် သုံးစွဲခွင့် ပိတ်ပင်ဖို့ ဩစတြေးလျ စီစဉ်နေ

အဲဒီ ပိတ်ပင်မှု ဥပဒေ မူကြမ်းကို လာမယ့် သီတင်းပတ်ကျရင် လွှတ်တော်မှာ တင်သွင်းသွားမယ်လို့ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က ပြောပါတယ်။ သူက အဲဒီ ခြေလှမ်းသစ်ဟာ တစ်ကမ္ဘာလုံး လိုက်နာကျင့်သုံးတဲ့ စံနမူနကောင်းတစ်ခု ဖြစ်လာဖို့ပါ မျှော်လင့်ထားကြောင်းလည်း ဆိုပါတယ်။

လူမှုကွန်ရက်တွေက ဩစတြေးလျ ကလေးငယ်တွေအပေါ် သက်ရောက်တဲ့ ဆိုးကျိုးတွေကို ဖယ်ရှားဖို့ ရည်ရွယ်ပြီး ဒီဥပဒေကြမ်းကို အဆိုပြုခဲ့တာလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ဥပဒေကြမ်းရဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမယ့် လက်ရှိ လူမှုကွန်ရက် သုံးစွဲနေနှင့်ပြီးသား လူငယ်တွေကိုတော့ သက်ရောက်မှု မရှိနိုင်လောက်ဘူးလို့ အစိုးရက မှတ်ချက် ပေးထားပါတယ်။

ဥပဒေကို လက်တွေ့ အထမြောက်စေမယ်ဆိုရင် ဩစတြေးလျမှာ အဲဒီအသက်ကန့်သတ်ချက်နဲ့အညီ လူမှုကွန်ရက် မီဒီယာတွေဖက်ကလည်း လိုအပ်တဲ့ အဆင့်တွေ ဖြည့်တင်းပေးရမှာ ဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဥပဒေ ချိုးဖောက်တဲ့ သူတွေကို ပြစ်ဒဏ်စီရင် ချမှတ်တာမျိုးတွေ လုပ်ဆောင်ဖို့ အစီအစဉ် မရှိပေမယ့် ဥပဒေ အာဏာတည်အောင် ဥရောပရဲ့ အီလက်ထရောနစ် လုံခြုံရေး ကော်မရှင်က ဦးစီး ကြီးကြပ်ရမယ်လို့ ဆိုပါတယ်။

လေ့လာစောင့်ကြည့်သူတွေ၊ ပညာရှင်တွေ အများအပြားက လူမှုကွန်ရက် ပလက်ဖောင်းတွေဟာ မြီးကောင်ပေါက် အရွယ်တွေရဲ့ စိတ်ကျန်းမာရေး အခြေအနေတွေကို ဆိုးကျိုး သက်ရောက်စေတယ်လို့ လက်ခံထားပါတယ်။

ဒါပေမဲ့ တစ်ဖက်မှာလည်း Facebook၊ TikTok၊ Instagramစတဲ့ လူမှုကွန်ရက် မီဒီယာတွေနဲ့ လူငယ်တွေ ထိတွေ့ခွင့်ကို စောစောစီးစီး ပိတ်ပင်ခြင်းဟာ မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်စေနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ အဲဒီအစား ရှုပ်ထွေးတဲ့ အွန်လိုင်းသုံးစွဲမှု အခြေအနေတွေကို လူငယ်တွေ လိုက်လျောညီထွေနိုင်အောင် ပဲ့ပင်လမ်းညွှန်ပေးတာမျိုး ပိုဖြစ်သင့်တယ်လို့ တချို့က ဆိုပါတယ်။

အရင်ကလည်း လူငယ်တွေ လူမှုကွန်ရက် သုံးစွဲမှုကို ပိတ်ပင်ဖို့ ဥရောပ သမဂ္ဂ (EU)က ကြိုးစားခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့သလို နည်းပညာ လုပ်ငန်းတွေဖက်က အပြင်းအထန် ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရဖူးပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အွန်လိုင်း ငွေလိမ်ဂိုဏ်း (ကျားဖြန့်)တွေရဲ့ ကြော်ငြာတွေကို စိစစ်တားမြစ်ပေးဖို့ ပျက်ကွက်တဲ့အတွက် လူမှုကွန်ရက် မီဒီယာ Facebookရဲ့ မိခင်ကုမ္ပဏီ Metaကို တရားစွဲဆိုဖို့ ထိုင်းအာဏာပိုင်တွေက ပြင်ဆင်နေပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရေယာဉ် တိုက်ခိုက်ခံရမှုအပြီး အသက်ရှင် လွတ်မြောက်ခဲ့တဲ့ ထိုင်းသင်္ဘောသား တစ်ဦးရဲ့ ဓာတ်ပုံကို ရယ်စရာသဘော ပုံညွှန်းစာနဲ့ လူမှုကွန်ရက်ပေါ် မျှဝေခဲ့တဲ့ လုပ်ရပ်အပေါ် တောင်အာဖရိက နိုင်ငံဆိုင်ရာ အီရန်သံရုံးက ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။