Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပါကစ္စတန်မှာ ခရီးသည် ယာဉ်တန်းကို သေနတ်သမားတွေ ပစ်ခတ်၊ ၄၀ ကျော်သေဆုံး

ပါကစ္စတန် နိုင်ငံမှာ ခရီးသည်တွေ အများအပြား လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ပါကစ္စတန် နိုင်ငံမှာ ခရီးသည်တွေ အများအပြား လိုက်ပါလာတဲ့ ယာဉ်တန်းတစ်ခုကို သေနတ်သမားတွေက ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတွေ၊ ကလေးတွေ အပါအဝင် လူပေါင်း ၄၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်နေ့တုန်းက စုစုပေါင်း လူ ၂၀၀ ကျော် စီးနင်းလိုက်ပါလာတဲ့ ယာဉ်တန်းဟာ ကာရမ်ပြည်နယ်ထဲက သစ်တော ထူထပ်ရာ ဧရိယာ တစ်ခုကို ဖြတ်သန်းတဲ့အချိန် တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနေရာဟာ အာဖဂန်နစ္စတန် နိုင်ငံ နယ်စပ်နဲ့လည်း နီးကပ်ပါတယ်။

တိုက်ခိုက်မှုကြောင့် လူ ၄၁ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ ရဲတပ်ဖွဲ့က ကြေညာပါတယ်။ သေနတ်သမားတွေဟာ ကနဦးမှာ ယာဉ်တန်းကို လုံခြုံရေး ခြံရံ လိုက်ပါလာတဲ့ ရဲတွေကို တိုက်ခိုက်ခဲ့ပြီး အဲဒီနောက် အရပ်သားတွေကိုပါ ပစ်မှတ်ထားခဲ့တာလို့ ဆိုပါတယ်။

ကာရမ်မှာ ပြီးခဲ့တဲ့ လတွေအတွင်း အကြမ်းဖက် ရန်လိုမှုတွေ မြင့်တက်လာတဲ့ အခြေအနေကြောင့် ခရီးသည်တွေဟာ လူစုပြီး ခရီးသွားရသလို ရဲတွေက လုံခြုံရေး လိုက်ပါ စောင့်ကြပ်ပေးနေရပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ နာဒင်မ် အက်စ်လမ် ချောင်ဟရီက ကြေကွဲစရာ ဖြစ်ရပ်ဆိုးမျိုး ကြုံတွေ့ခဲ့တာလို့ ပြောကြားခဲ့ပြီး အသေအပျောက်ဟာ လက်ရှိ စာရင်းရထားတာထက် ပိုများလာနိုင်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။

ပစ်ခတ်မှုတွေဟာ မိနစ်အနည်းငယ်လောက် ကြာခဲ့ပြီး သေနတ်သံတွေ တိတ်ဆိတ်သွားတဲ့နောက် လမ်းပေါ်မှာ သွေးအလူးလူးနဲ့ ရုပ်အလောင်းတွေ လဲနေတာကို တွေ့ခဲ့တယ်လို့ မျက်မြင် တစ်ယောက်က ပြောပါတယ်။ သေနတ်သမားတွေဟာ စုစုပေါင်း ၁၀ ယောက်လောက် ရှိနိုင်ပြီး လမ်းပေါ်မှာ မြင်သမျှကို ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့လည်း သူက ဆိုပါတယ်။

အဲဒီ ယာဉ်တန်းပေါ် လိုက်ပါလာသူ အများစုဟာ ရှီးဟိုက်မွတ်ဆလင်တွေ ဖြစ်တယ်လို့ ကနဦး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အာဖဂန်နဲ့ ပါကစ္စတန်နယ်စပ် ဝေးလံသီခေါင်တဲ့ ကျေးလက်ဒေသတွေမှာ ဆွန်နီနဲ့ ရှီးဟိုက် မွတ်ဆလင်တွေကြား သွေးချောင်းစီး ပဋိပက္ခတွေ အခုနှစ်ထဲမှာ မကြာခဏ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဒေသခံ ကောင်စီတစ်ခုက ကြားဝင် ညှိနှိုင်းပေးတဲ့ အပစ်အခတ် ရပ်စဲရေး အစီအစဉ်ကြောင့် နှစ်ဖက် လက်နက်ကိုင် အဖွဲ့တွေကြား တိုက်ခိုက်မှုတွေ အချိန်ကာလ တစ်ခုထိ ရပ်ဆိုင်းနေခဲ့ပါတယ်။

အဲဒီနောက် ပြီးခဲ့တဲ့လက ခရီးသည်တင် ယာဉ်တစ်စီးကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတစ်ခု ပြန်လည် စတင်လာပြီး လူ ၁၅ ဦး သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၂၁ ရက်နေ့တုန်းက ယာဉ်တန်းကို တိုက်ခိုက်မှုဟာ ဘယ်အဖွဲ့အစည်း လက်ချက်လဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

ကာရမ်ဒေသဟာ အိုင်အက်စ်၊ တီဟက်ခ်အီတာလီဘန် ပါကစ္စတန်တို့လို ရှီးဟိုက်ဆန့်ကျင်ရေး အစွန်းရောက် စစ်သွေးကြွ အဖွဲ့အစည်းတချို့ အခြေချ လှုပ်ရှားနေတဲ့ နယ်မြေတစ်ခုလည်း ဖြစ်ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန်ရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ လာဟိုးမှာ သမိုင်းတလျှောက် အဆိုးဆုံး စာရင်းဝင် လေထုညစ်ညမ်းမှုတွေ ကြုံနေပြီး ကျောင်းတချို့ကို ပိတ်ထားဖို့၊ တတ်နိုင်သမျှ ရုံးမသွားဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားရပါတယ်။

နိုင်ငံတကာ

ဘာလိုချီစတန်က ဆိပ်ကမ်း တိုက်ခိုက်မှုမှာတော့ ပါကစ္စတန် အခြေစိုက် BLA ခွဲထွက်ရေး ပြောက်ကျားတွေက ကျူးလွန်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုတွေအတွင်း BLA တပ်ဖွဲ့ဝင် ၈ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲအတွက် လူကြိုက်အများဆုံး ရေပန်းစားသူ တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း အင်မ်ရန်ခန်းကလည်း ၂၀၂၄ ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့် တားမြစ် ခံထားရပြီး သူက နိုင်ငံရေးအရ လုပ်ကြံတာလို့ စွပ်စွဲခဲ့တဲ့ စွဲချက်တွေနဲ့ ထောင်ဒဏ် ချမှတ် ခံထားရပါတယ်။

နိုင်ငံတကာ

စစ်ရဟတ်ယာဉ် တစ်စီးဟာ ကေဘယ်လ်ကားနားထိ ကြိုးကြိုးစားစား ချဉ်းကပ်ပြီး ကလေးငယ် ၁ ဦးကို ကယ်ထုတ်နိုင်ခဲ့သလို ကျန်တဲ့သူတွေကိုတော့ မြေပြင် အဖွဲ့သားတွေက နာရီပေါင်း အတော်ကြာမှာ ချောချောမောမော ကယ်ဆယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Facebook