Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရစ်ချ်တာစကေး ၇.၃ ငလျင်ကြောင့် ဗန်နူရာတူမှာ အသေအပျောက်နဲ့ ထိခိုက်ပျက်စီးမှုတွေ ကြုံတွေ့

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေး ဗန်နူရာတူရဲ့ ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သလို ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

ပစိဖိတ် သမုဒ္ဒရာထဲက ကျွန်းနိုင်ငံငယ်လေး ဗန်နူရာတူရဲ့ ကမ်းလွန်မှာ ရစ်ချ်တာစကေး ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြီးကြီးမားမား ဖြစ်ပေါ်ခဲ့သလို ဆူနာမီ ရေလှိုင်း အန္တရာယ် သတိပေးချက်တွေပါ ထုတ်ပြန်ခဲ့ရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ ငလျင်ဟာ ပင်လယ်ရေမျက်နှာပြင်အောက် ၅၇.၁ ကီလိုမီတာထိ နက်နက်ရှိုင်းရှိုင်း ဗဟိုပြုခဲ့တာတောင်မှ မြေမျက်နှာပြင်ပေါ်မှာ အတော်ပြင်းထန်တဲ့ သက်ရောက်မှုမျိုး ကြုံခဲ့တာ ဖြစ်ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံ တော်တော်များများ ပျက်စီးပြိုကျခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက် ညပိုင်းထိ အသေအပျောက် ၆ ဦး စာရင်းရထားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ မြို့တော် ပို့တ်ဗီလာရဲ့ အနောက်ဖက် ၃၀ ကီလိုမီတာလောက် အကွာမှာ ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ပြောပါတယ်။

ထိခိုက်ပျက်စီးမှုတွေ ဖြစ်ပေါ်တဲ့ထဲမှာ နိုင်ငံခြား သံရုံးတချို့လည်း ပါဝင်ခဲ့ပါတယ်။ ပို့တ်ဗီလာမှာရှိတဲ့ အမေရိကန် သံရုံးလေး အတော်လေး ပျက်စီးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဗန်နူရာတူ အစိုးရပိုင် VBTC ရုပ်မြင်သံကြား ဌာနဟာ ငလျင်ကြောင့် နေရာအနှံ့ ထိခိုက်ပျက်စီးနေတဲ့ အဆောက်အအုံတွေ၊ မော်တော်ယာဉ်တွေ၊ လမ်းတွေကို ပြသခဲ့ပါတယ်။ ပြီးတော့ အပျက်အစီးတွေအောက် ပိတ်မိနေသူ တစ်ယောက်ရဲ့ ပုံရိပ်တွေကိုလည်း တွေ့ခဲ့ရပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီဟာ ငလျင်နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက် ထုတ်ပြန်ခဲ့ပေမယ့် နာရီပိုင်း အကြာမှာ ပြန်ရုပ်သိမ်းခဲ့ပါတယ်။ ပြီးတော့ ပို့တ်ဗီလာ ကမ်းရိုးတန်းကို ၂၅ စင်တီမီတာလောက် အမြင့်ရှိတဲ့ အသေးစား လှိုင်းတွေ ရိုက်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုငလျင်ဟာ ဩစတြေးလျနဲ့ ပစိဖိတ် ရေအောက် ပြတ်ရွေ့ကျောက်လွှာချပ်ကြီးတွေ တွေ့ဆုံတဲ့ နေရာမှာ ဖြစ်ပွားခဲ့တာပါ။ အဲဒီဧရိယာဟာ ကမ္ဘာပေါ်မှာ ငလျင်လှုပ်ခတ်မှုတွေ အများဆုံး ဖြစ်လေ့ရှိတဲ့ နေရာတွေထဲမှာ ပါဝင်ပါတယ်။

အဲဒီနေရာမှာ လှုပ်ခတ်ဖူးသမျှ အပြင်းဆုံး ငလျင်ကတော့ ၁၉၅၀ ပြည့်နှစ်တုန်းကဖြစ်ပြီး ပို့တ်ဗီလာရဲ့ အနောက်တောင်ဖက် ၈၆ ကီလိုမီတာ အကွာကို ဗဟိုပြုပြီး ရစ်ချ်တာစကေး ၇.၉ အဆင့်ထိ အားပြင်းခဲ့ကြောင်း သိရပါတယ်။

ကိုးကား: Telegraph

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။