Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိဘက်မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်း ငလျင်ကြောင့် လူ ၅၀ ကျော် သေဆုံး

တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံရဲ့ တောင်ထူထပ်ရာ တိဘက်ကုန်းမြင့် ဒေသမှာ အင်အားပြင်း ငလျင်တစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် လူ ၅၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဇန်နဝါရီ ၇ ရက်နေ့ တိဘက်ရဲ့ ရှီဇန်ခရိုင်ထဲမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် သေဆုံးသူ ၅၃ ဦးထက်မနည်း စာရင်းရထားပြီး ၆၂ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ကယ်ဆယ်ရေးတွေက ပြောပါတယ်။ ငလျင်ဟာ ရစ်ချ်တာစကေး ၇.၁ အဆင့်ထိ အားပြင်းခဲ့ပြီး မြေမျက်နှာပြင်အောက် ၁၀ ကီလိုမီတာလောက်အကွာ မြေတိမ်ပိုင်းကို ဗဟိုပြုခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုလည်း ပိုမို များပြားခဲ့ပါတယ်။

ငလျင်ကြီး အပြီးမှာ နောက်ဆက်တွဲ ငလျင်ငယ်တွေ လှုပ်ရှားမှုကိုပါ တိုင်းတာ ရရှိခဲ့တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီကလည်း ထုတ်ပြန်ခဲ့ပါတယ်။ ငလျင်လှုပ်ခတ်မှုကို အိမ်နီးချင်း အိန္ဒိယနဲ့ နီပေါ နိုင်ငံတွေကပါ သက်ရောက် ခံစားခဲ့ရပါတယ်။

ရှီဂတ်ဆီနဲ့ တင်ဂရီတို့လို မြို့တွေဟာ ငလျင်ဒဏ်ကို အဓိက သက်ရောက် ခံစားခဲ့ရပြီး လောလောဆယ် ဓာတ်အားနဲ့ ရေအထောက်အပံ့ ပြတ်တောက်မှုတွေ ဖြစ်ပေါ်နေပါတယ်။ ကယ်ဆယ်ရေးတွေက အပျက်အစီးတွေအောက်မှာ အသက်ရှင်လျက် ပိတ်မိနေသူတွေ ရှိသလား ဆိုတာကို အပူတပြင်း လိုက်လံ ရှာဖွေနေပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ တင်ဂရီမှာတော့ အပူချိန်ဟာ အနုတ် ၈ ဒီဂရီ ဆဲလ်ဆီးရပ်စ်ထိ ကျဆင်းနေပြီး ညပိုင်းဆိုရင် အနုတ် ၁၈-ဒီဂရီ ဆဲလ်ဆီးရပ်ထိ ရောက်ရှိသွားလေ့ ရှိပါတယ်။ ငလျင်ကြောင့် ဓာတ်အားလိုင်းတွေ ပြတ်တောက်ပြီး အပူပေး စနစ်တွေ သုံးလို့မရတာက ဒေသခံတွေအတွက် အခက်အခဲတွေ ကြုံတွေ့လာစေဖွယ် ရှိနေပါတယ်။

တရုတ် အစိုးရ မီဒီယာတွေမှာတော့ ငလျင်ပြင်းအားကို အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီက ဖော်ပြတဲ့ ရစ်ချ်တာစကေး ၇.၁ အဆင့်ထက် လျှော့ချပြီး ၆.၈ လို့ သတ်မှတ်ထားသလို အိမ်ခြေ ၁၀၀၀ ကျော် ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ အိန္ဒိယ မြောက်ပိုင်းနဲ့ နီပေါနိုင်ငံတို့ ထိစပ်ရာ ဧရိယာဟာ မြေအောက်မှာရှိတဲ့ အိန္ဒိယ၊ ယူရေးရှား ပြတ်ရွေ့ကျောက်ချပ်တွေ လှုပ်ရှား ပွတ်တိုက်မှုတွေကြောင့် အားပြင်းတဲ့ ငလျင်တွေ ရံဖန်ရံခါ လှုပ်ခတ်လေ့ ရှိပါတယ်။

၂၀၁၅ ခုနှစ်တုန်းက ခန္တမန္ဒူ မြို့နားမှာ ရစ်ချ်တာစကေး ၇.၈ အဆင့် ငလျင်ကြီး လှုပ်ခတ်မှုကြောင့် လူ ၉၀၀၀ လောက်သေဆုံးခဲ့ပြီး နီပေါနိုင်ငံ သမိုင်းမှာ အဆိုးဆုံး ငလျင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

၂၀၀၈ ခုနှစ်တုန်းက တရုတ်မှာ လှုပ်ခတ်ခဲ့တဲ့ ဆီချွမ် ငလျင်ဟာလည်း ရစ်ချ်တာစကေး ၈.၀ အဆင့်လောက်ထိ ပြင်းထန်ခဲ့ပြီး အသေအပျောက် ၈၇၀၀၀ ကျော်လောက်ထိ များပြားခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။