Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးဘားကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းက ပယ်ဖျက်ပေးမယ်လို့ အမေရိကန်ပြော

ကျူးဘားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ထားမှုကနေ ဖယ်ရှားပေးသွားမယ်လို့ အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

ကျူးဘားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် စာရင်းသွင်း သတ်မှတ်ထားမှုကနေ ဖယ်ရှားပေးသွားမယ်လို့ အမေရိကန် အစိုးရက ပြောကြားခဲ့ပါတယ်။

သမ္မတ ဂျိုးဘိုင်ဒန်ဟာ အကျဉ်းသား လွတ်မြောက်ရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် စစ်အေးခေတ် ခါးသီးရန်ဘက် ဖြစ်ခဲ့ဖူးတဲ့ ကျူးဘားနိုင်ငံကို အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းကနေ ပယ်ဖျက်ပေးဖို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၁၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ကျူးဘားက အမျိုးမျိုးသော ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ အကျဉ်းသား ၅၅၃ ဦးကို လွှတ်ပေးမယ်လို့ ကြေညာပြီး မကြာခင်မှာပဲ အိမ်ဖြူတော် ထုတ်ပြန်ချက် ထွက်ပေါ်လာပါတယ်။ အဲဒီထဲမှာ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံရသူတွေ အများအပြား ပါဝင်လာမယ်လို့ ယုံကြည်ရပါတယ်။

အမေရိကန်မှာ ဒေါ်နယ်လ်ထရမ့်က သမ္မတအဖြစ် ပထမ ၄ နှစ်သက်တမ်း တာဝန်ယူနေချိန် အတောအတွင်း သူ့ရဲ့ ရာထူးသက်တမ်း နောက်ဆုံးနေ့တွေအတွင်း ၂၀၂၁ ခုနှစ်မှာ ကျူးဘားကို အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ အကျိုးဆက်အဖြစ် ကျူးဘားဆီ အမေရိကန်ရဲ့ စီးပွားရေးနဲ့ လက်နက်ရောင်းချမှု အားလုံးကို ပိတ်ပင်ပြီး ဖြစ်သွားစေပါတယ်။

Public Service Announcement

Public Service Announcement

ဘိုင်ဒန်ရဲ့ အစိုးရကတော့ ရှည်လျားပြီး အသေးစိတ်ကျတဲ့ ဆန်းစစ်မှုတွေ အပြီးမှာတော့ ကျူးဘားဟာ အကြမ်းဖက်အားပေး နိုင်ငံအဖြစ် သတ်မှတ်ခံရထိုက်ကြောင်း တိကျတဲ့ အချက်အလက်မျိုး ရှိမနေဘူးလို့ ယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်ရဲ့ ဆုံးဖြတ်ချက်မှာ ကန့်သတ်ချက်တွေ ရှိနေသေးတဲ့တိုင် မှန်ကန်တဲ့ ခြေလှမ်းတစ်ခုလို့ ကျူးဘားက မှတ်ချက်ပေးခဲ့ပါတယ်။ ဒါဟာ နိုင်ထက်စီးနင်းဆန်တဲ့ သတ်မှတ်ချက် တချို့ကို အဆုံးသတ်စေခဲ့ကြောင်း၊ ဒါပေမဲ့ ကျူးဘားရဲ့ စီးပွားရေးနဲ့ ပြည်သူအများအပြားကို ထိခိုက်နစ်နာစေတဲ့ အမေရိကန်ရဲ့ နောက်ထပ် ကန့်သတ် ပိတ်ပင်မှုတွေ အများကြီး ရှိနေသေးကြောင်း ကျူးဘား နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ကျူးဘား အစိုးရက ကက်သလစ် ကျောင်းတော်ရဲ့ ကြားဝင် စေ့စပ်ပေးမှုကို လက်ခံပြီး အကျဉ်းသားတွေကို တစ်သုတ်ချင်း ပြန်လွှတ်ပေးသွားမယ်လို့လည်း သီးခြား ကြေညာခဲ့ပါတယ်။

ကျူးဘားဟာ မြောက်ကိုရီးယား၊ ဆီးရီးယား၊ အီရန်တို့နဲ့အတူ အမေရိကန်က သတ်မှတ်တဲ့ အကြမ်းဖက်အားပေး နိုင်ငံတွေ စာရင်းထဲမှာ ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။