Connect with us

Hi, what are you looking for?

နိုင်ငံတကာ

WHOကနေ အမေရိကန် နုတ်ထွက်တဲ့ အမိန့်ကို ထရမ့် လက်မှတ်ရေးထိုး

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ အမေရိကန် နုတ်ထွက်မယ့် အထူးအမိန့် တစ်ရပ်ကို ဒေါ်နယ်လ်ထရမ့်က သူသမ္မတ ဖြစ်လာတဲ့ နေ့မှာပဲ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ အမေရိကန် နုတ်ထွက်မယ့် အထူးအမိန့် တစ်ရပ်ကို ဒေါ်နယ်လ်ထရမ့်က သူသမ္မတ ဖြစ်လာတဲ့ နေ့မှာပဲ လက်မှတ် ရေးထိုးလိုက်ပါတယ်။

ထရမ့်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့မှာ အမေရိကန်ရဲ့ ၄၇ ယောက်မြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် အထူးအမိန့်တွေကို ဆက်တိုက် လက်မှတ် ရေးထိုးနေတာ ဖြစ်ပါတယ်။ သူဟာ ပထမအကြိမ် သမ္မတအဖြစ် တာဝန်ယူခဲ့ပြီး ကိုဗစ်ကပ်ရောဂါ ဂယက်နဲ့ ရုန်းကန်နေရတဲ့ ကာလတွေမှာ ကတည်းက WHOကနေ အမေရိကန် နုတ်ထွက်စေခဲ့ဖူးပါတယ်။

အခု နောက်တစ်ကြိမ် WHOကနေ အမေရိကန် ထွက်ခွာမယ့် အမိန့်က အိမ်ဖြူတော်မှာ သူ့ရဲ့ရှေ့ကို ရောက်လာတဲ့အချိန် ထရမ့်က ဒီအမိန့်ဟာ တော်တော်ကြီးကြီးမားမား ကိစ္စမျိုး ဖြစ်တယ်လို့ လှမ်းပြောခဲ့ပြီးမှ လက်မှတ်ရေးထိုးလိုက်ပါတယ်။

ထရမ့်ဟာ ကပ်ရောဂါ ကာလအတွင်း WHOရဲ့ စီမံခန့်ခွဲပုံတွေကို အပြင်းအထန် ဝေဖန်ခဲ့ပြီး ကုသလမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ကျန်းမာရေး အဖွဲ့အစည်းကြီးနဲ့ ပတ်သက်လို့ လုံးဝ အယုံအကြည် မရှိကြောင်း ပြောကြားထားပါတယ်။ ထရမ့်ရဲ့ ပထမအကြိမ် သမ္မတသက်တမ်း အပြီးမှာတော့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က WHOဆီ ပြန်လည် ပူးပေါင်းခဲ့ပါတယ်။ အခုနောက်တစ်ခါ ထရမ့်က WHOကနေ အမေရိကန်ကို ထွက်ခွာစေခဲ့ပြန်တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ဟာ ကျမ်းသစ္စာ ကျိန်ဆိုပွဲအပြီး အိမ်ဖြူတော်ကို ပြန်ရောက်လာချိန် ကတည်းက သူ့ရဲ့ ဒုတိယအကြိမ် သမ္မတသက်တမ်း ပထမဆုံးနေ့မှာ အထူးအမိန့်တွေကို ဆက်တိုက် လက်မှတ်ထိုးနေခဲ့တာ ဖြစ်ပါတယ်။ ထရမ့်ဟာ ပါရီ ရာသီဥတု ထိန်းသိမ်းရေး ညီလာခံ သဘောတူညီမှုတွေကနေ အမေရိကန် နုတ်ထွက်မယ့် အမိန့်၊ အမေရိကန်ရောက် ရွှေ့ပြောင်းလုပ်သားတွေရဲ့ ကလေးငယ်တွေကို အလိုအလျောက် နိုင်ငံသား သတ်မှတ်မှုကို ပယ်ဖျက်တဲ့ အမိန့်၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေကို တင်းကျပ်တဲ့ အမိန့်တွေ အပါအဝင် အထူး အမိန့်တွေကို ဆက်တိုက် လက်မှတ် ရေးထိုးနေခဲ့တာ ဖြစ်ပါတယ်။

WHOကနေ ထွက်ခွာတဲ့ အမိန့်ကို လက်မှတ်ရေးထိုးပြီးတဲ့ အချိန်မှာတော့ ထရမ့်က WHOဟာ အမေရိကန်ကို အသည်းအသန် ပြန်လိုချင်နေကြောင်း၊ ဘာတွေ ဆက်ဖြစ်မလဲ ဆိုတာကို စောင့်ကြည့်ရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဒါဟာ နောင်တစ်ချိန်မှာ အမေရိကန်က WHOနဲ့ ပြန်ပူးပေါင်းဖို့ လမ်းဖွင့်ပေးတဲ့ အဓိပ္ပါယ်လား ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။

ထရမ့်က WHOကနေ အမေရိကန် နုတ်ထွက်ရတဲ့ နောက်ထပ် အကြောင်းပြချက် တစ်ခုဟာ အမေရိကန် အနေနဲ့ အဖွဲ့အစည်း ရန်ပုံငွေတွေကို မမျှမတ ပေးဆောင်နေရတယ်လို့ ယုံကြည်တာကြောင့် ဖြစ်တယ်လို့လည်း ပြောပါတယ်။

ဘိုင်ဒန် လက်ထက်တုန်းက အမေရိကန်ဟာ WHOရဲ့ ရန်ပုံငွေ အများဆုံး ထောက်ပံ့သူ နိုင်ငံအဖြစ် ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း WHOရဲ့ တစ်နှစ်တာ အသုံးစရိတ် ဒေါ်လာ ၆.၈ ဘီလီယံထဲက ငါးပုံတစ်ပုံကို ထည့်ဝင်ပေးခဲ့ကြောင်း သိရပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှုတွေမှာ ကတည်းက သူသမ္မတဖြစ်လာရင် WHOကနေ နုတ်ထွက်မယ် ဆိုတာကို အတိအလင်း ကြိုတင် ပြောဆိုထားခဲ့ပြီး ကျန်းမာရေး ပညာရှင်တွေကတော့ အဲဒီ ဆုံးဖြတ်ချက်ဟာ နိုင်ငံရဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍအပေါ် ရိုက်ခတ်မှုတွေ ဖြစ်လာနိုင်ကြောင်း ဝေဖန် သတိပေးထားခဲ့ကြပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နီပါဗိုင်းရပ်စ် ကူးစက်မှုတွေဟာ အိန္ဒိယနိုင်ငံရဲ့ ပိုင်နက်ပြင်ပဆီ ရောက်လာဖို့ အလားအလာ အရမ်းနည်းပါးနေဆဲလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ဆီကနေ အမေရိကန် နုတ်ထွက်မှုဟာ လုပ်ထုံးလုပ်နည်းအားလုံး ပြီးစီးခဲ့ပြီလို့ သိရပါတယ်။

နိုင်ငံတကာ

စက်တင်ဘာ-၂၄၊၂၀၂၅။People’s Spring အကိုက်အခဲပျောက်ဆေးကြောင့် ကလေးတွေမှာ လူမှုဆက်ဆံရေး ဖွံ့ဖြိုးမှု မူမမှန်တဲ့ အော်တစ်ဇင် ရောဂါရနိုင်တယ်ဆိုတဲ့အယူအဆကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)၊ ဥရောပသမဂ္ဂ (EU)နဲ့ ဗြိတိန် ကျန်းမာရေးအေဂျင်စီတို့ကပယ်ချခဲ့ပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ ကလေးငယ်တွေမှာ Tylenol ဆေးဝါးကို သုံးစွဲခြင်းက အော်တစ်ဇင်...

နိုင်ငံတကာ

အာဖဂန် နစ္စတန်က ငလျင်ဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ အမျိုးသမီး ကျန်းမာရေး ဝန်ထမ်းတွေ၊ ကျွမ်းကျင်ပညာရှင်တွေကို လွတ်လွတ်လပ်လပ် ပါဝင်ခွင့်ပေးဖို့ တာလီဘန် အာဏာပိုင်တွေကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က တိုက်တွန်း တောင်းဆိုထားပါတယ်။

Facebook