Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း မပါတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတိုင်းရဲ့ ရလဒ်ကို လက်မခံနိုင်ကြောင်း ယူကရိန်း သမ္မတပြော

ယူကရိန်း ပါဝင်ခြင်း မရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ်မှန်သမျှကို ယူကရိန်းက လက်ခံမှာ မဟုတ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

ယူကရိန်း ပါဝင်ခြင်း မရှိတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ်မှန်သမျှကို ယူကရိန်းက လက်ခံမှာ မဟုတ်ကြောင်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ပြောကြားလိုက်ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရုရှား သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် ရုရှားနဲ့ ယူကရိန်းကြားက စစ်ပွဲရပ်ဆိုင်းရေး ကိစ္စ အလေးအနက် ညှိနှိုင်းမှုတွေ စတင်တော့မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးကတော့ ယူကရိန်း မြေပေါ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမယ့် ဘယ်လိုကိစ္စမဆို ယူကရိန်း မပါလို့ မရကြောင်း သတိပေးခဲ့ပါတယ်။

လွတ်လပ်တဲ့ အချုပ်အခြာ အာဏာပိုင် နိုင်ငံတစ်ခု အနေနဲ့ ယူကရိန်းဟာ ကိုယ်စားပြု ပါဝင်ခွင့် မရတဲ့ ဘယ်လို ငြိမ်းချမ်းရေး ဆွေးနွေးမှု ရလဒ်ကိုမှ လက်ခံမှာ မဟုတ်ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

ထရမ့်ကတော့ ပူတင်နဲ့ ဖုန်းဆက် ဆွေးနွေးမှုဟာ အပြုသဘော ဆောင်ခဲ့တယ်လို့ ပြောကြားခဲ့သလို ငြိမ်းချမ်းရေး ဆွေးနွေးမှုဆိုင်ရာ သဘောတူညီမှု အလားအလာတွေကို ထုတ်ပြောခဲ့ပါတယ်။ အဲဒီထဲမှာတော့ ယူကရိန်းအတွက် နာကျင်စရာ ဖြစ်စေမယ့် ယူကရိန်း နယ်မြေတချို့ကို ရုရှားဆီ လွှဲပေးဖို့၊ NATO စစ်မဟာမိတ် အဖွဲ့ထဲ ယူကရိန်း ဝင်ရောက်မှုကို အမေရိကန်က မထောက်ခံဖို့ ဆိုတာတွေ ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး အမေရိကန်နဲ့ ရုရှား ကိုယ်စားလှယ်တွေဟာ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့၊ လုံခြုံရေး ညီလာခံ တစ်ခုမှာ ညှိနှိုင်းမှုတွေ အစပြုလိမ့်မယ်လို့လည်း ထရမ့်က ပြောပါတယ်။

ဇီလန်စကီးရဲ့ အကြံပေး အရာရှိ ဒီမစ်ထရို လစ်ထ်ဗင်းကတော့ ဂျာမနီမှာ ယူကရိန်းနဲ့ ရုရှားတို့ ဆွေးနွေးဖြစ်မယ့် အလားအလာ မရှိဘူးလို့ သတင်းထောက်တွေကို ပြောကြားထားပါတယ်။ တစ်ဖက်မှာတော့ ဇီလန်စကီးဟာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်နဲ့ တွေ့ဆုံသွားဖို့လည်း ရှိနေပါတယ်။

ထရမ့်ဟာ ပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ဇီလန်စကီးနဲ့လည်း သီးသန့် ဖုန်းပြောခဲ့ပါတယ်။ ထရမ့်နဲ့ ဖုန်းပြောခဲ့တာဟာ အဓိပ္ပါယ် ပြည့်ဝတဲ့ ဆွေးနွေးမှု ဖြစ်ခဲ့ကြောင်း၊ ထရမ့်ကလည်း ပူတင်နဲ့ ဘာတွေ ပြောဆိုခဲ့သလဲ ဆိုတာကို ပွင့်ပွင့်လင်းလင်း အသိပေးခဲ့ကြောင်း ဇီလန်စကီးက ဆိုပါတယ်။

လတ်တလောမှာတော့ ယူကရိန်းရဲ့ ဥရောပ မဟာမိတ် နိုင်ငံတွေကလည်း စစ်ရပ်စဲရေးအတွက် ယူကရိန်းအပေါ် အတင်းအကျပ် ဖိအားပေး လိုက်လျောခိုင်းမယ့် အခြေအနေတိုင်းကို ဆန့်ကျင်ကြောင်း ပြောကြားထားပြီး တကယ်တမ်း စစ်ပွဲကို ရပ်ဆိုင်းစေမယ့် သဘောတူညီမှုတိုင်းမှာ ယူကရိန်းရဲ့ အနာဂတ် လုံခြုံရေးကို ပီပီပြင်ပြင် အကာအကွယ် ပေးနိုင်မယ့် အာမခံချက်မျိုး လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ဂျာမနီ အစိုးရကတော့ အမေရိကန်ဟာ အခုကတည်းက ရုရှားအပေါ် လွန်ကဲတဲ့ လိုက်လျောမှုတွေ ရှိနေတာကို မြင်ရလို့ စိတ်ပျက်မိကြောင်း ဝေဖန်ထားပါတယ်။ အလားတူ ဥရောပ သမဂ္ဂရဲ့ နိုင်ငံခြားရေး မူဝါဒဆိုင်ရာ အကြီးအကဲ ကာဂျာကဲလက်စ်ကလည်း ရုရှားဖြစ်ချင်တဲ့ အခြေအနေ အားလုံးကို လိုက်လျောပေးတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်ဆွေးနွေးမှုတိုင်းကို ခွင့်မပြုသင့်ကြောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

လူထုရဲ့ ဝေဖန် ဆန္ဒပြမှုတွေ အရှိန်အဟုန် မြင့်တက်လာတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးဟာ စစ်ဦးစီးချုပ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပါတယ်။

နိုင်ငံတကာ

ပြည်တွင်းမှာ လူကြိုက်များတဲ့ ကာကွယ်ရေး ဝန်ကြီးကို ထုတ်ပယ်ခဲ့တဲ့ သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ဆုံးဖြတ်ချက်အပေါ် ယူကရိန်း ပြည်သူတွေက ဆန္ဒပြကြပါတယ်။

နိုင်ငံတကာ

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအတွက် ချီးမြှင့်ထားတဲ့ နိုင်ငံရဲ့ အမြင့်ဆုံး ဂုဏ်ပြုဆုကို ပိုလန်က ပြန်လည် ရုပ်သိမ်းလိုက်ပါတယ်။