Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စစ်ပွဲကို အမေရိကန် လိုချင်ရင် တရုတ်က အသင့်ရှိတယ်ဆိုတဲ့ မှတ်ချက်ကို တရုတ်သံရုံးက လူမှုကွန်ရက်ပေါ် မျှဝေ

အမေရိကန်က ဆန္ဒရှိတယ်ဆိုရင် ကုန်သွယ်ရေး စစ်ပွဲသာ မကဘဲ ဘယ်လို စစ်ပွဲမျိုးကိုမဆို ဆင်နွှဲဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန်က ဆန္ဒရှိတယ်ဆိုရင် ကုန်သွယ်ရေး စစ်ပွဲသာ မကဘဲ ဘယ်လို စစ်ပွဲမျိုးကိုမဆို ဆင်နွှဲဖို့ အသင့်ရှိကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားခဲ့ပါတယ်။

တရုတ် သံရုံးရဲ့ X လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တရုတ် အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ လင်ကျန်း ရေးသားထားတဲ့ ပို့စ်တစ်ခုကို ပြန်လည် ဝေမျှထားခဲ့တာ ဖြစ်ပါတယ်။ အဲဒီ ပို့စ်ထဲမှာတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တရုတ် သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် ကောက်ခံတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လင်က ဝေဖန်ထားခဲ့ပါတယ်။

ထရမ့်က အမေရိကန် နိုင်ငံဆီ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ ဝင်ရောက်မှုကို ထိထိရောက်ရောက် တားဆီးဖို့ ပျက်ကွက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခု သီတင်းပတ်ထဲမှာ တရုတ် သွင်းကုန် တချို့အပေါ် အခွန် ၂၀ ရာခိုင်နှုန်း မြှင့်တင် ကောက်ခံမယ်ဆိုတာ ကြေညာခဲ့ပါတယ်။ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေဟာလည်း အလားတူ အကြောင်းပြချက်နဲ့ပဲ ကုန်စည်တချို့အပေါ် အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်မှုတွေကို ကြုံတွေ့ရတော့မှာ ဖြစ်ပါတယ်။

လင်က Xမှာ ရေးသားထားတဲ့ ပို့စ်မှာတော့ အမေရိကန်ဟာ တရုတ် သွင်းကုန်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်ဖို့အတွက် ဖန်တနဲလ် ကိစ္စကို ခိုင်လုံမှု မရှိဘဲ အကြောင်းပြခဲ့တာ ဖြစ်ကြောင်း၊ အဲဒီအတွက် တရုတ်ဟာ ကိုယ်ပိုင် အခွင့်အရေးတွေ၊ အကျီုးစီးပွားတွေကို ဥပဒေနဲ့ ညီညွတ်စွာ လိုအပ်သလို ကာကွယ်ဖို့ တန်ပြန် အစီအမံတွေ ချမှတ်ထားပြီးဖြစ်ကြောင်း ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တကယ်တမ်း အမေရိကန် ပိုင်နက်ထဲမှာ ဖန်တနဲလ် မူးယစ်ဆေးဝါးတွေ ရောက်ရှိနေတာဟာ တခြားနိုင်ငံ အားလုံးထက် အမေရိကန်မှာ တာဝန်ရှိတယ်လို့လည်း လင်က ရေးသားထားပါတယ်။ နောက်ပြီး ကုန်သွယ် အခွန်အခတွေကို တိုးမြှင့် ကောက်ယူပြီး တရုတ်ကို ဖိအားပေးတာ၊ အကျပ်ကိုင်တာတွေ လုပ်လို့ မရကြောင်း၊ ဒီလုပ်ရပ်မျိုးနဲ့ အမေရိကန်ရဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်မှာ မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးမှုတွေ၊ နှီးနှော တိုင်ပင်မှုတွေနဲ့သာ အဖြေရှာရမှာဖြစ်ကြောင်းလည်း လင်က မှတ်ချက်ပြုထားပါတယ်။

တရုတ်ဟာ ခြိမ်းခြောက်မှုတွေကြောင့် ကြောက်သွားမှာ မဟုတ်သလို အနိုင်ကျင့်လို့လည်း မရကြောင်း၊ အတင်းအကျပ် ခိုင်းစေတာ၊ ဖိအားပေးတာတွေဟာ တရုတ်ကို ဆက်ဆံလို့ရတဲ့ နည်းလမ်းတွေ မဟုတ်ကြောင်း၊ တရုတအပေါ် အလွန်အကျွံ ဖိအားပေးချင်တဲ့ ဘယ်သူမဆို လူရွေးမှားသွားပြီး အတွက်အချက် လွဲသွားတယ်လို့ ပြောလိုကြောင်း၊ အမေရိကန်ဟာ ဖန်တနဲလ် ပြဿနာကို ဆန္ဒအမှန်နဲ့ ဖြေရှင်းချင်ရင် တရုတ်နဲ့ တိုင်ပင် ဆွေးနွေးပြီး တန်းတူညီမျှ ဆက်ဆံမှုမျိုးကို ပြသဖို့ လိုကြောင်းလည်း လင်က ပြောပါတယ်။

သူ့ရဲ့ နောက်ဆုံးစာကြောင်းမှာတော့ စစ်ပွဲကသာ အမေရိကန် လိုချင်တဲ့ အရာဆိုရင်၊ အခွန်စည်းကြပ်မှုတွေ ပြိုင်ဆိုင်တဲ့ စစ်ပွဲဖြစ်ဖြစ်၊ ကုန်သွယ်ရေး စစ်ပွဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘယ်လို စစ်ပွဲ အမျိုးအစားပဲဖြစ်ဖြစ် တရုတ်က အဆုံးထိ ဆက်လက် တိုက်ပွဲဝင်သွားဖို့ အသင့်ရှိနေကြောင်းလည်း ကြုံးဝါးထားပါတယ်။

ဖန်တနဲလ် မူးယစ်ဆေး ကိစ္စကို အကြောင်းပြပြီး တရုတ်အပေါ် အခွန်စည်းကြပ်မှု မြှင့်တင်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်မှုအဖြစ် အမေရိကန် သံရုံးက အဲဒီ ပို့စ်ကို ဝေမျှထားတာ ဖြစ်ပေမယ့် နောက်ဆုံး စာကြောင်းကို ရည်ရွယ်ချက်ရှိရှိ သီးခြား ကောက်နုတ် ဖော်ပြထားခဲ့တာကြောင့် လူမှုကွန်ရက် သုံးစွဲသူတွေရဲ့ အာရုံကို အဓိက ဖမ်းစားနိုင်ခဲ့ပါတယ်။

အမေရိကန်ကသာ တကယ် အလိုရှိရင် တရုတ်ကလည်း စစ်ပွဲကို တိုက်ခိုက်ဖို့ အသင့်ဖြစ်နေတယ်ဆိုတဲ့ သဘောထားကို တရုတ် အစိုးရရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ကိုယ်တိုင်က ထုတ်ပြောခြင်းကြောင့် ကမ္ဘာ့စူပါပါဝါ နှစ်နိုင်ငံကြား အလျှော့မပေးစတမ်း ပြိုင်ဆိုင်မှုတွေ ပိုမြင့်တက်လာမယ်လို့ ယူဆစရာ ဖြစ်လာပါတယ်။

ထရမ့်ဟာ ရွေးကောက်ပွဲကြို ကာလတွေမှာ ကတည်းက သူသမ္မတ ဖြစ်လာရင် တရုတ် သွင်းကုန်တွေအပေါ် အခွန်စည်းကြပ်မှုတွေ တိုးမြှင့်မယ်လို့ ကြုံးဝါးထားပြီး သမ္မတ ဖြစ်လာတဲ့နောက် အစောပိုင်းမှာ အခွန် ၁၀ ရာခိုင်နှုန်း၊ အခု သီတင်းပတ်ထဲမှာ နောက်ထပ် ၁၀ ရာခိုင်နှုန်း အသီးသီး တိုးမြှင့် သတ်မှတ်ခဲ့ပါတယ်။

ကိုးကား: Economic Times

ဆက်စပ်သတင်းများ

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။

နိုင်ငံတကာ

အခြေအနေတွေ ပိုမိုတင်းမာလာရင် အမြန်ဆုံး ထွက်ခွာကြဖို့၊ ဒါမှမဟုတ် ထွက်ခွာနိုင်အောင် အသင့်ပြင်ထားဖို့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေမှာ ရှိနေတဲ့ အမေရိကန် နိုင်ငံသားတွေကို အမေရိကန် အစိုးရက တိုက်တွန်းခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန်ဆီက နောက်ထပ် တိုက်ခိုက်မှုတွေ ကြုံလာရင် ဒေသတွင်း နိုင်ငံတွေမှာရှိတဲ့ ရေနံတွင်းတွေနဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ပစ်မှတ်ထား လက်တုံ့ပြန်သွားမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။