Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မဂ္ဂနီကျု ၇.၄ ငလျင်ကြီး လှုပ်ခတ်ပြီး ချီလီနဲ့ အာဂျင်တီးနားမှာ ဆူနာမီ သတိပေးချက်တွေ ထုတ်ပြန်ထား

မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီးတစ်ခု ချီလီနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်သွားပြီးတဲ့နောက် အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားခြင်းနဲ့အတူ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံတွေရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေပါတယ်။

Reuters

မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်ကြီးတစ်ခု ချီလီနဲ့ ကမ်းလွန် ပင်လယ်ပြင်မှာ လှုပ်ခတ်သွားပြီးတဲ့နောက် အရေးပေါ် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားခြင်းနဲ့အတူ ချီလီနဲ့ အာဂျင်တီးနား နိုင်ငံတွေရဲ့ ကမ်းရိုးတန်း ဒေသတွေမှာ လူတွေ ဘေးလွတ်ရာ ရွှေ့ပြောင်းနေပါတယ်။

အဲဒီ ငလျင်ကြီးဟာ တောင်အမေရိကတိုက်ရဲ့ တောင်ဖက်စွန်းမှာရှိတဲ့ ဟွန်းအငူနားကို ဗဟိုပြုပြီး မေလ ၂ ရက်နေ့က လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ ကမ္ဘာပေါ်မှာ တောင်ဖက် အစွန်းဆုံး မြို့လို့ သတ်မှတ်ခံရတဲ့ အာဂျင်တီးနားပိုင် ယူရှူအိုင်ယာမြို့ရဲ့ ၂၁၉ ကီလိုမီတာ အကွာမှာ ဖြစ်ပါတယ်။

ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကိုတော့ ချီလီနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲရာ မာဂါလာနက်စ် ဒေသ၊ အန္တာတိကတိုက်ရဲ့ ချီလီနိုင်ငံ ထိန်းချုပ်ထားရာ အစိတ်အပိုင်းတွေ၊ အာဂျင်တီးနားရဲ့ တီယာရို ဒယ်လ်ဖူဂို ဒေသတို့အတွက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

Reuters

ငလျင်ဟာ ပင်လယ်ကြမ်းပြင်အောက် ၁၀ ကီလိုမီတာလောက် အနက်ကို ဗဟိုပြုပြီး မြေတိမ်ငလျင် အမျိုးအစား ဖြစ်တာကြောင့် ပြင်းထန်တဲ့ သက်ရောက် လှုပ်ခါမှုကို အာဂျင်တီးနားရော၊ ချီလီမှာပါ ခံစားခဲ့ကြရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ပျက်စီး၊ သေကြေမှု သတင်းတွေကိုတော့ မကြားရသေးပါဘူး။ အာဏာပိုင်တွေက သက်ဆိုင်ရာ ဒေသခံတွေကို စိတ်အေးအေးထားဖို့၊ ကုန်းမြင့်တွေဆီ ရွှေ့ပြောင်းကြဖို့ တိုက်တွန်းထားပါတယ်။

ချီလီသမ္မတ ဂေဘရီရယ်လ် ဘိုရစ်က မာဂါလာနက်စ် ကမ်းရိုးတန်း တလျှောက်မှာ အရေးပေါ် ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်နေကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားပါတယ်။

အာဏာပိုင်တွေက ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်ခြေ ရှိနေတာကြောင့် အနည်းဆုံး ပင်လယ်ရေမျက်နှာပြင်အထက် မီတာ ၃၀ လောက်ထိ မြင့်တဲ့ နေရာတွေကို ရွှေ့ပြောင်းဖို့ ဒေသခံတွေကို လိုက်လံ ဆော်ဩနေတာ ဖြစ်ပါတယ်။

ချီလီမှာ လူပေါင်း ၂၀၀၀ ကျော်လောက်ကို ရွှေ့ပြောင်းစေခဲ့သလို အာဂျင်တီးနားမှာလည်း အရေးပေါ် ပြောင်းရွှေ့မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

ငလျင်လှုပ်ခတ်ပြီး နာရီပိုင်းလောက် ကြာတဲ့ထိ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်ကို မရုပ်သိမ်းသေးပါဘူး။ လူမှုကွန်ရက် မီဒီယာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ လူစုလူဝေးနဲ့ အသုတ်လိုက် အမြင့်ပိုင်း ဒေသတွေဆီ သွားရောက်နေတာတွေကို တွေ့ရပါတယ်။

ချီလီဟာ ပထဝီဝင် အနေအထားအရ ကမ္ဘာ့ကျောက်လွှာချပ်ကြီး ၃ ခု စုဆုံရာ နေရာမှာ တည်ရှိနေပြီး ငလျင်တွေရဲ့ ဒဏ်ကို မကြာခဏ ခံစားရလေ့ ရှိပါတယ်။ အခု ငလျင်ရဲ့ လှုပ်ခါမှု ဒဏ်ကိုလည်း ချီလီမှာ ပိုမို ခံစားရပြီး အာဂျင်တီးနားဖက်မှာတော့ အိမ်နီးချင်း နိုင်ငံနဲ့ ယှဉ်ရင် ပိုပြီး အားလျော့တဲ့ အခြေအနေမျိုးလို့ သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Facebook