Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အာဖဂန် အမျိုးသမီးတွေကို ဖိနှိပ်မှုအတွက် တာလီဘန် ခေါင်းဆောင်နှစ်ဦးကို ICC ဝရမ်းထုတ်

အာဖဂန် နစ္စတန်က အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာလီဘန် ထိပ်ပိုင်းအရာရှိ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

Getty Images

အာဖဂန် နစ္စတန်က အမျိုးသမီးတွေ၊ မိန်းကလေးတွေအပေါ် ဖိနှိပ်မှု၊ အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာလီဘန် ထိပ်ပိုင်းအရာရှိ နှစ်ဦးကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ် ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်လိုက်ပါတယ်။

တာလီဘန် အဓိပတိ ဟိုင်ဘာတူလာ အက်ခွန်ဇာဒါးနဲ့ တရားသူကြီးချုပ် အက်ဘ်ဒူလ် ဟာကင်မ် ဟက်ကာနီတို့ဟာ ၂၀၂၁ ခုနှစ်က နိုင်ငံကို ပြန်လည် အုပ်စိုးခဲ့တဲ့နောက်ပိုင်း အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် စနစ်တကျ ဖိနှိပ်ခဲ့တယ်ဆိုတာ လက်ခံယုံကြည်နိုင်လောက်တဲ့ အထောက်အထားတွေ ရရှိထားကြောင်း နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာ အခြေစိုက်တဲ့ ခုံရုံးက ပြောပါတယ်။

၂၀၂၁ ခုနှစ်မှာ အမေရိကန်တပ်တွေ ပြန်ရုပ်သိမ်းသွားတဲ့နောက် အာဖဂန်ကို တစ်ချိန်က ကြီးစိုး အုပ်ချုပ်ခဲ့ဖူးတဲ့ လက်နက်ကိုင် တပ်ဖွဲ့ တာလီဘန်ဟာ နိုင်ငံတကာ အသိအမှတ်ပြု အစိုးရကို အချိန်တိုအတွင်း ဖြုတ်ချပြီး အာဏာပြန်လည် ရယူသွားခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ တာလီဘန်တွေဟာ အာဖဂန်ရဲ့ ဒီမိုကရေစီ အခွင့်အရေးတွေကို ပြန်လည် ပြင်ဆင် ရုပ်သိမ်းပြီး ဘာသာရေး အခြေပြု အုပ်ချုပ်မှု ယန္တရားကို ပြန်လည် အသက်သွင်းခဲ့ပါတယ်။

အမျိုးသမီးတွေကို ပညာသင်ခွင့် ပိတ်ဆို့မှုတွေ အပါအဝင် လွတ်လပ်ခွင့်၊ ရပိုင်ခွင့်တွေကိုပါ အာဖဂန်တွေက ဆက်တိုက် ရုပ်သိမ်းလာခဲ့ပါတယ်။ အဲဒီထဲမှာ အသက် ၁၂ နှစ်ကျော်တဲ့ မိန်းကလေးတွေကို ပညာဆက်လက် သင်ယူခွင့် ကန့်သတ်တာတွေ၊ အဓိကကျတဲ့ အလုပ်ရာထူးတွေမှာ အမျိုးသမီးတွေကို လုပ်ကိုင်ခွင့် မပေးဘဲ တားမြစ်ထားတာတွေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် အမျိုးသမီးတွေဟာ မိသားစုဝင် ယောက်ျားလေးအဖော် မပါဘဲ ခရီးထွက်ခွင့် မရှိတာမျိုး၊ အမျိုးသမီးတွေရဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လျှော့ချပိတ်ပင်တာမျိုး ကန့်သတ်ချက်တွေကိုလည်း တာလီဘန်တွေက ကျင့်သုံးလာခဲ့ပါတယ်။

တာလီဘန် ထိပ်ပိုင်း အရာရှိတွေကို ICCက ဖမ်းဝရမ်း ထုတ်ခဲ့တာနဲ့ ပတ်သက်ပြီး တာလီဘန်တွေက ဖက်ကတော့ သူတို့ဟာ ICCကို တရားဝင်တောင် အသိအမှတ် ပြုမထားခဲ့ဘူးလို့ တုံ့ပြန်သွားပါတယ်။ ဒါ့အပြင် ICCရဲ့ လုပ်ရပ်ဟာ ရန်လိုတဲ့ စွက်ဖက်မှုပုံစံ ဖြစ်နေပြီး တစ်ကမ္ဘာလုံးက မွတ်ဆလင်တွေရဲ့ ယုံကြည်မှုနဲ့ ထုံးတမ်းတွေကို စော်ကားလိုက်တာ ဖြစ်တယ်လို့လည်း တာလီဘန်တွေက စွပ်စွဲထားပါတယ်။

ဖမ်းဝရမ်းနဲ့ ပတ်သက်လို့ ICC ထုတ်ပြန်ချက်မှာတော့ တာလီဘန်တွေဟာ အာဖဂန် လူဦးရေ တစ်ရပ်လုံးအပေါ် သက်ရောက်တဲ့ စည်းမျဉ်းတွေ၊ ကန့်သတ်ချက်တွေကို ပြဋ္ဌာန်းရာမှာ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေကို သူတို့ရဲ့ လိင်ဖြစ်တည်မှုကို အကြောင်းပြုပြီး အခြေခံ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေကို ကန့်သတ်တားဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တာလီဘန် အုပ်စိုးမှုဟာ အာဖဂန် အမျိုးသမီးတွေရဲ့ အခြေခံ အခွင့်အရေးတွေကို စိုးရိမ်စရာ အဆင့်မျိုးထိ ထိခိုက်ရိုက်ခတ်မှုတွေ ရှိလာစေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေကလည်း သတိပေးထားပါတယ်။

တာလီဘန်တွေဟာ အာဖဂန်ကို ပြန်လည် အုပ်စိုးနေတဲ့ ၄ နှစ်နီးပါး ကာလအတွင်း ဘယ်နိုင်ငံကမှ သူတို့ကို အစိုးရအဖြစ် အသိအမှတ် မပြုခဲ့ပေမယ့် အခုသီတင်းပတ်ထဲမှာတော့ ရုရှားက ပထမဆုံးအဖြစ် တာလီဘန်တွေကို အစိုးရအဆင့် သဘောထား ဆက်ဆံဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: DW

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

လိင်အမြတ်ထုတ်မှု စွပ်စွဲချက်တွေကို အကြောင်းပြုပြီးအပြည်ပြည်ဆိုင်ရာရာဇဝတ်ခုံရုံး(ICC)ရဲ့အစိုးရရှေ့နေချုပ်ကာရင်မ်ခန်းဟာရာထူးတာဝန်ကနေဆိုင်းငံ့ ခံခဲ့ရပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

နိုင်ငံတကာ

ဖိလစ်ပိုင်အထက်လွှတ်တော်အဆောက်အအုံမှာ သေနတ်သံတွေ ကြားခဲ့ရသလို အဆောက်အအုံကိုလည်း စစ်သားတွေကပိတ်ထားတာကို တွေ့ခဲ့ရပါတယ်။