Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်တွင်းမှာ သူတောင်းစား မရှိဘူးလို့ ပြောခဲ့တဲ့ ဝန်ကြီး ရာထူးက နုတ်ထွက်ရ

ပြည်တွင်းမှာ တောင်းရမ်းစားနေသူတွေ မရှိပါဘူးလို့ ပြောခဲ့တဲ့ ကျူးဘား အစိုးရ ဝန်ကြီးတစ်ဦးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

AP

ပြည်တွင်းမှာ တောင်းရမ်းစားနေသူတွေ မရှိပါဘူးလို့ ပြောခဲ့တဲ့ ကျူးဘား အစိုးရ ဝန်ကြီးတစ်ဦးဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ရပါတယ်။

ကွန်မြူနစ် အစိုးရ အုပ်ချုပ်နေတဲ့ ကျွန်းနိုင်ငံက လမ်းမတွေမှာ တောင်းရမ်းစားသောက်သူတွေ အရမ်းများနေတဲ့ ကိစ္စကို ကိုင်တွယ်ဖို့ လွှတ်တော်မှာ အဆိုတင် ဆွေးနွေးကြတဲ့အခါ အလုပ်သမားနဲ့ လူမှုဖူလုံရေး ဝန်ကြီး မာတာ အယ်လီနာ ဖီယာတို ကာဘရီရာက နိုင်ငံမှာ သူတောင်းစား မရှိပါဘူးလို့ မှတ်ချက်ပေး တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

အကျိုးဆက်အနေနဲ့ အဲဒီအမျိုးသမီးကို ရာထူးက ထုတ်ပယ်သင့်ကြောင်း ဝေဖန်မှုတွေ မြင့်တက်လာခဲ့ပြီး နောက်ဆုံးတော့ တကယ်ပဲ ကာဘရီရာက ရာထူးက နုတ်ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ သူပြောခဲ့တဲ့ စကားတွေထဲမှာတော့ ကျူးဘားမှာ တောင်းရမ်းစားသူတွေ လက်တွေ့အားဖြင့် ရှိမနေဘူး ဆိုတာအပြင် တကယ်တမ်း တောင်းစားနေသူတွေနဲ့ အမှိုက်ပုံးတွေကို မွှေနှောက်ပြီး ပလုံကောက်သူတွေဟာ လွယ်လွယ်နဲ့ ငွေရအောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်မျိုးလည်း ပါဝင်ခဲ့ပါတယ်။ နောက်ပြီး ပလုံကောက်သူတွေ ဆိုတာဟာ ပြန်လည်သန့်စင် အသုံးပြု စီးပွားရေး လုပ်ငန်းမှာ တရားမဝင် လိုင်စင်မရှိဘဲ ပါဝင်လုပ်ကိုင်နေသူလို့လည်း သူက ပြောခဲ့ပါတယ်။

ဒီစကားတွေဟာ ကျူးဘား ပြည်သူတွေကြားမှာရော၊ ပြည်ပရောက် နိုင်ငံသားတွေ အတွက်ပါ အပြင်းအထန် ဝေဖန်စရာ ဖြစ်လာပါတယ်။ သမ္မတ မီဂွယ်လ် ဒီယက်ဇ် ကန်နဲလ် အနေနဲ့ ဒီလောက် ပရမ်းပတာ စကားမျိုးတွေ ပြောနေတဲ့ ဝန်ကြီးကို ဆက်ပြီး မခန့်ထားသင့်ဘူးဆိုတဲ့ တောင်းဆိုသံတွေလည်း ကျယ်လောင်လာတဲ့နောက် ကာဘရီရာက ဇူလိုင် ၁၅ ရက်နေ့မှာ နုတ်ထွက်သွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကာဘရီရာက သူ့အမှားကို သူကိုယ်တိုင် သဘောပေါက်ခဲ့တဲ့နောက် နုတ်ထွက်စာ တင်ခဲ့တာ ဖြစ်တယ်လို့ သမ္မတ ကန်နဲလ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ကျူးဘားဟာ ဆိုးရွားတဲ့ စီးပွားရေး အကျပ်အတည်း အခြေအနေမျိုးကို ရုန်းကန် ဖြတ်သန်းနေရပြီး ဆင်းရဲနွမ်းပါးမှုနဲ့ စားနပ်ရိက္ခာ ရှားပါးမှုတွေကလည်း စိုးရိမ်ရတဲ့ အဆင့်မျိုးထိ မြင့်တက်လာနေပါတယ်။

ကျူးဘားမှာ တောင်းရမ်းစားသောက်နေသူ အရေအတွက် ဘယ်လောက်တောင် များနေသလဲ ဆိုတာကို အစိုးရက စာရင်းအင်း ပြုစုထားတာ မရှိပေမယ့် နိုင်ငံစီးပွားရေး ကျပ်တည်းမှုနဲ့အတူ အဲဒီဦးရေက တရိပ်ရိပ် တိုးလာနေတယ်လို့ လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ကိုးကား: ABC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတကာ

အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကျူးဘား ခေါင်းဆောင်ဟောင်း ရာအူးလ် ကက်စ်ထရိုကို အမေရိကန်က မျက်ကွယ်မှာ တရားစွဲဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ကျူးဘားနဲ့ ပတ်သက်လို့ သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ပြီးရင် အမေရိကန်ရဲ့ စစ်ရေးအရ ပစ်မှတ်ထားတာ ခံရမယ့် နိုင်ငံဟာ ကျူးဘား ဖြစ်ကောင်း ဖြစ်လာနိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားသွားပါတယ်။