Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးဘားဟာ အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခုလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ - Reuters

ကျူးဘားနိုင်ငံဟာ အမေရိကန်အတွက် အမျိုးသား လုံခြုံရေး ခြိမ်းခြောက်မှု တစ်ခု ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုက ပြောကြားခဲ့ပါတယ်။ သူက ကျူးဘားနဲ့ အမေရိကန်ကြားမှာ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်း သဘောတူညီမှုတွေ ရယူနိုင်ဖို့ ဆိုတာက ဖြစ်နိုင်ခြေ နည်းလွန်းတယ်လို့လည်း ဆိုပါတယ်။

၁၉၉၆ ခုနှစ်တုန်းက ကျူးဘားနဲ့ အမေရိကန်ကြား ပင်လယ်ပြင်မှာ ကျူးဘား လေတပ်က အရပ်သား လေယာဉ်ငယ် နှစ်စီးကို ပစ်ချလို့ အမေရိကန် ၃ ဦး အပါအဝင် စုစုပေါင်း လူ ၄ ဦး အသက်ဆုံးရှုံးခဲ့ပါတယ်။ အဲဒီ ဖြစ်စဉ်ကို အကြောင်းပြုပြီး ကျူးဘား ခေါင်းဆောင်ဟောင်း ရောလ်ကက်စ်ထရိုကို အမေရိကန် နိုင်ငံသားတွေကို လုပ်ကြံ သတ်ဖြတ်မှု၊ လေယာဉ်တွေကို ဖျက်ဆီးမှုနဲ့ စွဲချက်တင်မယ့်အကြောင်း အမေရိကန်က ကြေညာခဲ့ပြီး နောက်တစ်နေ့မှာ ရူဘီရိုဆီက အခုမှတ်ချက်မျိုး ထွက်ပေါ်လာတာပါ။

အမေရိကန် အစိုးရရဲ့ ဦးစားပေး ချဉ်းကပ်မှု ပုံစံဟာ သံတမန်ရေးအရ ညှိနှိုင်းဖြေရှင်းခြင်း ဖြစ်ကြောင်း၊ ဒါပေမဲ့ နိုင်ငံအပေါ် ခြိမ်းခြောက်လာမှု မှန်သမျှကနေ ကာကွယ်ဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်မှာ လုပ်ပိုင်ခွင့် အပြည့်ရှိကြောင်း မေလ ၂၁ ရက်နေ့မှာ ရူဘီရိုက ပြောကြားခဲ့ပါတယ်။

သူက ကျူးဘားအစိုးရဟာ ဒေသတစ်ခုလုံးမှာ အကြမ်းဖက် ဝါဒကို ဦးဆောင်ဦးရွက် ထောက်ပံ့ပေးနေတဲ့ အစုအဖွဲ့ တစ်ခုဖြစ်ပြီး အမေရိကန်ရဲ့ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်းလည်း စွပ်စွဲခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သံတမန်ရေးအရ ညှိနှိုင်းမှုတွေက ကျူးဘားနဲ့ ပတ်သက်ပြီး အမေရိကန် ဦးစားပေး ရွေးချယ်လိုတဲ့ မူဝါဒအဖြစ် ဆက်ရှိနေကြောင်း၊ ဒါပေမဲ့ ရိုးရိုးသားသား ပြောရရင် အမေရိကန် ထိတွေ့ ဆက်ဆံနေရတဲ့ ကျူးဘားဖက်က ခေါင်းဆောင်တွေကြောင့် အဲဒီကိစ္စ လက်တွေ့ ဖြစ်နိုင်ခြေက နည်းလွန်းကြောင်း ရူဘီရိုက ပြောပါတယ်။

ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး ဘရူနို ရိုဒရီဂွတ်ဇ်ကတော့ ရူဘီရိုရဲ့ စကားတွေကို ခါးခါးသီးသီး ငြင်းဆိုခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ် ကမ်းလွန် မိုင် ၁၀၀ ဝန်းကျင်မှာ တည်ရှိနေပြီး ကွန်မြူနစ် အစိုးရ အုပ်ချုပ်တဲ့ ကျွန်းနိုင်ငံဟာ အမေရိကန်အတွက် ဘယ်တုန်းကမှ ရန်လို ခြိမ်းခြောက်ခြင်းမျိုး မရှိခဲ့ကြောင်း၊ ရူဘီရိုက လိမ်ညာနေတာသာဖြစ်ကြောင်း ရိုဒရီဂွတ်ဇ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

သူက အမေရိကန်ဟာ ကျူးဘားကို စစ်ရေးအရ ကျူးကျော်ရန်ပြုဖို့အတွက် အကြောင်းပြချက်ရှာ စွပ်စွဲနေတာသာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် အမေရိကန် အစိုးရဟာ သူ့ရဲ့နိုင်ငံကို ရက်ရက်စက်စက်နဲ့ စနစ်တကျ အကွက်ဆင်ပြီး နှိပ်ကွပ် တိုက်ခိုက်နေတယ်လို့လည်း ရိုဒရီဂွတ်ဇ်က စွပ်စွဲခဲ့ပါတယ်။

အမေရိကန် အစိုးရဟာ ကျူးဘားအပေါ် ပြင်းထန်တဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ သတ်မှတ်ထားပါတယ်။ ဒါ့အပြင် လောင်စာဆီ ပို့ဆောင်မှု လမ်းကြောင်းတွေကို အမေရိကန်က ဖြတ်တောက် တားဆီးထားတာကြောင့်လည်း ကျူးဘားမှာ လောင်စာဆီ ပြတ်လပ်မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင် ကြုံတွေ့နေရပါတယ်။ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျူးဘား နိုင်ငံသားတွေဟာ ရှည်လျားတဲ့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေ၊ စားနပ်ရိက္ခာ ရှားပါးမှုတွေကို ရင်ဆိုင်လာနေရပါတယ်။

ဒါတွေဟာ ကျူးဘား အစိုးရ အနေနဲ့ အလျှော့ပေး ညှိနှိုင်းမှုတွေ လုပ်လာဖို့ အမေရိကန်က ပြင်းပြင်းထန်ထန် ဖိအားပေးနေတဲ့ နည်းဗျူဟာတစ်ခုလည်း ဖြစ်ပါတယ်။ ရူဘီရိုက ကျူးဘားဟာ အမေရိကန်ဆီက ဒေါ်လာ သန်း ၁၀၀ ဖိုး လူသားချင်း စာနာမှု အကူအညီတွေကိုတော့ လက်ခံထားတယ်လို့လည်း ပြောပါတယ်။

ထရမ့်ဟာ အိမ်ဖြူတော်ဆီ ဒုတိယအကြိမ် ပြန်ရောက်လာ ကတည်းက ကျူးဘားကို နည်းလမ်းမျိုးစုံနဲ့ ဖိအားပေးမှုတွေ တိုးမြှင့်ဖို့ စိတ်ကူး ကြံစည်နေခဲ့သလို ကျူးဘား အစိုးရကို ဖြုတ်ချပြီး အစိုးရ အပြောင်းအလဲ လုပ်ဖို့ အခြေအနေတွေကိုတောင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ဖူးပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။