Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကင်မ်ဂျုံအွန်းနဲ့ ဆက်ဆံရေး ခိုင်မာရင်းနှီးဆဲလို့ ပူတင်ပြော

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သူနဲ့ကြားက ဆက်ဆံရေးဟာ ခိုင်မာပြီး အရမ်းအားကောင်းနေဆဲလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းနဲ့ သူနဲ့ကြားက ဆက်ဆံရေးဟာ ခိုင်မာပြီး အရမ်းအားကောင်းနေဆဲလို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောပါတယ်။

ရုရှားနိုင်ငံကို တင်ပို့တဲ့ ထောင်ပေါင်းများစွာသော မြောက်ကိုရီးယား အလုပ်သမားတွေဟာ ကျေးကျွန်စနစ်ဆန်ဆန် ဆိုးရွားလှတဲ့ အခြေအနေတွေကို ရင်ဆိုင် ကြုံတွေ့နေရကြောင်း BBCက သတင်းဖော်ပြခဲ့ပြီးတဲ့နောက် ပူတင်က အခုလို ပြောဆိုလာတာ ဖြစ်ပါတယ်။

သူက ဩဂုတ် ၁၂ ရက်နေ့မှာ ကင်မ်နဲ့ ဖုန်းဆက် စကားပြောခဲ့ကြောင်း အတည်ပြုခဲ့သလို ယူကရိန်းနဲ့ စစ်ပွဲအတွက် ရုရှားဆီ တပ်ကူတွေ အများအပြား စေလွှတ်ပေးတဲ့ ကင်မ်ကိုလည်း ချီးကျူးခဲ့ပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ကလည်း ခေါင်းဆောင်နှစ်ဦး ဖုန်းဆက် ဆွေးနွေးမှုမှာ ကင်မ်ရော၊ ပူတင်ကပါ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း နိုင်ငံတွေအဖြစ် ဆက်လက် ရပ်တည်ဖို့ ကတိပြုခဲ့သလို နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုတွေကို မြှင့်တင်ဖို့လည်း သဘောတူခဲ့ကြတယ်လို့ ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ယူကရိန်းစစ်ပွဲ အရေးနဲ့ ပတ်သက်ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ အလာစကာမှာ ဆွေးနွေးမယ့် သူ့ရဲ့ အစီအစဉ်တွေကိုလည်း ပူတင်က ကင်မ်ဆီ အသိပေး ပြောပြခဲ့တယ်လို့ ဆိုပါတယ်။

မြောက်ကိုရီးယားဖက်ကလည်း ကင်မ်နဲ့ပူတင် ဖုန်းဆက် စကားပြောခဲ့တဲ့ အကြောင်းကို ကြေညာပေမယ့် အဲဒီအချက်ကိုတော့ ထည့်သွင်း ဖော်ပြမထားခဲ့ပါဘူး။

တောင်ကိုရီးယားနဲ့ ယူကရိန်း စစ်ထောက်လှမ်းရေးတွေက မြောက်ကိုရီးယားဟာ ရုရှားအတွက် တပ်ကူအင်အား ၁၀၀၀၀ ထက်မနည်း ပေးပို့ ကူညီခဲ့ကြောင်း စွပ်စွဲ ပြောကြားထားပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားဟာ လက်နက်ကြီး ကျည်ဆန်တွေ၊ ဒုံးကျည်တွေ၊ လုပ်သားတွေကိုလည်း ရုရှားအတွက် ထောက်ပံ့ ပေးပို့ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ ဒရုန်းတွေ ထုတ်လုပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ ပါဝင်အလုပ်လုပ်နေတဲ့ မြောက်ကိုရီးယား အလုပ်သမား ၂၅၀၀၀ လောက်ထိ ရှိနိုင်ကြောင်း သိရပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ နယ်စပ်က ညှိနှိုင်းရေးရုံး အဆောက်အအုံကို ဗုံးခွဲ ဖျက်ဆီးခဲ့မှုအတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားဆီ နစ်နာကြေးပေးဖို့ တောင်ကိုရီးယား တရားရုံး တစ်ခုက အမိန့် စီရင်ချက် ချမှတ်ခဲ့ပါတယ်။