Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်၊ မိုဒီ၊ ရှီတို့ အပြုံးပန်းတွေဝေနေတဲ့ ဓာတ်ပုံရဲ့ နောက်ကွယ်မှာ

တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်တွေ ပြုံးပြုံးရွှင်ရွှင် အတူရှိနေတဲ့ ဓာတ်ပုံဟာ အတော်လေး လူပြောများလာခဲ့ပါတယ်။

ဓာတ်ပုံ - AP

စက်တင်ဘာ-၂၊၂၀၂၅။People’s Spring

တရုတ်၊ အိန္ဒိယနဲ့ ရုရှားနိုင်ငံ ခေါင်းဆောင်တွေ ပြုံးပြုံးရွှင်ရွှင် အတူရှိနေတဲ့ ဓာတ်ပုံဟာ အတော်လေး လူပြောများလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ပိုရင်းနှီးအောင် ကြိုးစားနေကြတဲ့ အဲဒီသုံးနိုင်ငံရဲ့ ဆက်ဆံရေး နောက်ခံ အခြေအနေတွေမှာ ရှုပ်ထွေးမှုတွေ၊ ပြိုင်ဆိုင်မှုတွေ ရှိနေဆဲလို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

အမေရိကန်မှာ အစိုးရ အပြောင်းအလဲ ဖြစ်လာပြီး နိုင်ငံတကာ မူဝါဒတွေမှာ သိသိသာသာ ပွဲဆူစေမယ့် အခင်းအကျင်းတွေကို ကျင့်သုံးလာခြင်းက ကမ္ဘာ့နိုင်ငံရေး သွင်ပြင်လက္ခဏာတွေကို ရိုက်ခတ်လာစေပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်နဲ့ အိန္ဒိယလို ခါးသီးတင်းမာနေတဲ့ ပြိုင်ဘက်တွေဟာလည်း အမေရိကန်ရဲ့ကုန်သွယ်ရေးမူဝါဒ ဖိအားတွေကြောင့် အချင်းချင်းကြား ပြန်လည် သင့်မြတ်မယ့် လမ်းကြောင်းကို ဦးတည်လာပါတယ်။

တစ်ဖက်မှာလည်း ရုရှားဟာ တရုတ်၊ အိန္ဒိယတို့နဲ့ ရှိရင်းစွဲ ဆက်ဆံရေးကောင်းကို မြှင့်တင်ဖို့ ကြိုးစားနေပါတယ်။

ဒါပေမဲ့လည်း စူပါပါဝါ ပြိုင်ဘက်တွေပီပီ အကျိုးစီးပွားဆိုင်ရာ အားပြိုင်မှုတွေကလည်း အဲဒီနိုင်ငံတွေကြားမှာ သီးခြား တည်ရှိနေဆဲပါ။

စက်တင်ဘာ၁ရက်နေ့တုန်းကတော့တရုတ်နိုင်ငံ၊တိယန်ကျင့်မြို့မှာကျင်း ပတဲ့ရှန်ဟိုင်းစီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)ညီလာခံတက်ရောက်ရင်း တရုတ်သမ္မတ ရှီကျင့်ဖျင်၊ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီနဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်တို့ တွေ့ဆုံခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်တုန်းက နှစ်နိုင်ငံကြား နယ်စပ်စစ်ရေး ပဋိပက္ခ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ပထမဆုံး အနေနဲ့ မိုဒီဟာ တရုတ်နိုင်ငံကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

SCO ညီလာခံမှာ ပူတင်၊ ရှီနဲ့ မိုဒီတို့ ပြုံးပြုံးရွှင်ရွှင် စကားစမြည် ပြောဆိုနေတဲ့ဓာတ်ပုံဟာနိုင်ငံတကာ မီဒီယာတွေရဲ့ ခေါင်းကြီးပိုင်းမှာကျယ်ကျယ်

ပြန့်ပြန့် ဖော်ပြခံရတဲ့အခြေအနေ ဖြစ်လာပါတယ်။

SCOဟာ အင်အားတောင့်တင်းပြီးရည်မှန်းချက်ကြီးတဲ့ အစုအဖွဲ့တစ်ခု ဖြစ်တဲ့တိုင်အောင် ယူကရိန်းစစ်ပွဲ နဲ့ ဂါဇာ ပဋိပက္ခတို့လို အထင်ကရ ကမ္ဘာ့အရေးအခင်းတွေမှာ ထိရောက်တဲ့ ပါဝင် ညှိနှိုင်းနိုင်စွမ်းတော့ မရှိဘူးလို့လေ့လာသူတွေက သုံးသပ်ပါတယ်။

ခေါင်းဆောင်သုံးယောက် တွေ့ဆုံတဲ့ အချိန်ဟာ အမေရိကန်မှာ ထရမ့်က တရုတ်၊ အိန္ဒိယတို့ အပါအဝင် ကုန်သွယ်ဖက် နိုင်ငံတွေကို သွင်းကုန် အခွန်အခ စည်းကြပ်မှုတွေ အလုံးအရင်း မြှင့်တင်တဲ့ ကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။

ပြီးတော့ထရမ့်ကအိန္ဒိယဟာ ရုရှားဆီက ရေနံကို ဆက်ဝယ်နေတာကြောင့်လို့စွပ်စွဲအကြောင်းပြပြီးအိန္ဒိယအပေါ် သွင်းကုန်အခွန်ပမာဏ အလုံး အရင်းမြှင့်တင်ခဲ့တာကြောင့် ဒီပြဿနာဟာ ရုရှားနဲ့လည်း ဆက်စပ်နေတဲ့ သဘောပါပဲ။

အဲဒီလိုအခြေအနေမှာအိန္ဒိယ၊ရုရှားနဲ့ တရုတ်ခေါင်းဆောင်တွေ ပြုံးပြုံးရွှင်ရွှင်တွေ့ဆုံနေတာကသူတို့ကြားမှာ စည်းလုံးမှု ခိုင်မာနေကြောင့် ထရမ့်ဆီ သတင်းစကားတစ်ရပ် ပေးပို့တဲ့ အဓိပ္ပါယ်လည်း ဖြစ်ပါတယ်။

အမေရိကန် မီဒီယာတွေကတော့ အဲဒီဓာတ်ပုံရဲ့ နောက်ကွယ်မှာ ဝါဒဖြန့်လိုတဲ့ အဓိပ္ပါယ်တွေအများကြီး ပတ်သက်နေမယ်လို့ သုံးသပ်ကြပါတယ်။

ထရမ့်ဆီ ရန်လိုတဲ့ ကုန်သွယ်ရေး မူဝါဒတွေနဲ့ ကြုံတွေ့ပြီးတဲ့ အချိန်မှာ အိန္ဒိယ အစိုးရဟာ ရုရှားနဲ့ ရင်းနှီးကျွမ်းဝင်မှုကို ထုတ်ပြဖို့ နှောင့်နှေးနေစရာ အကြောင်းမရှိတော့ဘူးလို့ The New York Times သတင်းဌာနက သုံးသပ်ထားခဲ့ပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယဟာ အမေရိကန်နဲ့ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက် အသစ်တွေ ကြိုးစား ညှိနှိုင်းရင်း တရုတ်၊ ရုရှားတို့နဲ့ ပိုမိုထိတွေ့ဆက်ဆံနိုင်ဖို့အတွက် SCOကို မဟာဗျူဟာအခင်းအကျင်းတစ်ခုအဖြစ် ရွေးချယ်ထားဟန် ရှိပါတယ်။

CNBC သတင်းဌာနကတော့ SCOမှာ ရှီ၊ ပူတင်နဲ့ မိုဒီတို့ တွေ့ဆုံကြတာဟာ အနာဂတ် ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းတွေမှာ ပါဝါဝေမျှမှု ဘယ်လိုဘယ်ပုံ ခွဲဝေမလဲ ဆိုတာကို ဆွေးနွေးမယ့် အားထုတ်မှု တစ်ခုလည်း ဖြစ်နိုင်တယ်လို့ မှတ်ချက်ပြုထားပါတယ်။

တရုတ်ကSCOကိုအကြောင်းပြုပြီးဦးဆောင်ကဏ္ဍကိုပိုမိုရယူဖို့မျှော်လင့်နေသလိုရုရှားကလည်းအနောက်မဟာမိတ် နိုင်ငံတွေရဲ့ စီးပွားရေးပိတ်ဆို့မှုတွေကိုတန်ပြန်ဖို့အတွက် အဲဒီညီလာခံကနေ အခွင့်အရေးကောင်းတွေကို ရှာဖွေနေမှာ ဖြစ်ပါတယ်။

ဒီအစည်းအဝေးမှာတော့ပူတင်ဟာအဖွဲ့ဝင်နိုင်ငံတွေနဲ့ ကုန်သွယ်ရေး၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတွေကို ယုံကြည်ချက်ရှိရှိ၊ အနှောင့် အယှက်ကင်းကင်း ညှိနှိုင်းလို့ ရပါတယ်။

ဓာတ်ပုံထဲမှာအတူတွေ့ရတဲ့သုံးနိုင်ငံခေါင်းဆောင်တွေရဲ့အပြုံးတွေဟာ ရင်းနှီးမှု၊ နွေးထွေးမှုတွေကို ထင်ဟပ် ပြဆိုနေပေမယ့်လည်း တကယ့်လက်တွေ့ အရှိတရားကတော့ ပိုပြီး သိမ်မွေ့ ရှုပ်ထွေးနေမှာ ဖြစ်ပါတယ်။

ကိုးကား- CNBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နှစ်နိုင်ငံ ဆက်ဆံရေးကို ထူးထူးကဲကဲ မြှင့်တင်နိုင်မယ့် ရေရှည် စီမံကိန်း တစ်ခုကို တရုတ် သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း သဘောတူညီမှု ရရှိခဲ့တယ်လို့ မြောက်ကိုရီးယား အစိုးရ မီဒီယာက ဖော်ပြခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားမှာ တစ်ရက်ကြာ နေထိုင်ပြီးတဲ့နောက် တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ ဇွန်လ ၉ ရက်နေ့မှာ ပြန်လည် ထွက်ခွာသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်အဟုန် မြှင့်တင်ဖို့ တရုတ်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေ သဘောတူ ညှိနှိုင်းခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ အလည်အပတ် ခရီးစဉ်အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ကိုယ်တိုင် လေဆိပ်မှာ သွားရောက် ကြိုဆိုခဲ့ပါတယ်။