Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြိုဆိုသူတွေနဲ့အတူ ကနေတဲ့ ထရမ့်ရဲ့ ဗီဒီယိုက မလေးရှားမှာ လူပြောများနေ

သူ့ကိုကြိုဆိုသူတွေနဲ့အတူလိုက်ပြီးကနေခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ ဗီဒီယိုဟာ မလေးရှားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ ရေပန်းစားနေပါတယ်။

ဓာတ်ပုံ - The White House

အောက်တိုဘာ – ၂၆ ၊၂၀၂၅

သူ့ကိုကြိုဆိုသူတွေနဲ့အတူလိုက်ပြီးကနေခဲ့တဲ့အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်ရဲ့ ဗီဒီယိုဟာ မလေးရှားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ပျံ့နှံ့ ရေပန်းစားနေပါတယ်။

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ထိပ်သီး ညီလာခံ တက်ရောက်ဖို့ အောက်တိုဘာ ၂၆ ရက်နေ့ မနက်ပိုင်းက မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ လေဆိပ်ကို ဆိုက်ရောက်လာချိန်မှာ ရိုးရာအကနဲ့ ဖျော်ဖြေနေသူတွေကို ထရမ့်က နှုတ်ဆက်ရင်း သူပါ လက်မြှောက်ပြီး လိုက်ကနေခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ကို ကိုယ်တိုင် လာကြိုတဲ့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ တခြားသူတွေကလည်း အဲဒီမြင်ကွင်းကို သဘောကျပြီး လက်ခုပ် လက်ဝါးတီး အားပေးနေခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ကတော့ အာဆီယံ ညီလာခံကို တက်ရောက်ဖို့ မလေးရှားမြေကို ခြေချတဲ့ အချိန်မှာပဲ လူအများရဲ့ အာရုံကို ပေါ့ပေါ့ပါးပါး ဆွဲဆောင်သွားခဲ့တယ်လို့ လေ့လာသူတွေက သုံးသပ်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံး နိုင်ငံကို ဦးဆောင်နေတဲ့ ဩဇာအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ရဲ့ ဟိတ်ဟန်မျိုး မရှိဘဲ သဘောကောင်း ဖော်ရွေတဲ့ ပုံရိပ်မျိုးကို ထရမ့်က ထုတ်ပြသွားခဲ့တယ်လို့ လူမှုကွန်ရက် သုံးစွဲသူတွေက မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ဟာ သူ့ရဲ့ အာရှခရီးစဉ်ရဲ့ အဖွင့်အဖြစ် မလေးရှားကို ရောက်ရှိလာတာပါ။ သူဟာ အဲဒီကနေတဆင့် တောင်ကိုရီးယားနဲ့ ဂျပန်တို့ကိုလည်း ခရီးဆက်မှာ ဖြစ်ပါတယ်။

ထရမ့်ဟာ မလေးရှားကို လာရောက်ဖူးတဲ့ တတိယမြောက် အမေရိကန် သမ္မတ အနေနဲ့လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

သူ့အရင်တုန်းကတော့ ၁၉၆၆ ခုနှစ်မှာ လင်ဒန်ဂျွန်ဆန်နဲ့ ၂၀၁၄ နဲ့ ၂၀၁၅ တို့မှာ ဘာရတ် အိုဘားမားတို့က အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံဆီ အသီးသီး လာရောက်ခဲ့ကြဖူးပါတယ်။

ကြိုဆိုသူတွေနဲ့အတူ ကနေတဲ့ ထရမ့်ရဲ့ ဗီဒီယိုက မလေးရှားမှာ လူပြောများနေ အောက်တိုဘာ – ၂၆…

Posted by People's Spring on Saturday 25 October 2025

ကိုးကား – The Star

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော် လေယာဉ် (Air Force One) အသစ်ကို သမ္မတ ဒေါ်နယ်လ်ထရမ့် ကိုယ်တိုင် မိတ်ဆက် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

သူနဲ့အတူတူ ဓာတ်ပုံရိုက်ဖို့ အီတလီ ဝန်ကြီးချုပ်က ခခယယ တောင်းဆိုခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ စကားကို ကာယကံရှင်က ပြင်းပြင်းထန်ထန် တုံ့ပြန် ငြင်းဆိုခဲ့ပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ပြေငြိမ်းရေး နားလည်မှု စာချွန်လွှာ (MoU)ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညစာစားရင်း လက်မှတ် ရေးထိုးခဲ့ပါတယ်။