Connect with us

Hi, what are you looking for?

နိုင်ငံတကာ

နှစ်နိုင်ငံတင်းမာနေချိန် ဂျပန်ထိန်းချုပ်ကျွန်းစုနားမှာ တရုတ်ကမ်းခြေစောင့်တပ် သင်္ဘောအုပ် ကင်းလှည့်ခုတ်မောင်း

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်အုပ် တစ်ခုက ဂျပန်ထိန်းချုပ်ထားရာ ကျွန်းစုနားကနေ ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။

တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်တစ်စီးကို ဆန်ကာကူ ကျွန်းစုအနီး ၂၀၂၄ ခုနှစ်က​တွေ့ရစဥ်။ ဓါတ်ပုံ- Reuters

နိုဝင်ဘာ-၁၇၊၂၀၂၅။People’s Spring

နှစ်နိုင်ငံ ဆက်ဆံရေး တင်းမာမှုတွေ ရှိနေချိန်မှာ တရုတ် ကမ်းခြေစောင့်တပ် ရေယာဉ်အုပ် တစ်ခုက ဂျပန်ထိန်းချုပ်ထားရာ ကျွန်းစုနားကနေ ဖြတ်သန်းခုတ်မောင်းခဲ့ပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့တုန်းက ဆန်ကာကူ ကျွန်းနားကနေ ရေယာဉ်အုပ် ဖြတ်သန်း ခုတ်မောင်းခဲ့တာဟာ ကင်းလှည့် ခုတ်မောင်းပိုင်ခွင့် လုပ်ထုံးလုပ်နည်းတွေနဲ့ ညီညွတ်တဲ့ ရွေးချယ်မှု တစ်ခုဖြစ်တယ်လို့ တရုတ် ကမ်းခြေစောင့်တပ်ကပြောပါတယ်။

တရုတ်က ထိုင်ဝမ်ကို တိုက်ခိုက်ရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူညီဖို့ တပ်တွေ စေလွှတ်ရမယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိ ပြောဆိုခဲ့တဲ့ မှတ်ချက်စကား တစ်ခွန်းကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းအရှေ့အာရှအင်အားကြီး နှစ်နိုင်ငံကြားမှာတင်းမာမှုတွေမြင့်တက်နေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၇ ရက်နေ့တုန်းက လွှတ်တော်ထဲမှာ အတိုက်အခံ အမတ်တစ်ဦးက ထိုင်ဝမ်ကိုတရုတ်ကသာ တိုက်ခိုက်တာမျိုးဖြစ်လာရင်ဘယ်လို ဆုံးဖြတ်မလဲလို့ မေးခဲ့တဲ့အပေါ် တကအိချိကဒါမျိုးကြုံလာရင် ဂျပန် ပြည်စောင့်တပ်က စစ်ရေးအရ တုံ့ပြန်ဖို့ ရွေးချယ်မယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။

တရုတ်ဟာထိုင်ဝမ်ကိုပိုင်နက်နယ်မြေတစ်ခုအဖြစ် သတ်မှတ်ထားပြီးထိုင်ဝမ်ကတော့သီးခြားလွတ်လပ်တဲ့ ရပ်တည်မှုကိုသာ လိုလားနေပါတယ်။ တကယ်လို့ လိုအပ်ရင် ထိုင်ဝမ်ကို စစ်ရေးအရ တိုက်ခိုက် သိမ်းယူမယ် ဆိုတာမျိုးလည်း တရုတ်က ခြိမ်းခြောက် သတိပေးထားဖူးပါတယ်။ဂျပန်နဲ့ ထိုင်ဝမ်တို့ဟာ ၁၁၀ ကီလိုမီတာလောက်သာ ကွာဝေးပါတယ်။

တရုတ်ကမ်းခြေစောင့်တပ်ရေယာဉ်အုပ် အမှတ် (၁၃၀၇)ဟာ ဒိုင်ယုကျွန်းစုတဝိုက် ရေပြင်မှာ နိုင်ငံတကာ ရေကြောင်းဥပဒေတွေနဲ့အညီ ကင်းလှည့် ခုတ်မောင်းခဲ့ကြောင်း၊ အဲဒီ ကင်းလှည့်မှုဟာ တရုတ်ရဲ့ လုပ်ပိုင်ခွင့်၊ အကျိုးစီးပွားတွေကိုကာကွယ်ဖို့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်တာဖြစ်ကြောင်း ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့ပါတယ်။ ဒိုင်ယုဆိုတာဟာဆန်ကာကူ ကျွန်းစုကိုပဲ တရုတ်နာမည်နဲ့ ခေါ်ဆိုတာဖြစ်ပါတယ်။အဲဒီ ကျွန်းစုကို တရုတ်နဲ့ ဂျပန်တို့ကြား ပိုင်ဆိုင်မှု အငြင်းပွားနေကြပြီး ဂျပန်က ထိန်းချုပ်ထားပါတယ်။

ဆန်ကာကူ ကျွန်းစုနားမှာ တရုတ် ကမ်းခြေစောင့်တပ်ရေယာဉ်အုပ်ဖြတ်သန်းခုတ်မောင်းမှုနဲ့ ပတ်သက်ပြီး တရုတ်နိုင်ငံဆိုင်ရာ ဂျပန်သံရုံးကတော့ ဘာမှတ်ချက်မှ မပေးသေးပါဘူး။ တကအိချိရဲ့ မှတ်ချက်အပြီး ဂျပန်ဟာ တရုတ်ဆီက သံတမန်ရေးရာဖိအားပေးမှုတွေနဲ့ကြုံနေသလိုတရုတ် နိုင်ငံသားတွေအနေနဲ့ ဂျပန်ကိုလတ်တလော သွားရောက်လည်ပတ်တာမျိုး မလုပ်ကြဖို့လည်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက တိုက်တွန်း ပြောကြားထားပါတယ်။

ကိုးကား- Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။