Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းတောင်ပိုင်း ရေကြီးမှုတွေကြောင့် ၃၃ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆယ်စုနှစ် တော်တော်များများအတွင်း အဆိုးဆုံး ရေကြီးမှုတွေ ကြုံတွေ့နေပြီး သေဆုံးသူ ၃၃ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆယ်စုနှစ် တော်တော်များများအတွင်း အဆိုးဆုံး ရေကြီးမှုတွေ ကြုံတွေ့နေပြီး သေဆုံးသူ ၃၃ ဦးထက်မနည်း ရှိလာခဲ့ပါတယ်။

မလေးရှားနဲ့ နယ်စပ်နားက ပြည်နယ်တွေမှာ ၃ ရက်ဆက်တိုက်လောက် မနားတမ်း သည်းသည်းမည်းမည်း မိုးရွာခဲ့တဲ့နောက် ရေကြီးမှုတွေ စတင်လာခဲ့တာ ဖြစ်ပါတယ်။ ဟတ်ယိုင်မြို့ကတော့ လက်ရှိ ရေကြီးနေတဲ့ နေရာအားလုံးထဲမှာ အခြေအနေ အဆိုးဆုံး ဧရိယာလို့ ဆိုနိုင်ပါတယ်။ ဟတ်ယိုင်မှာတော့ အခု သီတင်းပတ် အစောပိုင်းတုန်းက တစ်နေ့တည်းမှာတင် မိုးရေချိန် ၃၃၅ မီလီမီတာ ရွာသွန်းခဲ့ပါတယ်။ ဒါဟာ ဒေသတွင်းမှာ နှစ်ပေါင်း ၃၀၀ အတွင်း မိုးအသည်းထန်ဆုံးအဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။

အိမ်တွေက ရေတွေမြုပ်ကုန်တာကြောင့် ဒေသခံတွေဟာ အိမ်အမိုးတွေ၊ တိုက်အမိုးတွေပေါ်ထိ ရွှေ့ပြောင်းနေရပါတယ်။ ထိုင်းစစ်တပ်ရဲ့ ရဟတ်ယာဉ်တွေဟာ ပိတ်မိနေတဲ့ ဒေသခံတွေဆီ ရိက္ခာတွေ ပို့ဆောင်ပေးတာတွေအပြင် ဆေးရုံက လူနာတွေကို ရွှေ့ပြောင်းပေးဖို့ပါ ကူညီပေးနေပါတယ်။

မိုးကလည်း စဲမသွားသေးတာကြောင့် ဟတ်ယိုင်မှာ တစ်ပတ်လောက် ကြာတဲ့ထိ ရေမကျသေးပါဘူး။ ထိုင်းတောင်ပိုင်းက ရေကြီးခဲ့တဲ့ နေရာတချို့မှာတော့ နည်းနည်း ရေပြန်ကျနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရေကြီးမှုတွေကြောင့် ဒေသတွင်းမှာ လျှပ်စစ်မီးတွေလည်း ပြတ်တောက်ကုန်ပါတယ်။ ဟတ်ယိုင် ဆေးရုံမှာတော့ ဓာတ်အားပြတ်တောက်တာ၊ ဆေးဝါးတွေ ပြတ်လပ်ကုန်တာကြောင့် လက်ရှိမှာ အရေးပေါ် စောင့်ရှောက်မှု လိုအပ်နေတဲ့ လူနာတွေကို နိုဝင်ဘာ ၂၆ ရက်နေ့ကစလို့ တခြားဆေးရုံတွေဆီ ရဟတ်ယာဉ်တွေနဲ့ လွှဲပြောင်း ပို့ဆောင်ပေးနေပါတယ်။

ရဟတ်ယာဉ် ဆင်းလို့ရလောက်တဲ့ တိုက်ခေါင်မိုးတွေဆီကိုတော့ ကယ်ဆယ်ရေး အဖွဲ့တွေက မီးစက်တွေပါ သွားပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ဟတ်ယိုင်က တချို့နေရာတွေမှာ အသွားအလာ ခက်ခဲပြီး ကယ်ဆယ်ရေး အဖွဲ့တွေ ရောက်ရှိဖို့ ရုန်းကန်ရတာမျိုးတွေလည်း ကြုံနေရပါတယ်။

ထိုင်းရေတပ်ရဲ့ တစ်စီးတည်းသော လေယာဉ်တင်သင်္ဘော HTMS Chakri Naruebetကိုလည်း ကယ်ဆယ်ရေး မစ်ရှင်တွေမှာ ပူးပေါင်းဖို့အတွက် ထိုင်းတောင်ပိုင်း ရေပြင်ဆီ နိုဝင်ဘာ ၂၅ ရက်နေ့ ကတည်းက စေလွှတ်ထားပါတယ်။ အဲဒီ သင်္ဘောကြီးပေါ်မှာ ရဟတ်ယာဉ်တွေ အခြေစိုက်ပြီး ကယ်ဆယ်ရေး မစ်ရှင်တွေမှာ ပူးပေါင်းကြမှာပါ။

ထိုင်းက ပြည်နယ် ၉ ခုမှာ ရေကြီးမှုတွေ ကြုံတွေ့နေပြီး အိမ်တွေ၊ ကားတွေ၊ စျေးတွေ ရေနစ်ကုန်ကြပါတယ်။ ရေကြီးမှုတွေကြောင့် အိမ်ခြေ ၁ သန်းနီးပါးလောက်မှာ ထိခိုက်ပျက်စီးမှုတွေ ကြုံခဲ့ပြီး လူပေါင်း ၂.၇ သန်းကျော် ရေဘေးသင့်ခဲ့တယ်လို့လည်း သိရပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထောင်မကျချင်လို့ ထွက်ပြေးလာတဲ့ တရုတ် အမျိုးသမီး တစ်ဦးကို ထိုင်းအာဏာပိုင်တွေက ဘန်ကောက်မြို့တော်မှာ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။