Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အဂတိ ကိစ္စအတွက် နေအိမ်ကို စီးနင်းရှာဖွေ ခံရတဲ့နောက် ယူကရိန်း သမ္မတရုံး ဝန်ထမ်းအကြီးအကဲ နုတ်ထွက်

အဂတိ ကိစ္စနဲ့ ဆက်စပ်ပြီး နေအိမ်ကို စီးနင်းရှာဖွေ ခံခဲ့ရတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ရုံးအဖွဲ့ အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဓာတ်ပုံ - The New York Times

အဂတိ ကိစ္စနဲ့ ဆက်စပ်ပြီး နေအိမ်ကို စီးနင်းရှာဖွေ ခံခဲ့ရတဲ့နောက် ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးရဲ့ ရုံးအဖွဲ့ အကြီးအကဲဟာ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။

ဇီလန်စကီးက သမ္မတရုံး ဝန်ထမ်းရေးရာ အကြီးအကဲ အန်ဒရီ ယာမက်ခ် နုတ်ထွက်သွားတဲ့ အကြောင်းကို နိုဝင်ဘာ ၂၈ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။ ယာမက်ခ်ဟာ ယူကရိန်း နိုင်ငံရေး နယ်ပယ်မှာ ဩဇာကြီးမားတဲ့ ပုဂ္ဂိုလ် တစ်ဦးဖြစ်ပြီး ရုရှားရဲ့ ကျူးကျော်စစ် ကာလတလျှောက် ဇီလန်စကီးရဲ့ အနီးကပ် အကြံပေးအဖြစ် ရပ်တည်ခဲ့ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်း အစိုးရထဲမှာ အဂတိ လိုက်စားမှု အရှုပ်တော်ပုံတွေ ကြီးထွားလာခဲ့ပြီး ယာမက်ခ်ကိုပါ အမှုပတ်လာခဲ့တာ ဖြစ်ပါတယ်။ မရိုးသားတဲ့ ကိစ္စတွေမှာ ယာမက်ခ်ကိုယ်တိုင် ပါဝင် ကျူးလွန်တယ်လို့ တိုက်ရိုက် စွပ်စွဲတာမျိုးတော့ အခုထိ မရှိသေးပါဘူး။

ဇီလန်စကီးဟာ မကြာသေးခင်ကမှ ယာမက်ခ်ကို စစ်ရပ်စဲရေးကိစ္စအတွက် အမေရိကန်နဲ့ ဆွေးနွေးမှုတွေမှာ ဦးဆောင် ညှိနှိုင်းရေးမှူး တာဝန် ပေးအပ်ထားခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

ယာမက်ခ် နုတ်ထွက်တဲ့ အကြောင်းကို ကြေညာပြီးတဲ့နောက် ဇီလန်စကီးက လက်ရှိ ရှုပ်ထွေးနေတဲ့ ကာလမျိုးမှာတောင် ယူကရိန်း အနေနဲ့ စည်းလုံးနေဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။ စည်းလုံးမှု ပျက်ပြယ်သွားရင် ယူကရိန်းဟာ အနာဂတ် အပါအဝင် အရာအားလုံးကို ဆုံးရှုံးရလိမ့်မယ်လို့ သူက သမ္မတ အိမ်တော်ရှေ့မှာ ပြောကြားတဲ့ မိန့်ခွန်းထဲ ထည့်သွင်း သတိပေးသွားခဲ့ပါတယ်။

စစ်ရပ်စဲရေး ကြားဝင်ညှိနှိုင်းပေးနေတဲ့ အမေရိကန်နဲ့ ထိလွယ်ရှလွယ် ဆွေးနွေးမှုတွေကို လုပ်ဆောင်နေရတဲ့ အချိန်မှာ ယူကရိန်းဟာ အဂတိ အရှုပ်တော်ပုံတွေနဲ့ ကြုံလာရတာ ဖြစ်ပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့ မနက်အစောပိုင်းတုန်းက ယူကရိန်းရဲ့ အဂတိ တိုက်ဖျက်ရေး အေဂျင်စီ နှစ်ခုရဲ့ အရာရှိတွေဟာ ကိယက်ဗ်မြို့တော်၊ အစိုးရ အရာရှိများ အိမ်ရာထဲက ယာမက်ခ်ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်။ ယာမက်ခ်က သူဟာ အဲဒီ စုံစမ်း စစ်ဆေးမှုတွေမှာ အပြည့်အဝ ပူးပေါင်း ပါဝင်ခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာမှာ ရေးသားထားခဲ့ပါတယ်။

ဇီလန်စကီးကတော့ ယူကရိန်း နိုင်ငံအတွက် မျိုးချစ်စိတ် အပြည့်နဲ့ အလုပ်အကျွေး ပြုခဲ့တဲ့ ယာမက်ခ်ရဲ့ အားထုတ် ကြိုးစားမှုတိုင်းကို ကျေးဇူးတင်နေမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး သူ့နေရာ အစားထိုးမယ့် ကိစ္စကိုတော့ အမြန်ဆုံး ဆွေးနွေး တိုင်ပင် အဖြေရှာသွားမယ်လို့ ဆိုပါတယ်။

ရုရှားဟာ ယူကရိန်းကို အမှားတွေ ကျူးလွန်စေချင်နေကြောင်း၊ ဒီအခြေအနေမှာ ကိုယ့်ဖက်က မှားလို့မရကြောင်း၊ ယူကရိန်းရဲ့ အားထုတ်မှုတွေ၊ တိုက်ပွဲဝင်မှုတွေဟာ ရှေ့ဆက်နေရမှာဖြစ်ပြီး ဒီအနေအထားမှာ အချင်းချင်း ရန်ဖြစ်နေဖို့၊ အချင်းများနေဖို့၊ ပြဿနာရှာနေဖို့ ယူကရိန်းအတွက် အခွင့်အရေး မရှိကြောင်း ဇီလန်စကီးက ပြောကြားသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

သတင်း

မိုးကုတ်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးကို စစ်ကောင်စီက မန္တလေးမြို့၌ ယာယီဖွင့်လှစ်ထားပြီး ပွဲစားများကြားခံထားကာ မှတ်ပုံတင်တစ်ခုလျှင် ကျပ်လေးသိန်းထက်မနည်းယူ၍ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

နိုင်ငံတကာ

ကော်စတာဟာ လစ်သီယမ် ဓာတ်သတ္တု တူးဖော်ခွင့် ကိစ္စတစ်ခုနဲ့ ဟိုက်ဒရိုဂျက် ဓာတ်ငွေ့စက်ရုံ ပရောဂျက် တစ်ခုကို အကြောင်းပြုပြီး အဂတိ လိုက်စားမှု အရှုပ်အထွေး စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရကြောင်း ပြည်တွင်း မီဒီယာတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

အဲဒီ အရာရှိတွေက လူသစ် စုဆောင်းတဲ့ လုပ်ငန်းစဉ်တွေမှာ စစ်မှုထမ်းဖို့ ရှောင်လွှဲချင်သူတွေဆီက လာဘ်ငွေယူတာ၊ ပြည်ပကို ထွက်ခွာနိုင်အောင် စီစဉ်ပေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဇီလန်စကီးက ဆိုပါတယ်။

သတင်း

ကမ္ဘာတစ်ဝန်း နိုင်ငံ​ပေါင်း ၁၈၀ ကို အကဲဖြတ်ရာမှာ​​နောက်ဆုံးက​​ရေတွက်ရင် အဂတလိုက်စားဆုံးနိုင်ငံတွထဲမှာ အဆင့် ၂၁ မှာ ရပ်တည်​နေတာဖြစ်ပါတယ်။

Facebook