Connect with us

Hi, what are you looking for?

သတင်း

မိုးကုတ်လဝကရုံး မန္တလေး၌ဖွင့်ထားပြီး နေ့စဉ် ကျပ်သိန်းချီလာဘ်စားနေ

မိုးကုတ်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးကို စစ်ကောင်စီက မန္တလေးမြို့၌ ယာယီဖွင့်လှစ်ထားပြီး ပွဲစားများကြားခံထားကာ မှတ်ပုံတင်တစ်ခုလျှင် ကျပ်လေးသိန်းထက်မနည်းယူ၍ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

မိုးကုတ်မြို့လဝကရုံးမှ စစ်ကောင်စီ၏ ဝန်ထမ်းများအား ၂၀၂၂ မတ်လက တွေ့ရစဉ်။ ဓာတ်ပုံ - စကစပြန်ဆက်

ကဖေး/People’s Spring

မိုးကုတ်မြို့မှ လူဝင်မှုကြီးကြပ်ရေးဌာန(လဝက)ရုံးကို စစ်ကောင်စီက မန္တလေးမြို့၌ ယာယီဖွင့်လှစ်ထားပြီး ပွဲစားများကြားခံထားကာ မှတ်ပုံတင်တစ်ခုလျှင် ကျပ်လေးသိန်းထက်မနည်းယူ၍ ပြုလုပ်ပေးနေကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၊ လမ်း၃၀× ၆၈လမ်းတွင် ယာယီလဝကရုံးဖွင့်၍ မိုးကုတ်မြို့ခံများအား မှတ်ပုံတင်ပြုလုပ်ပေးနေခြင်းဖြစ်သည်။

” ကျမ မှတ်ပုံတင် အသစ်လုပ်တာ လေးသိန်းပေးရတယ်။ ပွဲစားကတဆင့် လုပ်ပေးတာ။ ဦးစီးမှူးအတွက်က ၂သိန်းခွဲပေးရတယ်တဲ့။ ကျန်တာ မျှစာကြတာ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊PDF ပူးပေါင်းတပ်များနှင့် မိုးကုတ်ဗျူဟာက ၂၀၂၄ ဇွန်လ ၂၅ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ဇူလိုင် ၂၄ရက်တွင် သိမ်းပိုက်ခဲ့သည်။ ထို့နောက် TNLA နှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များပါသည့် မြို့မိမြို့ဖအဖွဲ့က အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်။

မိုးကုတ်မြို့ရှိ ဌာနဆိုင်ရာများကို စစ်ကောင်စီက မန္တလေးမြို့တွင် ပြောင်းရှေ့ဖွင့်လင်းခဲ့ပြီး ဌာနဆိုင်ရာအများစု လုပ်ငန်းရပ်တန့်နေသော်လည်း လဝကဌာနမှာ ကောင်းစွာလည်ပတ်နေသည်။

” ဘယ်သွားသွား မှတ်ပုံတင် အစစ်ခံနေရတော့ မလုပ်လို့ကမရဘူး။ လဝကရုံးမှာ ပွဲတော်ကြီးဖြစ်နေတာပဲ” ဟု မိုးကုတ်မြို့ခံတစ်ဦးက ပြောသည်။

အဆိုပါယာယီလဝကရုံး၌ မှတ်ပုံတင်ပြုလုပ်သူ နေ့စဉ် သုံးရာထက်မနည်းရှိကြောင်း People’s Spring က စုံစမ်းသိရှိရသည်။ မိုးကုတ်မြို့အပြင် အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် မိုးမိတ်၊ မိုင်းလုံ၊ သပိတ်ကျင်းမြို့များမှ မှတ်ပုံတင်လိုအပ်သည့်ဒေသခံများကပါ လာရောက်လုပ်ဆောင်နေခြင်းဖြစ်သည်။

မှတ်ပုံတင်အသစ်လုပ်ပါက အိမ်ထောင်စုဇယားနှင့် ပျောက်ဆုံး မှတ်ပုံတင်နံပတ်သာလိုအပ်ပြီး ‌ငွေလေးသိန်းပေးပါက မှတ်ပုံတင် နေ့ချင်းရမည်ဟု ပွဲစားတစ်ဦးက ပြောသည်။

” အသစ်လုပ်မယ်ဆိုရင်တော့ လေးသိန်းပေးရမယ်ဗျ။ နိုင်ငံခြားထွက်ဖို့ဆိုရင်တော့ အရင်လိုရင် လေးသိန်းခွဲပေးရမယ်” ဟု မှတ်ပုံတင်လိုက်လံပြုလုပ်ပေးနေသည့် ပွဲစားတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲမေဟောင်းတစ်ဦး စစ်တပ်နဲ့ ပူးပေါင်းသွားပြီး တော်လှန်ရေးရဲဘော်တွေကို လာပူးပေါင်းဖို့ ခြိမ်းခြောက် စည်းရုံးနေကြောင်း မိုးကုတ်ပကဖ ထုတ်ပြန်ပါတယ်။

သတင်း

မိုးကုတ်မြို့ဝန်းကျင်မှာတော်လှန်​ရေးတပ်​တွေက​ လေး​လ​ခန့်ကြာခုခံတိုက်ခိုက်ခဲ့

သတင်း

မန္တလေးတိုင်း၊မိုးကုတ်မြို့အနောက်ခြမ်းမှာ တော်လှန်ရေးတပ်တွေစိုးမိုးနယ် မြေထဲကျွံဝင်လာတဲ့စစ်တပ် နဲ့ တော်လှန်ရေးတပ် တွေတိုက်ပွဲဖြစ်ပွားပြီး စစ်သား၇ဦး သေဆုံးခဲ့တယ်လို့ တော်လှန်ရေး တပ်တွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနီးမှာ တိုက်ပွဲပိုမိုပြင်းထန်လာပြီး စစ်ကောင်စီ ဗုံးကြဲလေယာဉ်တချို့ ပျံဝဲနေတယ်လို့ မြို့ခံတွေ လေကြောင်းအန္တရာယ် စိုးရိမ်နေကြပါတယ်။

Facebook