Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အရက်ဘီ​ယာ နေ့ခင်းပိုင်း ဝယ်ယူခွင့် ကန့်သတ်ချက် ထိုင်းဖြေလျော့

ထိုင်းနိုင်ငံအတွင်း နေ့ခင်းပိုင်း အချိန်တွေမှာ အရက်ဘီယာ ရောင်းချခွင့် ကန့်သတ်ထားမှုကို ထိုင်းအာဏာပိုင်တွေက ဖြေလျှော့ပေးလိုက်ကြောင်း သိရပါတယ်။

ဓာတ်ပုံ - ဘန်ကောက်ပို့်စ်

ဒီဇင်ဘာ – ၄ ၊၂၀၂၅

ထိုင်းနိုင်ငံအတွင်း နေ့ခင်းပိုင်း အချိန်တွေမှာ အရက်ဘီယာ ရောင်းချခွင့် ကန့်သတ်ထားမှုကို ထိုင်းအာဏာပိုင်တွေက ဖြေလျှော့ပေးလိုက်ကြောင်း သိရပါတယ်။

ဆယ်စုနှစ်တွေနဲ့ချီ တည်တံ့ခဲ့တဲ့ အဲဒီ စည်းမျဉ်းကို ဖြေလျှော့ပေးခြင်းဟာ နိုင်ငံရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း တိုးတက်စေရေးကို အားပေး ကူညီဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

စည်းမျဉ်း ဖြေလျှော့မှုကို ခြောက်လ စမ်းသပ်ကာလ စတင် ကျင့်သုံးမှာဖြစ်ပြီး နေ့ခင်း ၂ နာရီကနေ ညနေ ၅ နာရီအတွင်း အရက်စတိုးတွေ၊ စားသောက်ဆိုင်တွေမှာ ဘီယာ၊ ဝိုင်နဲ့ တခြား အယ်လ်ကိုဟောပါတဲ့ အချိုရည်တွေ ရောင်းချခွင့် ရရှိလာတော့မှာပါ။ ဒါပေမဲ့ အရက်အပြင်းတွေကိုတော့ အဲဒီ အချိန်အပိုင်းအခြားအတွင်း ရောင်းချခွင့် ဆက်ပြီး ပိတ်ထားမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မူလစည်းမျဉ်းအရတော့ နေ့စဉ် အဲဒီ ၃ နာရီကြာ အချိန်အတောအတွင်း အယ်လ်ကိုဟောပါတဲ့ အရက်ဘီယာမှန်သမျှ ရောင်းချခွင့် တားမြစ်ထားခဲ့တာ ဖြစ်ပါတယ်။ ၁၉၇၂ ခုနှစ်တုန်းက စတင်သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းရဲ့ မူလ ရည်ရွယ်ချက်ကတော့ အလုပ်ချိန်မှာ အစိုးရ ဝန်ထမ်းတွေ အရက်သောက်တာကို တားဆီးဖို့ ဖြစ်ပါတယ်။

ခရစ္စမတ်နဲ့ နှစ်သစ်ကူး အားလပ်ရက်တွေ နီးကပ်လာတဲ့ အချိန်မှာ အခုလို စည်းမျဉ်း ဖြေလျှော့မှုကို ထိုင်းအာဏာပိုင်တွေက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲဒီကာလဟာ ထိုင်းမှာတော့ ကမ္ဘာလှည့် ခရီးသွား လာရောက်လည်ပတ်မှုနှုန်း အမြင့်ဆုံး အချိန်မျိုးတွေပါ။

အခုအခါ ထိုင်းနိုင်ငံမှာ နေ့စဉ် အရက်ရောင်းချခွင့်ကို မူလက ည ၁၁ နာရီ သတ်မှတ်ထားရာကနေ သန်းခေါင်ယံအထိ ၁ နာရီ အချိန်တိုးပေးလိုက်ပါတယ်။ အဲဒီ အပြောင်းအလဲတွေရဲ့ သက်ရောက်မှုကို ကော်မတီ တစ်ရပ်က စောင့်ကြည့်ပြီး ပြန်လည် သုံးသပ်သွားမှာ ဖြစ်ပါတယ်။

ထိုင်းမှာတော့ သတ်မှတ်ချိန်ပြင်ပ အရက်ရောင်းချမှုတွေအတွက် ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ထိ တပ်ရိုက်နိုင်ပါတယ်။

စက်တင်ဘာလမှာ ထိုင်းဝန်ကြီးချုပ် ဖြစ်လာတဲ့ အနုတင် ချန်ဗီရက်ကူက သူ့ရဲ့ အစိုးရ လက်ထက်မှာ နိုင်ငံ စီးပွားရေးရဲ့ အဓိက အစိတ်အပိုင်း တစ်ခုဖြစ်တဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည် တိုးတက်ရေးကို ကြိုးစား အကောင်အထည် ဖော်သွားမယ်လို့ ကတိပြုထားပါတယ်။

ထိုင်းဟာ အာရှတိုက်မှာ အရက်သောက်နှုန်း အမြင့်ဆုံး နိုင်ငံတစ်ခုလို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထုတ်ပြန်ထားပါတယ်။ ပြီးတော့ ပြည်တွင်း ယမကာ အမှတ်တံဆိပ်တွေဖြစ်တဲ့ Changနဲ့ Singhaတို့ကလည်း သောက်သုံးသူတွေကြားမှာ လူကြိုက်များကြပါတယ်။

ကိုးကား – BBC

ဆက်စပ်သတင်းများ

သတင်း

သဘာဝအတိုင်း ပေါက်နေတဲ့ ရှားပါးမျိုးစိတ် မြေလျှောက်ပင်တွေကို တက်နင်းခဲ့တဲ့အတွက် မင်္ဂလာပွဲကြို (pre-wedding) ဓာတ်ပုံရိုက်သူ မြန်မာနှစ်ဦးဟာ ဒဏ်ကြေး ဘတ် ၁၀,၀၀၀ ပေးဆောင်ခဲ့ရပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ နိုင်ငံခြားသား ရွှေ့ပြောင်း အခြေချသူတွေအတွက် တရားမဝင် မှတ်ပုံတင် လုပ်ပေးမှုနဲ့ ဆက်စပ်ပြီး လူ ၂၇ ဦးကို ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

သတင်း

ထိုင်းနိုင်ငံက ဖမ်း၀ရမ်းထုတ်ထားတဲ့ မြ၀တီမြို့နယ်အခြေစိုက် ကရင်နယ်ခြားစောင့်တပ် (BGF) အမှတ်(၄)တပ်နယ်မှူး စောမုတ်သုန်က ဗိုလ်မှူးချုပ်အဆင့်ရာထူးတိုးပြီး ဂုဏ်ပြုပွဲအတူ မွေးနေ့ပွဲ အထိမ်းအမှတ်တွေ ပြုလုပ်နေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ဗီဇာစည်းမျဉ်းအပြောင်းအလဲတွေဟာ ဒီနေ့ (စက်တင်ဘာ ၁၅ ရက်)မှာစတင် အသက်ဝင်လာပြီ ဖြစ်ပါတယ်။

Facebook