Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂျပန်က စစ်ရေးအရ ခြိမ်းခြောက်နေပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးပြော

တရုတ်ဟာ ဂျပန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

တရုတ်ဟာ ဂျပန်ရဲ့ စစ်ရေးအရ ခြိမ်းခြောက်ခြင်းကို ခံခဲ့ရပါတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ဂျာမနီ နိုင်ငံခြားရေး ဝန်ကြီး ဂျိုဟန်း ဝေ့ဒ်ဖူလ်နဲ့ ဒီဇင်ဘာ ၈ ရက်နေ့တုန်းက ဘေဂျင်းမြို့မှာ တွေ့ဆုံခဲ့ချိန်မှာ ဝမ်ယိက အခုလို ပြောဆိုခဲ့တာပါ။ ဂျပန်ဆီက စစ်ရေးအရ ခြိမ်းခြောက်မှုမျိုးဆိုတာ တရုတ်အနေနဲ့ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိတဲ့ ကိစ္စလို့လည်း ဝမ်ယိက ဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ဂျပန် တိုက်လေယာဉ်တွေကို တရုတ် တိုက်လေယာဉ်တွေက ပစ်မှတ်ရှာ ရေဒါနဲ့ ချိန်ရွယ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ဝမ်က အခုလိုမျိုး စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။ တရုတ် တိုက်လေယာဉ်တွေရဲ့ လုပ်ရပ်ဟာ အန္တရာယ် များလွန်းပြီး အဆင်ခြင် ကင်းမဲ့ကြောင်း ဂျပန်က ရှုတ်ချခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ တရုတ်ရေတပ် လှုပ်ရှားနေတဲ့ နေရာကို ဂျပန် တိုက်လေယာဉ်တွေက ချဉ်းကပ်ခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ပြီး ရေဒါနဲ့ ချိန်တယ် ဆိုတာကလည်း ရန်လိုတဲ့ အဓိပ္ပါယ် မဟုတ်ဘဲ လုပ်ထုံးလုပ်နည်းအရ လိုအပ်တဲ့ ရှာဖွေ မှတ်သားမှုတွေကို လုပ်ခဲ့တာသာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။

နောက်တော့ ဘေဂျင်းမှာ ဝေ့ဒ်ဖူလ်နဲ့ တွေ့တဲ့အခါ ဝမ်က ဂျပန်ကသာ တကယ်တမ်း စစ်ရေးအရ ခြိမ်းခြောက်တဲ့ နိုင်ငံဖြစ်ပါတယ်လို့ စွပ်စွဲခဲ့တာပါ။ အခုနှစ်ဟာ ဒုတိယ ကမ္ဘာစစ် ပြီးဆုံးမှု နှစ် ၈၀ ပြည့်တဲ့ ကာလဖြစ်ကြောင်း၊ အဲဒီတုန်းက စစ်ရှုံးခဲ့တဲ့ နိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်ဟာ အခုလို ကာလမျိုးမှာ ပိုပြီး ဆင်ခြင်သင့်တယ်လို့လည်း ဝမ်က ဆိုပါတယ်။ တစ်ဖက်မှာတော့ ဂျာမနီ ကိုယ်တိုင်ကလည်း ဒုတိယ ကမ္ဘာစစ်မှာ စစ်ရှုံးနိုင်ငံ ဖြစ်ခဲ့တာပါ။

Public Service Announcement

Public Service Announcement

တရုတ်ကသာ ထိုင်ဝမ်ကို တိုက်ခိုက်မယ်ဆိုရင် ဂျပန်ကလည်း ထိုင်ဝမ်ကို ကူပြီး တပ်တွေ စေလွှတ်ပေးဖွယ် ရှိတယ်ဆိုတဲ့ ဂျပန် ဝန်ကြီးချုပ် စာနအဲ တကအိချိရဲ့ မှတ်ချက်ကို အကြောင်းပြုပြီး ဝမ်က ဂျပန်ဟာ တရုတ်ကို စစ်ရေးအရ ခြိမ်းခြောက်နေပါတယ်လို့ စွပ်စွဲခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ဂျပန်ရဲ့ ခေါင်းဆောင်က ထိုင်ဝမ်ကိစ္စကို အကြောင်းပြုပြီး တရုတ်အပေါ် မေးခွန်းထုတ်နေကြောင်း၊ ဒါပေမဲ့ တရုတ်ပိုင်နက်ဖြစ်တဲ့ ထိုင်ဝမ်ကို ဂျပန်ကပဲ နှစ်ပေါင်း ၅၀ လောက် မတရား အုပ်စိုးပြီး ပြည်သူတွေအပေါ် ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း၊ အခုလည်း ထိုင်ဝမ် အရေးကို အကြောင်းပြုပြီး တရုတ်ကို ပြဿနာရှာ၊ စစ်ရေးအရ ခြိမ်းခြောက်တာတွေ ဂျပန်က လုပ်နေပြီး ဒါကို တရုတ်အနေနဲ့ ဘယ်လိုမှ လက်ခံမှာ မဟုတ်ကြောင်းလည်း ဝမ်က ဆိုပါတယ်။

ဂျပန်ဟာ ထိုင်ဝမ်ကို ကိုလိုနီအဖြစ် ၁၈၉၅ ကနေ ၁၉၄၅ ခုနှစ်ထိ ထိုင်ဝမ်ကို ကိုလိုနီအဖြစ် အုပ်စိုးခဲ့ဖူးပါတယ်။ ဝမ်က လက်ရှိ ဂျပန် ဝန်ကြီးချုပ်ဟာ အဲဒီ သမိုင်းကြောင်းတွေကို ဖုံးကွယ်ပြီး ထိုင်ဝမ်နဲ့ ပတ်သက်လို့ ကြောင်သူတော်ယောင် ဆောင်ထားတဲ့ အဆင်ခြင်မဲ့ မှတ်ချက်စကားတွေကို ပြောဆိုနေခဲ့ကြောင်းလည်း ဝေဖန်သွားပါတယ်။

သူက ထိုင်ဝမ် ဆိုတာဟာ တရုတ်ပိုင်နက် နယ်မြေတစ်ခု ဖြစ်တယ် ဆိုတာကို ခိုင်မာတဲ့ သမိုင်းကြောင်း၊ ဥပဒေရေးရာ အချက်အလက်တွေ အခိုင်အမာ ရှိထားပြီး အဲဒီ အရှိတရားအပေါ် ဘာမှ မေးခွန်းထုတ်နေဖို့ မလိုကြောင်းလည်း ပြောကြားသွားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ အထည်အလိပ်စက်ရုံ မီးလောင်မှု ဖြစ်ပွားပြီး လူ ၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ အဆင့်အမြင့်ဆုံး F-35 တိုက်လေယာဉ် အစိတ်အပိုင်းတွေ တင်ဆောင်သွားတဲ့ သင်္ဘောတစ်စီးက လမ်းကြောင်းပြောင်းပြီး တရုတ်ပိုင်နက်ထဲ ကမ်းကပ်ခဲ့တဲ့၊ နောက်ဆက်တွဲ အနေနဲ့ အစိတ်အပိုင်းတချို့ ပျောက်ဆုံးခဲ့တဲ့ ဖြစ်စဉ်ကို အမေရိကန် လွှတ်တော်မှာ စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

အမေရိကန်ကို တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်လည်ပတ်တဲ့အခါ လေဆိပ်ထိ ဆင်းကြိုဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က စီစဉ်နေကြောင်း သိရပါတယ်။