Connect with us

Hi, what are you looking for?

နိုင်ငံတကာ

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေ ရောင်းချဖို့ သဘောတူ လက်မှတ်ရေးထိုး

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေကို လက်လွှဲရောင်းချဖို့ မိခင်ကုမ္ပဏီ ByteDanceက သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာတွေကို လက်လွှဲရောင်းချဖို့ မိခင်ကုမ္ပဏီ ByteDanceက သဘောတူ လက်မှတ် ရေးထိုးလိုက်ပါတယ်။

တရုတ် နည်းပညာ လုပ်ငန်းစု တစ်ခုဖြစ်တဲ့ ByteDanceဟာ ကမ္ဘာကျော် လူမှုကွန်ရက် မီဒီယာ TikTokရဲ့ ရှယ်ယာ အများစုကို အမေရိကန်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေနဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူတွေဆီ လက်လွှဲ ရောင်းချသွားမှာ ဖြစ်ပါတယ်။

ဒီတော့ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲ ရှယ်ယာ ထက်ဝက်လောက်ကို Oracle၊ Silver Lakeတို့အပြင် အာရပ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီး MGXလို ကုမ္ပဏီတွေက ပိုင်ဆိုင်လာမှာ ဖြစ်ပါတယ်။ အဲဒီ အကြောင်းကို ကုမ္ပဏီ အမှုဆောင်ချုပ် ရှုဇီချူးက အမေရိကန် လုပ်ငန်းခွဲ ဝန်ထမ်းတွေဆီ ဒီဇင်ဘာ ၁၈ ရက်နေ့မှာ အသိပေးခဲ့ပါတယ်။

တရုတ် နည်းပညာ လုပ်ငန်းစု တစ်ခုက ပိုင်ဆိုင်တဲ့ TikTokဟာ အမေရိကန်မှာ လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုတွေ ဖြစ်စေနိုင်တယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန် လက်ထက် ကတည်းက TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန် ကုမ္ပဏီတွေဆီ ရောင်းချဖို့ ဖိအားပေးနေခဲ့တာ ဖြစ်ပါတယ်။ နှစ်တွေနဲ့ချီ ကြာမြင့်ခဲ့တဲ့နောက် အခုအခါမှာတော့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဇန်နဝါရီ ၂၂ ရက်နေ့မှာ အဲဒီ သဘောတူညီမှုကို အပြီးသတ် လုပ်ဆောင်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲကို အမေရိကန်ဆီ မရောင်းချရင် ပြည်တွင်းမှာ သုံးစွဲခွင့်ပိတ်ဖို့ အမိန့်ကို သမ္မတ ဒေါ်နယ်လ်ထရမ့်က စက်တင်ဘာလမှာ ဆိုင်းငံ့ပေးခဲ့ချိန် ကတည်းက အရောင်းအဝယ်ကိစ္စ နောက်ကွယ်မှာ စကားပြောနေကြောင်း ကြေညာထားခဲ့ပါတယ်။

လက်ရှိ သဘောတူညီမှုကြောင့် TikTok သုံးစွဲသူ အမေရိကန် သန်း ၁၇၀ ကျော်ဟာ တခြားနိုင်ငံတကာ အသိုက်အဝန်းနဲ့အတူ ဖြစ်နိုင်ခြေတွေ အကန့်အသတ်မရှိတဲ့ ကမ္ဘာတစ်ခုကို ဆက်ပြီး စူးစမ်းခွင့် ရနေလိမ့်မယ်လို့ ရှုက ဝန်ထမ်းတွေဆီ ပေးပို့တဲ့ အသိပေးစာထဲမှာ ဖော်ပြထားပါတယ်။

ညှိနှိုင်းသဘောတူညီမှုအရ TikTokဟာ အမေရိကန် လုပ်ငန်းခွဲတွေရဲ့ ရှယ်ယာ ၁၉.၉ ရာခိုင်နှုန်းကိုတော့ ဆက်လက် ထိန်းသိမ်းခွင့် ရထားမှာပါ။ Oracle၊ Silver Lakeနဲ့ ယူအေအီးနိုင်ငံ အခြေစိုက် MGXတို့ကတော့ ရှယ်ယာ ၁၅ ရာခိုင်နှုန်းစီ ခွဲဝေ ဝယ်ယူခွင့်ရမှာ ဖြစ်ပါတယ်။ နောက်ထပ် ရှယ်ယာ ၃၀.၁ ရာခိုင်နှုန်းကိုတော့ လက်ရှိ ByteDanceရဲ့ ရှယ်ယာရှင်တွေနဲ့ အဆက်အနွှယ်တွေက ထိန်းချုပ်ထားမယ်လို့ ဆိုပါတယ်။

သဘောတူညီမှုရဲ့ အစိတ်အပိုင်း အနေနဲ့ ထရမ့်ရဲ့ မဟာမိတ် လယ်ရီ အယ်လီဆန် ပူးတွဲထူထောင်ထားတဲ့ Oracleဟာ TikTokရဲ့ recommendation algorithm နည်းပညာကိုလည်း လိုင်စင်လွှဲယူခွင့် ရမယ်လို့ အစောပိုင်းတုန်းက အိမ်ဖြူတော်က ပြောကြားထားခဲ့ပါတယ်။

မနှစ်က ဧပြီလတုန်းက ဘိုင်ဒန်ဦးဆောင်တဲ့ အမေရိကန် အစိုးရဟာ TikTokရဲ့ အမေရိကန် လုပ်ငန်းခွဲတွေကို လက်လွှဲ ရောင်းမချဘူးဆိုရင် လုံခြုံရေး စိုးရိမ်မှုအတွက် ပြည်တွင်း သုံးစွဲခွင့်ပိတ်ဖို့ ဥပဒေ တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

ထရမ့်က သမ္မတအဖြစ် စတင်တာဝန်ယူတဲ့ ဇန်နဝါရီ ၂၀ မှာ ဥပဒေ စတင်အသက်ဝင်မှာ ဖြစ်ပေမယ့် ထရမ့်ရဲ့ အမိန့်နဲ့ အကြိမ်ကြိမ် ဆိုင်းငံ့စေခဲ့ပြီး တစ်ဖက်မှာလည်း အမေရိကန် အစိုးရဟာ TikTokကို အမေရိကန် လုပ်ငန်းတွေက လွှဲပြောင်းဝယ်ယူရေး ကိစ္စကို တွန်းအားပေးနေခဲ့ပါတယ်။

စက်တင်ဘာလမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းပြောခဲ့တဲ့ အခါမှာတော့ အဲဒီ အရောင်းအဝယ် ကိစ္စကို ရှီက မီးစိမ်းပြပေးခဲ့ကြောင်း ထရမ့်က ပြောကြားသွားပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ လက်ရွေးစင် အသင်း ကြုံတွေ့နေတဲ့ ကန့်သတ်ခံရမှုတွေနဲ့ ပတ်သက်ပြီး ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ဆီ တရားဝင် အရေးဆိုသွားမယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။

နိုင်ငံတကာ

ဆွစ်ဇာလန်မှာ အီရန် ကိုယ်စားလှယ်တွေနဲ့ သွားရောက်တွေ့ဆုံပြီး စစ်ပြေငြိမ်းရေး လုပ်ထုံးလုပ်နည်းဆိုင်ရာ သဘောတူညီမှုတွေအတွက် လက်မှတ်ရေးထိုးမယ့် ခရီးစဉ်ကို အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ် ဗန့်စ်က ပယ်ဖျက်လိုက်ပါတယ်။

နိုင်ငံတကာ

တရုတ် တိုက်လေယာဉ်တွေ ဝယ်ယူဖို့ ဘင်္ဂလားဒေ့ရှ်က ကမ်းလှမ်းထားတဲ့အပေါ် အိန္ဒိယက စိုးရိမ်တကြီး စောင့်ကြည့် လေ့လာနေကြောင်း သိရပါတယ်။

သတင်း

ပါရှန်း ပင်လယ်ကွေ့မှာ အီရန်ရေယာဉ်တွေကို တားဆီးဖို့ ဖြန့်ကျက်ထားတဲ့ အမေရိကန် ရေတပ် ပိတ်ဆို့မှုကို ရုပ်သိမ်းလိုက်ပြီလို့ အမေရိကန် စစ်တပ်က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။