Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား တောင်ပေါ် အပန်းဖြေ စခန်းအသစ်ကို ကင်မ်ဂျုံအွန်း သွားရောက်စစ်ဆေး

မြောက်ကိုရီးယားမှာ အသစ်ဖွင့်လှစ်ထားတဲ့ တောင်ပေါ် အပန်းဖြေ စခန်းတစ်ခုကို နိုင်ငံအဓိပတိ ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ - KCNA

မြောက်ကိုရီးယားမှာ အသစ်ဖွင့်လှစ်ထားတဲ့ တောင်ပေါ် အပန်းဖြေ စခန်းတစ်ခုကို နိုင်ငံအဓိပတိ ကင်မ်ဂျုံအွန်းက သွားရောက် စစ်ဆေးခဲ့ပါတယ်။

ဓာတ်ပုံ – KCNA

အစိုးရပိုင် KCNA သတင်းဌာနက ဒီဇင်ဘာ ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာတော့ ကင်မ်ဟာ သမီးဖြစ်သူ ကင်မ်ဂျူအေးနဲ့အတူ အဲဒီ အပန်းဖြေ စခန်းရဲ့ ဟိုတယ်တွေနဲ့ တခြားနေရာတွေကို လှည့်ပတ် စစ်ဆေးနေခဲ့တာ တွေ့ရပါတယ်။ ဂျူအေးဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး အနာဂတ်မှာ မြောက်ကိုရီးယား နိုင်ငံကို ဦးဆောင်လိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။

ဆမ်ဂျီယောင် ဒေသမှာ ဖွင့်လှစ်ထားတဲ့ အပန်းဖြေစခန်းဟာ ကမ္ဘာလှည့် ခရီးသွားတွေကို ဆွဲဆောင်နိုင်မှာ ဖြစ်သလို ပြည်သူတွေအတွက်လည်း စိတ်အပန်းဖြေစရာ နေရာတစ်ခု ဖြစ်လာမယ်လို့ KCNAက ဆိုပါတယ်။

ကင်မ်ဟာ အပန်းဖြေ စခန်းရဲ့ ဟိုတယ်တွေက နွေးထွေးပြီး သက်တောင့်သက်သာ ရှိတာကို အရမ်း သဘောကျပြီး ချီးကျူးခဲ့တယ်လို့လည်း KCNAက ဖော်ပြသွားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီလို အပန်းဖြေ စခန်းတွေ ထူထောင်နိုင်ခြင်းဟာ မြောက်ကိုရီးယားရဲ့ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးရေး ရည်မှန်းချက်တွေမှာ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားတယ်ဆိုတဲ့ အထောက်အထားဖြစ်ကြောင်းလည်း ကင်မ်က ချီးကျူးခဲ့ပါတယ်။

ဒါပေမဲ့ အခုလို အပန်းဖြေ စခန်းတွေဟာ သာမန် မြောက်ကိုရီးယား နိုင်ငံသားတွေရဲ့ ဝင်ငွေနဲ့ လက်လှမ်းမီနိုင်ပါ့မလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။ လေ့လာသူတွေကတော့ အစိုးရပိုင် စက်ရုံတွေမှာ အလုပ်လုပ်တဲ့ ဝန်ထမ်းတွေရဲ့ အခြေခံ လစာဟာ တစ်လလုံးကိုမှ ၃ ဒေါ်လာလောက်ပဲ ရလေ့ရှိတယ်လို့ ဆိုပါတယ်။

ဆမ်ဂျီယောင်ဟာ နိုင်ငံရဲ့ အမြင့်ဆုံး တောင်ထွတ်ဖြစ်တဲ့ ပတ်ကူနဲ့ သိပ်မဝေးတဲ့ နေရာမှာ တည်ရှိပါတယ်။ ကင်မ်ရဲ့ဖခင်ဖြစ်တဲ့ ကင်မ်ဂျုံအီလ်ဟာ အဲဒီတောင်နားမှာ မွေးဖွားခဲ့တယ်လို့ ကြေညာထားပေမယ့် မြောက်ကိုရီးယားအရေး စောင့်ကြည့် လေ့လာသူတွေကတော့ သူ့ရဲ့ တကယ့် မွေးဇာတိ အစစ်ဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဖြစ်နိုင်ကြောင်း ပြောကြားထားကြပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

နိုင်ငံတကာ

ကိုရီးယား နှစ်နိုင်ငံ နယ်စပ်မှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့တာကြောင့် တောင်ကိုရီးယား စစ်တပ် အရာရှိ သုံး ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ကုလသမဂ္ဂရဲ့ နျူကလီးယား ထိန်းချုပ်ရေး အေဂျင်စီဟာ စည်းမျဉ်းတွေကို လိုတစ်လို၊ မလိုတစ်မျိုး ကျင့်သုံးနေတယ်လို့ မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်တွေ စွန့်လွှတ်ဖို့ အလားအလာကို အရူးတွေပဲ ယုံလိမ့်မယ်လို့ နိုင်ငံ အဓိပတိ ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူက ပြောကြားလိုက်ပါတယ်။

Facebook