Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကြောင့် လူ ၄၀ သေဆုံးတဲ့ ဆွစ်ဇာလန် မီးလောင်မှု ဖြစ်ပွားခဲ့

ဆွစ်ဇာလန် နိုင်ငံမှာ လူ ၄၀ သေဆုံးခဲ့တဲ့ အရက်ဘား မီးလောင်မှုဟာ ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကနေ စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဆွစ်ဇာလန် နိုင်ငံမှာ လူ ၄၀ သေဆုံးခဲ့တဲ့ အရက်ဘား မီးလောင်မှုဟာ ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကနေ စတင်ခဲ့တာလို့ တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတန်းက ကရန်စ် မွန်တာနာက အရက်ဘား တစ်ခုမှာ နှစ်သစ်ကူး ပါတီ ကျင်းပနေရင်း ဆိုးဆိုးရွားရွား မီးလောင်မှုကြောင့် လူ ၄၀ သေပြီး အသက်အန္တရာယ် စိုးရိမ်ရသူတွေ အပါအဝင် ၁၁၉ ဦး ဒဏ်ရာရခဲ့ပါတယ်။

မီးစတင် လောင်ကျွမ်းရတဲ့ အကြောင်းရင်းဟာ ရှန်ပိန် ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကြောင့် ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ကြိုတင် ထွက်ပေါ်နေခဲ့ပြီး ဇန်နဝါရီ ၂ ရက်နေ့မှာတော့ တာဝန်ရှိသူတွေက အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

ကရန်စ် မွန်တာနာမြို့ တည်ရှိရာ ဗာလိုင်စ် ဒေသရဲ့ ရှေ့နေချုပ် ဘီထရိက်စ် ပီလော့ဒ်က အခုအခါ စုံစမ်း စစ်ဆေးရေး အရာရှိတွေဟာ အဆောက်အအုံမှာ အသုံးပြုထားခဲ့တဲ့ ဆောက်လုပ်ရေး ပစ္စည်း အမျိုးအစားတွေ၊ အရက်ဘားရဲ့ မီးဘေး လုံခြုံရေး စံနှုန်းတွေ၊ အခင်းဖြစ်ချိန်က သတ်မှတ်ဦးရေထက်ပိုပြီး အရက်ဘားထဲမှာ ရှိနေခဲ့သလား ဆိုတာတွေကို ဆက်လက် စစ်ဆေးနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

တကယ်လို့ စည်းမျဉ်းချိုးဖောက်မှုတွေ ရှိခဲ့ကြောင်း စစ်ဆေးတွေ့ရှိရင် တာဝန်ရှိသူတွေကို ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း ပီလော့ဒ်က ဆိုပါတယ်။

သူက ရှန်ပိန်ပုလင်းတွေမှာ အလှဆင်ထားတဲ့ မီးရှူးမီးပန်းတွေကို မြှောက်ကိုင်ထားတဲ့အခါ မျက်နှာကျက်နဲ့ အရမ်းနီးသွားကြောင်း၊ အဲဒီကနေတဆင့် မျက်နှာကျက်ကို မီးကူးပြီး လျင်လျင်မြန်မြန် ပျံ့နှံ့ လောင်ကျွမ်းသွားတာလို့ ယုံကြည်ရကြောင်း သူက ရှင်းပြပါတယ်။

အရက်ဘားရဲ့ ပူးတွဲပိုင်ရှင် သုံးဦးထဲက တစ်ဦးကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း အဲဒီ အဆောက်အအုံကို ၃ ကြိမ် စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ကြောင်း၊ အာဏာပိုင်တွေ သတ်မှတ်ထားတဲ့ စံနှုန်းအားလုံးကို အတိအကျ လိုက်နာခဲ့ကြောင်း ပြောကြားသွားပါတယ်။

လောလောဆယ်မှာတော့ တာဝန်ရှိသူတွေဟာ သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေကို ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားနိုင်ဖို့ ဦးစားပေး လုပ်ဆောင်နေပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက်လု ကုသမှု ခံယူနေသူတွေလည်း ပါဝင်ကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့ အကြီးအကဲ ဖရိုင်းဒရစ် ဂီဆလာက ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရသူတွေထဲမှာ နိုင်ငံခြားသားတွေလည်း ပါဝင်နေပါတယ်။ ဒဏ်ရာရသူတွေထဲက ၁၁၃ ဦးကိုတော့ ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားသိရှိထားပြီး ဆွစ်ဇာလန် နိုင်ငံသား ၇၁ ဦး၊ ပြင်သစ် ၁၄ ဦး၊ အီတလီ ၁၁ ဦးနဲ့ ဆာဘီးယား ၄ ဦးတို့ ပါဝင်တယ်လို့ သိရပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၁၉ နှစ်အရွယ် ပြင်သစ် ဘောလုံးသမား တာဟိုင်းစ် ဒေါ့စ်ဆန်းတို့စ်လည်း ပါဝင်ခဲ့ပါတယ်။ သူ့ရဲ့ ကလပ်အသင်းဖြစ်တဲ့ မက်ဇ်ရဲ့ ထုတ်ပြန်ချက်အရ ဒေါ့စ်ဆန်းတို့စ်ဟာ ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာတွေ ရထားပြီး ဂျာမနီက ဆေးရုံတစ်ခုဆီ တင်ပို့ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ သူရဲ့ အခြေအနေကို အတိအကျ မသိရသေးဘဲ နောက်ဆက်တွဲ သတင်း အချက်အလက်တွေကို စိတ်ပူပန်စွာနဲ့ စောင့်ဆိုင်းနေဆဲလို့လည်း အသင်းက ထုတ်ပြန်ထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ