ဇန်နဝါရီ-၅၊၂၀၂၆။People’s Spring
ကမ္ဘာ့အရေး ကိစ္စတွေမှာ နိုင်ငံတစ်ခုတည်းက စိတ်တိုင်းကျ ခြယ်လှယ် ဆုံးဖြတ်နေတာကို လက်မခံနိုင်ကြောင်း တရုတ်က ပြောပါတယ်။ ဗင်နီဇွဲလား သမ္မတနစ်ကိုလက်စ်မာဒူရိုကိုအမေရိကန်ကအထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ဖမ်းဆီးခဲ့တဲ့နောက် တရုတ်က အခုလို တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
ဘယ်နိုင်ငံကမှကမ္ဘာ့ပုလိပ်ကြီး လုပ်နေတာမျိုးကို လက်ခံထားသင့်တယ်လို့ တရုတ်အနေနဲ့မယုံကြည်ကြောင်း၊ ဘယ်နိုင်ငံကမှလည်း ကမ္ဘာ့ တရားသူကြီးအဖြစ် ရပ်တည်လို့မရကြောင်းတရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိက ဘေဂျင်းမှာ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးအီရှတ်ဒ်ဒါးရ်ကိုလက်ခံ တွေ့ဆုံချိန်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီနိုင်ငံခြားရေးဝန်ကြီးနှစ်ဦးဟာထရမ့်ရဲ့အမိန့်အရမာဒူရိုကိုအမေရိကန်စစ်တပ်ကဗင်နီဇွဲလားရဲ့ မြို့တော်ကရာဆက်စ်မှာဝင်ရောက်ဖမ်းဆီးခဲ့ပြီး နောက်တစ်နေ့၊ဇန်နဝါရီ ၄ ရက်နေ့မှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
ဘယ်နိုင်ငံကမှကမ္ဘာ့ပုလိပ်ကြီးလုပ်နေတာကိုလက်မခံဘူးလို့ ဝမ်က ပြောဆိုခဲ့ရာမှာ အမေရိကန်ရဲ့ နာမည်ကိုတော့ တိုက်ရိုက် မရည်ညွှန်းခဲ့ပါဘူး။ တရုတ်အစိုးရဟာမာဒူရိုနဲ့ နီးကပ်တဲ့ ဆက်ဆံရေးမျိုး ရှိခဲ့ပါတယ်။ မာဒူရိုကို အမေရိကန် စစ်တပ်က အင်အားသုံးဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်ဟာ တစ်ကမ္ဘာလုံးနည်းတူ တရုတ်ကိုလည်း အံ့ဩ မင်သက်စေခဲ့ပါတယ်။
တရုတ်နဲ့ ဗင်နီဇွဲလားတို့ဟာ နှစ်နိုင်ငံ ဆက်ဆံရေး နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် မဟာဗျူဟာ ပူးပေါင်း ဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ၂၀၂၃ ခုနှစ်မှာ သဘောတူညီမှု ရရှိခဲ့ပေမယ့် ထရမ့်က မာဒူရိုကို ဖမ်းဆီးပြီးတဲ့နောက် ဗင်နီဇွဲလား နိုင်ငံကို အမေရိကန်က စီမံ အုပ်ချုပ်ဖို့ ရည်ရွယ်ထားကြောင်း ပြောဆိုခဲ့ခြင်းကဘေဂျင်းမှာ ရှိနေတဲ့တရုတ် အစိုး
ရကို အကျပ်ရိုက်သွားစေနိုင်ကြောင်း နိုင်ငံရေး အကဲခတ်တွေက ပြောပါတယ်။ဗင်နီဇွဲလားဟာအမေရိကန်ရဲ့တင်းကျပ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေ ကြုံတွေ့ရချိန် ၂၀၁၇ ကစပြီး တရုတ်ကို အသက်ရှူပေါက်အဖြစ် ကြီးကြီးမားမား မှီခိုခဲ့ရပါတယ်။၂၀၂၄ ခုနှစ်တုန်းက တရုတ်ဟာ ဗင်နီဇွဲလားဆီကဒေါ်လာ ၁.၆ ဘီလီယံဖိုးထိ ကုန်စည်တွေကို ဝယ်ယူ တင်သွင်းခဲ့ပါတယ်။ အဲဒီထဲက ထက်ဝက်ကျော်ဟာ ဗင်နီဇွဲလားက ထွက်ရှိတဲ့ ရေနံစိမ်းတွေပါ။
၂၀၁၈ ခုနှစ်ထိ အခြေအနေအရ တရုတ်အစိုးရပိုင် ရေနံ လုပ်ငန်းစုကြီးတွေဟာ ဗင်နီဇွဲလားမှာ ဒေါ်လာ ၄.၆ ဘီလီယံဖိုးထိ ရင်းနှီး မြှုပ်နှံထားတယ်လို့လည်း သိရှိရပါတယ်။
ကိုးကား: Reuters

















































