Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယား ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှုကို ကင်မ်ဂျုံအွန်း ကွပ်ကဲ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု တစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု တစ်ခုကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်းကိုယ်တိုင် ကြီးကြပ်ခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အမေရိကန်က ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့လို့ အမေရိကန်ရဲ့ ပြိုင်ဘက် နိုင်ငံတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန် မြောက်ကိုရီးက အဲဒီ အဆင့်မြင့် ဒုံးကျည်လက်နက်တွေကို စမ်းသပ် ပစ်ခတ်ခဲ့တာပါ။

ပြီးတော့ ဇန်နဝါရီ ၄ ရက်နေ့က လက်နက် စမ်းသပ်မှုဟာ တောင်ကိုရီးယား သမ္မတ မွန်းဂျေအင်းရဲ့ တရုတ်နိုင်ငံ ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမိန့်အရ အမေရိကန် စစ်တပ်က မာဒူရိုကို ဝင်ရောက် ဖမ်းဆီးခဲ့တဲ့ စစ်ဆင်ရေးကို ရက်စက်ပြီး ကောက်ကျစ်တဲ့ လုပ်ရပ်အဖြစ် မြောက်ကိုရီးယားက ရှုတ်ချထားပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၄ ရက်နေ့က ဒုံးကျည်စမ်းသပ်မှုကို ပြုံယမ်းမြို့တော် အရှေ့မြောက်ပိုင်း ဧရိယာကနေ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ကီလိုမီတာ ၁၀၀၀ အကွာက ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ KCNAက ဆိုပါတယ်။

တောင်ကိုရီးယား စစ်တပ်ကတော့ မြောက်ကိုရီးယားဟာ ဒုံးကျည်တချို့ကို ဂျပန်ပင်လယ်ဖက် ပစ်ခတ်ခဲ့ပြီး ကီလိုမီတာ ၉၀၀ လောက် အကွာထိ ပျံသန်း ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ KCNAမှာ ဖော်ပြထားသလိုမျိုး မြောက်ကိုရီးယား ပစ်ခတ်ခဲ့တာက ဟိုက်ပါဆောနစ် ဒုံးကျည်တွေလို့တော့ တောင်ကိုရီးယားက အတည်ပြုမထားပါဘူး။

ဟိုက်ပါဆောနစ် ဆိုတာဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ မြန်နှုန်းနဲ့ ပျံသန်းနိုင်တာ ဆိုလိုတာ ဖြစ်ပါတယ်။ အရမ်းမြန်မြန် ပျံသန်းနိုင်တဲ့အတွက် လေကြောင်းကာကွယ်ရေး စနစ်တွေက ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို ကြားဖြတ် ဟန့်တားနိုင်ဖို့ဆိုတာ သီအိုရီအရ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ကင်မ်က ဒုံးကျည်စမ်းသပ် အောင်မြင်မှုကို ချီးကျူးခဲ့သလို နိုင်ငံရဲ့ နျူကလီးယား တပ်ဖွဲ့တွေက လက်တွေ့ စစ်ပွဲ ကြုံလာရင် အသင့်ရှိနေအောင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ပြောကြားခဲ့ကြောင်း KCNAက ဖော်ပြခဲ့ပါတယ်။ ကင်မ်က မြောက်ကိုရီးယားရဲ့ စစ်ရေးစွမ်းရည်၊ အထူးသဖြင့် တိုက်ခိုက်ရေးနဲ့ဆိုင်တဲ့ စစ်လက်နက်တွေကိုလည်း အစဉ်တစိုက် အဆင့်မြှင့်တင်နေဖို့ လိုအပ်ကြောင်း ညွှန်ကြားသွားပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ဆိုတာဟာ အမေရိကန်၊ တရုတ်၊ ရုရှားတို့ အပါအဝင် လက်နက်အင်အားကြီး နိုင်ငံတွေက အပြိုင်အဆိုင် အဆင့်မြှင့်တင်ဖို့ ကြိုးစားနေတဲ့ နောက်ဆုံးပေါ် စစ်လက်နက် နည်းပညာ အမျိုးအစား ဖြစ်ပါတယ်။ အဲဒီ လက်နက်တွေဟာ မြန်နှုန်းအရမ်းမြင့်မြင့် ပျံသန်းနိုင်တဲ့အပြင် လမ်းကြောင်းတွေ ကွေ့ကောက်ပြောင်းလဲနိုင်စွမ်းလည်း ရှိတာကြောင့် သမားရိုးကျ လေကြောင်း ကာကွယ်ရေး စနစ်တွေက ကြားဖြတ် ပစ်ချဖို့ အရမ်းခဲယဉ်းမှာ ဖြစ်ပါတယ်။

ကိုးကား: Bloomberg

ဆက်စပ်သတင်းများ