Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဗင်နီဇွဲလား ခေါင်းဆောင်သစ်ကို ထရမ့် သတိပေး

အမှားတွေ ကျူးလွန်ရင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ ဗင်နီဇွဲလား ခေါင်းဆောင်သစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

အမှားတွေ ကျူးလွန်ရင် ကြီးကြီးမားမား ပေးဆပ်ရလိမ့်မယ်လို့ ဗင်နီဇွဲလား ခေါင်းဆောင်သစ်ကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့မှာ အမေရိကန်က အထူးစစ်ဆင်ရေးတစ်ခု ဆင်နွှဲပြီး ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို ဖမ်းဆီးသွားခဲ့တဲ့နောက် ဒုတိယ သမ္မတ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်ဟာ နိုင်ငံရဲ့ ယာယီ သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ဗင်နီဇွဲလားမှာ ခေါင်းဆောင် ကင်းမဲ့သွားတဲ့ အချိန်မှာ အမေရိကန် လိုလားတဲ့ အတိုက်အခံ အင်အားစုတွေက နိုင်ငံကို အုပ်ချုပ်နိုင်မလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်လာပေမယ့် ဗင်နီဇွဲလား တရားရုံးချုပ်နဲ့ စစ်တပ်က ရိုဒရီဂွတ်ဇ်ကို ယာယီ သမ္မတအဖြစ် ထောက်ခံခဲ့ကြပါတယ်။

ဇန်နဝါရီ ၄ ရက်မှာတော့ The Atlantic သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်က အဲဒီ အမျိုးသမီး အနေနဲ့ ဗင်နီဇွဲလားမှာ မှန်မှန်ကန်ကန် မအုပ်ချုပ်ဘူးဆိုရင် မာဒူရိုထက် အဖြစ်ဆိုး ကြုံသွားနိုင်တယ်လို့ ခြိမ်းခြောက်သွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရိုဒရီဂွတ်ဇ် အနေနဲ့ မှန်ကန်တာတွေကို မလုပ်ဘူးဆိုရင် တန်ဖိုး အရမ်းကြီးကြီး ပေးဆပ်ရမှာ ဖြစ်ကြောင်း၊ အဲဒီ ပေးဆပ်ရမှုဟာ မာဒူရိုထက်ကို ပိုဆိုးရွားသွားနိုင်ကြောင်း ထရမ့်က ဆိုပါတယ်။

မာဒူရိုကို အမေရိကန်က အင်အားသုံး ဖမ်းဆီးခဲ့တာနဲ့ ပတ်သက်လို့ အစိုးရကို ပြောင်းပစ်ခဲ့တယ်လို့ ခေါ်ချင်လည်း ခေါ်နိုင်ကြောင်း၊ လက်ရှိ အခြေအနေထက်တော့ အရာရာက ပိုကောင်းလာမှာဖြစ်ပြီး ဒီထက် ဆိုးစရာ မရှိတော့ကြောင်းလည်း ပြောပါတယ်။

မာဒူရိုကို အမေရိကန်က စစ်ဆင်ရေး ဆင်နွှဲပြီး ဖမ်းဆီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့တုန်းကတော့ ထရမ့်က ဗင်နီဇွဲလားမှာ လုံခြုံပြီး မှန်ကန်ခိုင်မာတဲ့ အာဏာလွှဲပြောင်းနိုင်မှုမျိုး မရှိလာမချင်း အဲဒီနိုင်ငံကို အမေရိကန်က စီမံ အုပ်ချုပ်မယ်လို့ ပြောခဲ့ပါသေးတယ်။

နောက်ပြီး ကမ္ဘာပေါ်မှာ ရေနံအထွက် အကြွယ်ဝဆုံးဖြစ်တဲ့ ဗင်နီဇွဲလားဆီ အမေရိကန် ရေနံကုမ္ပဏီတွေ ဝင်ရောက်ပြီး အခြေခံ အဆောက်အအုံတွေကို ပြင်ဆင်တာ၊ စီးပွားရေး လုပ်ငန်းတွေ လည်ပတ်တာမျိုး အကောင်အထည် ဖော်သွားဖို့လည်း အစီအစဉ် ရှိနေကြောင်း ထရမ့်က ဆိုပါတယ်။

ဒါပေမဲ့ လက်တွေ့ အခြေအနေမှာတော့ မာဒူရိုရဲ့ မဟာမိတ်တွေကပဲ ဗင်နီဇွဲလား နိုင်ငံကို ဆက်လက် အုပ်ချုပ်နေဆဲ ဖြစ်ပါတယ်။

အမေရိကန်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကတော့ ဇန်နဝါရီ ၅ ရက်နေ့ကျရင် နယူးယောက်မြို့မှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု အပါအဝင် ပြင်းထန်တဲ့ စွပ်စွဲချက်တွေအတွက် စတင် တရားရင်ဆိုင်ရမယ်လို့လည်း သိရပါတယ်။

ကိုးကား : BBC

ဆက်စပ်သတင်းများ