Connect with us

Hi, what are you looking for?

နိုင်ငံတကာ

စွဲချက်တွေ အားလုံးကို ပထမဆုံး တရားခွင်မှာ မာဒူရို ငြင်းဆို

အမေရိကန်က တရားရုံးတစ်ခုမှာ ပထမဆုံး ရုံးထုတ်ခံခဲ့ရတဲ့အခါ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက သူ့အပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images, Reuters

အမေရိကန်က တရားရုံးတစ်ခုမှာ ပထမဆုံး ရုံးထုတ်ခံခဲ့ရတဲ့အခါ ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုက သူ့အပေါ် စွပ်စွဲချက် အားလုံးကို ငြင်းဆိုသွားခဲ့ပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့တုန်းက အမေရိကန် စစ်တပ်ရဲ့ အထူးစစ်ဆင်ရေး တစ်ခုအတွင်း ကရာဆက်စ်မြို့က သမ္မတ အိမ်တော်မှာ အဖမ်းခံခဲ့ရတဲ့ မာဒူရိုဟာ နောက်ထပ် နှစ်ရက်အကြာ ဇန်နဝါရီ ၅ ရက်နေ့မှာတော့ နယူးယောက်မြို့က မက်ဟမ်တမ် တရားရုံးကို ရောက်ရှိလာခဲ့ပါတယ်။ သူနဲ့အတူ အဖမ်းခံခဲ့ရတဲ့ ဇနီးသည် ဆီလီယာ ဖလောရက်စ်ကိုလည်း တရားရုံး ကြားနာမှုမှာ တွေ့ခဲ့ရပါတယ်။

မာဒူရိုတို့ ဇနီးမောင်နှံကို တရားရုံးနားထိ ရဟတ်ယာဉ်နဲ့ ခေါ်ဆောင်လာပြီးနောက် လုံခြုံရေး တင်းတင်းတင်းကျပ်ကျပ် ချထားပြီး တရားဆီ ရွှေ့ပြောင်းခဲ့တာ ဖြစ်ပါတယ်။ တရားရုံး ရှေ့မှာတော့ မာဒူရိုကို ဆန့်ကျင်သူတွေရော၊ ထောက်ခံသူတွေကပါ စုဝေးပြီး ဆန္ဒပြနေခဲ့ကြပါတယ်။

နာရီဝက်လောက်သာ ကြာမြင့်တဲ့ တရားခွင်မှာ မာဒူရိုက သူဟာ အပြစ်ကင်းကြောင်း၊ ဘာအမှားမှ ကျူးလွန်မထားတဲ့ လူကောင်းတစ်ဦးဖြစ်ပြီး ဗင်နီဇွဲလား နိုင်ငံရဲ့ တရားဝင် သမ္မတဖြစ်တယ်လို့ စကားပြန်ကနေတဆင့် ပြောကြားခဲ့ပါတယ်။ ဖလောရက်စ်ကလည်း အလားတူပဲ သူ့မှာ အပြစ်ကင်းကြောင်း လျှောက်လဲခဲ့ပါတယ်။ သူတို့ ဇနီးမောင်နှံဟာ မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတာပါ။

Public Service Announcement

Public Service Announcement

ပထမဆုံး ရုံးထုတ် ကြားနာမှု အပြီးမှာတော့ ခရိုင် တရားသူကြီး အယ်လ်ဗင် ဟယ်လာစတိန်က နောက်ထပ် ရုံးချိန်းကို မတ်လ ၁၇ ရက်နေ့မှာ သတ်မှတ်ပေးခဲ့ပါတယ်။

နယူးယောက်မြို့က ကြားနာမှုအပြီး နာရီပိုင်း အကြာမှာတော့ ဗင်နီဇွဲလားရဲ့ မြို့တော် ကရာဆက်စ်မှာ မာဒူရိုရဲ့ ဒုတိယ သမ္မတဖြစ်ခဲ့သူ ဒယ်လ်ဆီ ရိုဒရီဂွတ်ဇ်က ဗင်နီဇွဲလား ယာယီ သမ္မတ ရာထူးကို တရားဝင် လက်ခံယူခဲ့ပါတယ်။

အစောပိုင်းက နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် မာရီယာ ကော်ရီနာ မာချာဒို အပါအဝင် ဗင်နီဇွဲလား အတိုက်အခံ အင်အားစုတွေက နိုင်ငံရဲ့ အာဏာကို ရယူနိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့် လက်တွေ့မှာတော့ တရားဝင်မှု ရရှိဖို့ ခက်ခဲကြောင်း အမေရိကန် ထောက်လှမ်းရေး ရင်းမြစ်တွေက မှတ်ချက်ပေးခဲ့ပါတယ်။

ထရမ့်ကလည်း အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေကို တိုက်ရိုက် ထောက်ခံပေးဖို့ လက်ရှောင်ခဲ့ပြီး ရိုဒရီဂွတ်ဇ်က အမေရိကန်နဲ့ ပူးပေါင်း ဆောင်ရွက်လာဖို့ မျှော်လင့်ကြောင်းပဲ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ အမျိုးသမီးသာ မှားယွင်းတဲ့ ကိစ္စတွေကို လုပ်မိမယ် ဆိုရင်တော့ မာဒူရိုထက် ပိုဆိုးတဲ့ အဖြစ်တွေ ကြုံရလိမ့်မယ်လို့လည်း ထရမ့်က ခြိမ်းခြောက်ထားပါတယ်။

ယာယီ သမ္မတ ရာထူးကို လက်ခံချိန်မှာ ရိုဒရီဂွတ်ဇ်ဟာ မာဒူရိုကို ဖေးမထောက်ခံကြောင်း ပြောသွားပေမယ့် အမေရိကန်ကို လက်တုံ့ပြန်မယ် ဆိုတာမျိုးတော့ လုံးဝ ထည့်ပြောမသွားခဲ့ဘူးလို့လည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ