Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခြိမ်းခြောက်ထားဖူးတဲ့ ကိုလံဘီယာ သမ္မတကို အိမ်ဖြူတော်ဆီ ထရမ့်ဖိတ်ခေါ်

ကိုယ်တိုင် လူသိရှင်ကြား ခြိမ်းခြောက်ထားဖူးတဲ့ ကိုလံဘီယာ သမ္မတကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ကိုယ်တိုင် လူသိရှင်ကြား ခြိမ်းခြောက်ထားဖူးတဲ့ ကိုလံဘီယာ သမ္မတကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အိမ်ဖြူတော်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှု စွပ်စွဲချက်တွေအတွက် နိုင်ငံပိုင်နက်ထဲထိ အမေရိကန်က ဝင်ရောက် ဖမ်းဆီးခဲ့ပြီးတဲ့နောက် ထရမ့်က ကိုလံဘီယာ သမ္မတ ဂူစတာဗို ပက်ထရိုကိုလည်း ခြိမ်းခြောက်မှုဆန်ဆန် သတိပေး ပြောကြားခဲ့ပါတယ်။

သူက ကိုလံဘီယာဟာ မူးယစ်ဆေးဝါးတွေ ထုတ်လုပ်ပြီး အမေရိကန်ဆီ တင်ပို့ရတာကို သဘောကျတဲ့ စိတ်ပျက်စရာ ပုဂ္ဂိုလ်တစ်ယောက်ရဲ့ စီမံအုပ်ချုပ်မှု အောက်ကို ရောက်နေကြောင်း စွပ်စွဲခဲ့သလို မာဒူရိုလိုပဲ ပက်ထရိုကိုလည်း ဖမ်းဆီးဖို့ဆိုတဲ့ စိတ်ကူးကို သဘောကျကြောင်း ခြိမ်းခြောက်မှုဆန်ဆန် ပြောဆိုခဲ့ပါတယ်။

လက်နက်ကိုင် တော်လှန်ရေးသမားဟောင်း တစ်ဦးဖြစ်ခဲ့သူ ပက်ထရိုကလည်း ထရမ့်ရဲ့ ခြိမ်းခြောက်မှုနဲ့ ကြုံခဲ့တဲ့နောက် သူဟာ လိုအပ်လာရင် လက်နက် ပြန်ကိုင်မယ်လို့တောင် ပြောခဲ့ပါသေးတယ်။

Public Service Announcement

Public Service Announcement

မာဒူရိုကို ဖမ်းဆီးခဲ့မှုအပြီး ၄ ရက်အကြာ ဇန်နဝါရီ ၇ ရက်နေ့မှာတော့ ထရမ့်နဲ့ ပက်ထရိုတို့ဟာ လက်ရှိ တင်းမာနေမှုတွေနဲ့ ပတ်သက်ပြီး ဖုန်းဆက် ဆွေးနွေးခဲ့ပါတယ်။ ဒါဟာ မနှစ်က ဇန်နဝါရီလမှာ ထရမ့်က သမ္မတ ဖြစ်လာတဲ့နောက်ပိုင်း ပက်ထရိုနဲ့ ပထမဆုံးအကြိမ် ဖုန်းပြောမှုလည်း ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ ထရမ့်က သူဟာ ပက်ထရိုနဲ့ မကြာခင်မှာ လူချင်းတွေ့ဖို့ စီစဉ်ထားကြောင်း ထုတ်ပြောခဲ့ပါတယ်။ ပက်ထရိုက မူးယစ်ဆေးဝါး ကိစ္စနဲ့ ပတ်သက်လို့ နှစ်ဖက်ကြား သဘောထား မတူညီတဲ့ အချက်အလက်တွေကို ရှင်းပြဖို့ သူ့ဆီ ဖုန်းဆက်ခဲ့တာ ဖြစ်တယ်လို့ ထရမ့်က လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။

ပက်ထရိုက ဖုန်းစဆက်တာကိုရော၊ သူ့ရဲ့ အပြောအဆို ပါးနပ်မှုကိုပါ ချီးကျူး အသိအမှတ်ပြုကြောင်း၊ သူနဲ့ မကြာခင် အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ ရှိနေကြောင်းလည်း ထရမ့်က ဆိုပါတယ်။

ကိုလံဘီယာနဲ့ အမေရိကန်တို့ဟာ စစ်ရေးနဲ့ စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သမိုင်းကြောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ အမေရိကန်ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လက်တွဲဆောင်ရွက်နေတဲ့ မဟာမိတ် အစုအဖွဲ့ထဲကနေ ကိုလံဘီယာကို ဖယ်ရှားခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ