Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရထားပေါ်ကို ကရိန်းကျိုးကျပြီး ၂၂ ဦးထက်မနည်း သေဆုံး

ထိုင်းနိုင်ငံမှာ ခရီးသည်တင် ရထားပေါ် ကရိန်းကျိုးကျလို့ လူ ၂၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံမှာ ခရီးသည်တင် ရထားပေါ် ကရိန်းကျိုးကျလို့ လူ ၂၂ ဦးထက်မနည်း သေဆုံးသွားကြောင်း သိရပါတယ်။

ဇန်နဝါရီ ၁၄ ရက်နေ့တုန်းက ရထားလမ်းပိုင်း တပ်ဆင် တည်ဆောက်မှုတွေမှာ အသုံးပြုတဲ့ ကရိန်းကြီး တစ်ခုဟာ ခုတ်မောင်းလာတဲ့ ရထားပေါ်ကို ကျိုးကျခဲ့တာ ဖြစ်ပါတယ်။

နတ်ခွန် ရာချတ်ဆီမာ ပြည်နယ်ထဲက ဆီခူဒေသမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် သေဆုံးသူ ၂၂ ဦးရှိလာပြီး ၃၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ ပြီးတော့ ခရီးသည် တော်တော်များများလည်း ရထားတွဲတွေထဲမှာ ပိတ်မိနေခဲ့ပါတယ်။

ကယ်ဆယ်ရေး အဖွဲ့တွေ အဲဒီနေရာဆီ အပူတပြင်း သွားရောက်ခဲ့တဲ့ အခါမှာတော့ ရထားတွဲတွေပေါ် ပိမိနေတဲ့ ဧရာမ သံမဏိ ကရိန်းကြီးကို တုန်လှုပ်စရာ တွေ့မြင်ခဲ့ရပါတယ်။ ကရိန်းကြီး ပြုတ်ကျတဲ့ အရှိန်ကြောင့် ရထားတွဲ တချို့လည်း သံလမ်းပေါ်ကနေ ချော်ထွက်သွားပါတယ်။

Public Service Announcement

Public Service Announcement

ကယ်ဆယ်ရေး အဖွဲ့တွေဟာ တွန့်လိမ်သွားတဲ့ ရထားတွဲတွေထဲမှာ ပိတ်မိနေတဲ့ ဒဏ်ရာရ ခရီးသည်တွေကို ကယ်ထုတ်နိုင်ဖို့အတွက် အပျက်အစီးတွေကို အမြန်ဆုံး ဖြတ်တောက် ဖယ်ရှားနေရပါတယ်။

မျက်မြင်တွေကတော့ ဒေသခံ လူမှုကူညီရေး အသင်းတွေပါ ကယ်ဆယ်ရေး ကဏ္ဍမှာ ပူးပေါင်းနေပြီး ပိတ်မိနေသူတွေကို ရွှေ့ပြောင်းပေးနိုင်ဖို့အတွက် စက်ယန္တရားကြီးတွေကိုပါ အသုံးပြုနေကြောင်း ပြောပါတယ်။

အမြန်ရထားလမ်းတွေ တည်ဆောက်ရာမှာ အသုံးပြုတဲ့ ကရိန်းက ရထားပေါ် ကျိုးကျရတဲ့ အကြောင်းရင်းကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။ ရထားပေါ် ကရိန်းပြုတ်ကျတဲ့ အသံကြီးက ကျယ်လောင်ပြီး အနီးတဝိုက်မှာ သိမ့်ကနည်း တုန်ခါသွားခဲ့တယ်လို့ ဆိုပါတယ်။ ကရိန်းကြီး ပြုတ်ကျပြီး နောက်ဆက်တွဲ အပျက်အစီးတွေပါ ထပ်ပြိုကျလာတာကြောင့်လည်း ရထားဟာ သံလမ်းပေါ်က ချော်ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူ ၂၂ ဦးရှိပြီး ၃၀ ကျော် ဒဏ်ရာရထားကြောင်း ဒေသခံ ရဲဌာန အရာရှိ အကြီးအကဲ သက်ချာပေါင် ချင်နာဝေါင်က AFP သတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။ ရထားဟာ ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ဆီ ဦးတည် မောင်းနှင်နေချိန်မှာ အဖြစ်ဆိုး ကြုံခဲ့တာလို့လည်း သိရှိရပါတယ်။

ကိုးကား: AFP
ဓာတ်ပုံ – AP

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်နားက စာသင်ကျောင်း ပစ်ခတ်မှုမှာ အဓိက သံသယတရားခံ ကျောင်းသား လူငယ်ရဲ့ အဖိုးအဖွားတွေကိုပါ သေဆုံးလျက်သား ရှာတွေ့ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ နေ့ကလေးထိန်း ကျောင်းအဆောက်အအုံကို ကားတစ်စီးက ဝင်တိုက်မိပြီး လူ ၁၀ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းဝန်ကြီးချုပ် အန်နုတင် ချန်ဗီရာကူလ်က နွန်သဘူရီမြို့ကျောင်းတွင်းပစ်ခတ်မှုကြောင့် လူသေဆုံးခဲ့ရတဲ့ဖြစ်ရပ်အပေါ် အလွန်အမင်း ဝမ်းနည်းကြောင်းပြောကြားပြီး၊ ဒီဖြစ်ရပ်ဟာအလွန်ဆိုးရွားတဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်လို့​ပြောပါတယ် ။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် မြောက်ပိုင်းနားမှာ ဖြစ်ပွားခဲ့တဲ့ စာသင်ကျောင်း ပစ်ခတ်မှုမှာ သေနတ်သမား အပါအဝင် အနည်းဆုံး ၃ ဦးသေဆုံးပြီး ၁၅ ဦးထက်မနည်း ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။