Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ရထားပေါ် ကရိန်းကျိုးကျလို့ သေဆုံးသူ ၃၂ ဦးထိ မြင့်တက်လာ

ထိုင်းမှာ ရထားပေါ် ကရိန်းကျိုးကျတဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၂ ဦးထိ တိုးလာပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

ထိုင်းမှာ ရထားပေါ် ကရိန်းကျိုးကျတဲ့ ဖြစ်စဉ်ကြောင့် သေဆုံးသူ ဦးရေဟာ ၃၂ ဦးထိ တိုးလာပြီး ၆၆ ဦးထက်မနည်း ဒဏ်ရာတွေ ရခဲ့ပါတယ်။

ဇန်နဝါရီ ၁၄ ရက် မနက်ပိုင်းတုန်းက နိုင်ငံ အရှေ့မြောက်ပိုင်း၊ နတ်ခွန် ရာချတ်ဆီမာ ပြည်နယ်ထဲက ဆီခူဒေသမှာ ခုတ်မောင်းနေတဲ့ ခရီးသည်တင် ရထားတစ်စီးပေါ်ကို ရထားလမ်းပိုင်း တည်ဆောက်ရေးမှာ အသုံးပြုတဲ့ ကရိန်းကြီးတစ်စင်း ကျိုးကျခဲ့တာ ဖြစ်ပါတယ်။

ကရိန်းကြောင့် ရထားတွဲတချို့ ပိမိပြီး တွန့်လိမ်သွားခဲ့သလို တချို့နေရာတွေမှာ မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ ရထားတွဲတွေလည်း သံလမ်းပေါ်ကနေ ချော်ထွက်ကုန်ပါတယ်။ အစောပိုင်းက သေဆုံးစာရင်း ၂၂ ဦးလို့ ထုတ်ပြန်ထားခဲ့ရာကနေ အပျက်အစီးတွေအောက်မှာ ထပ်တွေ့တဲ့ အလောင်းတွေ၊ ဆေးရုံရောက်ပြီးမှ သေဆုံးမှုတွေကြောင့် ၃၂ ဦးထိ တိုးလာတာ ဖြစ်ပါတယ်။

ကရိန်းပိမိခဲ့တဲ့ ရထားပေါ်မှာ စုစုပေါင်း ခရီးသည် ၁၇၁ ဦးလောက် စီးနင်းလိုက်ပါခဲ့တယ်လို့ ရထားပို့ဆောင်ရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းအစိုးရ ရထားပို့ဆောင်ရေး ဌာနကတော့ ကရိန်းကို တာဝန်ယူ လုပ်ငန်းလည်ပတ်နေတဲ့ ကုမ္ပဏီကို တရားစွဲဆိုမယ်လို့ ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

ကရိန်းကို တည်ဆောက်ထားတဲ့ Italian-Thai Development ကုမ္ပဏီက အခုဖြစ်ရပ်အတွက် အထူးဝမ်းနည်း ကြေကွဲကြောင်း ထုတ်ပြန်ခဲ့ပြီး ထိခိုက်သေဆုံးခဲ့သူတွေနဲ့ မိသားစုတွေအတွက် နစ်နာကြေး ပေးသွားမယ်လို့ ဆိုပါတယ်။

ရထားဟာ ဘန်ကောက်ကနေ နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ ယူဘွန် ရတ်ချာဌာနီ ပြည်နယ်ဆီ ဦးတည် ခုတ်မောင်းနေခဲ့တာ ဖြစ်ပါတယ်။ ရထားပေါ်မှာတော့ ကျောင်းတက်ဖို့နဲ့ တခြားဒေသတွေမှာ အလုပ်လုပ်ဖို့ သွားရောက်ကြတဲ့ ကျောင်းသူကျောင်းသားတွေနဲ့ အလုပ်သမားတွေ အများစု စီးနင်းလိုက်ပါခဲ့ကြပါတယ်။

ကရိန်းကြီးဟာ ကွန်ကရစ် အစိတ်အပိုင်းကြီး တစ်ခုကို ပင့်မယူနေတဲ့ အချိန်မှာ ရထားပေါ် ကျိုးကျခဲ့တာလို့ ထိုင်းသတင်းဌာန Nationက ဖော်ပြခဲ့ပါတယ်။ အသက်ရှင် လွတ်မြောက်လာသူ တစ်ဦးက ကရိန်းကြီး ရထားပေါ် ပြုတ်ကျခဲ့တဲ့ အရှိန်ကြောင့် သူနဲ့ တခြားခရီးသည် တချို့ဟာ လေထဲကို မြောက်တက်သွားခဲ့တယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၁၄ ရက် ညနေပိုင်းမှာတော့ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်ဟာ အခင်းဖြစ်တဲ့ နေရာဆီ ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကနဦး နစ်နာကြေး ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ ဝေဖန်ခဲ့ပါတယ်။ သတင်းတွေအရ ထိုင်းအစိုးရရဲ့ ရထားပို့ဆောင်ရေးဌာန ယာယီ ညွှန်ကြားရေးမှူးက ထိခိုက်ဒဏ်ရာရသူတွေအတွက် ဘတ် ၄ သောင်းစီနဲ့ သေဆုံးသူတွေအတွက် ဘတ် ၈ သောင်းစီ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။

အနူတင်က ဒီပမာဏဟာ လုံးဝ မလုံလောက်ကြောင်း၊ နစ်နာကြေးဟာ ဘတ်သန်းနဲ့ချီ များပြားဖို့လိုကြောင်း၊ ဒီလို မစို့မပို့ ကမ်းလှမ်းမှုဟာ နစ်နာသူတွေနဲ့ မိသားစုဝင်တွေကိုသာ မကဘဲ အစိုးရကိုပါ ပါးဖြတ်ရိုက်လိုက်တာနဲ့ တူနေကြောင်း ဝန်ကြီးချုပ်က ဝေဖန်သွားပါတယ်။

ကျိုးကျခဲ့တဲ့ ကရိန်းဟာ တရုတ်က ရင်းနှီးမြှုပ်နှံထားတဲ့ ဒေါ်လာ ၅.၄ ဘီလီယံတန် ပရောဂျက် တစ်ခုရဲ့ ခုံးကျော် ရထားလမ်းတစ်ခု တည်ဆောက်နေမှုမှာ တပ်ဆင်ထားတာ ဖြစ်ပါတယ်။ အဲဒီ ပရောဂျက်ဟာ ဘန်ကောက်မြို့ကို အိမ်နီးချင်း လာအိုနိုင်ငံနဲ့ အဝေးပြေး ရထားသံလမ်း ဆက်သွယ်ဖို့ ရည်ရွယ်ထားတာလို့လည်း သိရပါတယ်။

ကိုးကား: BBC
ဓာတ်ပုံ – AP

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴
https://www.facebook.com/LuduNwayOo/subscribe/
𝗬𝗼𝘂𝗧𝘂𝗯𝗲 – https://www.youtube.com/@peoplespring
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 – https://www.facebook.com/LuduNwayOo/
𝗪𝗲𝗯𝘀𝗶𝘁𝗲 – https://www.ludunwayoo.com/
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 – https://t.me/peoplespring

ludunwayoo #လူထုနွေဦး #PS #People*sSpring #myanmar #NewsMedia #media #politics #international #trending #new #update #info #newsfeed #dailynews #newsupdate #breakingnews #myanmarnews #updatenews

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံးစိတ်ဝင်တစားစောင့်ကြည့်နေတဲ့ရုရှားမောင်နှမအသတ်ခံရမှုဟာကွင်းဆက်လူသတ်မှုအသွင် ဆောင်လာတဲ့နောက် ဝန်ကြီးချုပ်ကိုယ်တိုင်တခြားခရီးစဉ်တစ်ခုကနေအချိန်စောပြန်လာပြီး ကွင်းဆင်း စစ်ဆေးမှုတွေ လုပ်ဆောင်နေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။