Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လွှတ်တော် ဖျက်သိမ်းပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ဂျပန်ဝန်ကြီးချုပ် ကြေညာ

လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစေမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ကြေညာခဲ့ပါတယ်။

လွှတ်တော်ကို ဖျက်သိမ်းပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစေမယ်လို့ ဂျပန် ဝန်ကြီးချုပ် စနအဲ တကအိချိက ကြေညာခဲ့ပါတယ်။

ဇန်နဝါရီ ၁၉ ရက်နေ့တုန်းက တိုကျိုမှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ တကအိချိက အစားအသောက်တွေအပေါ် အခွန်တိုးမြှင့် စည်းကြပ်မယ့် ကိစ္စကို ၂ နှစ် နောက်ဆုတ်ဖို့ ရည်ရွယ်ထားကြောင်းကိုလည်း မဲဆွယ်ကတိအဖြစ် ကြေညာသွားခဲ့ပါတယ်။

မူလက ဂျပန်ဟာ သက်ကြီးရွယ်အို အချိုးအစား တိုးလာပြီး နိုင်ငံ စီးပွားရေး ပိုမိုကျပ်တည်းလာမှုတွေကို ဖြေလျှော့စေဖို့အတွက် စားသောက်ကုန်တွေအပေါ် တန်ဖိုးရဲ့ ၈ ရာခိုင်နှုန်း၊ တခြားကုန်စည်တွေကို ၁၀ ရာခိုင်နှုန်း အခွန်တိုးကောက်ဖို့ စီစဉ်ထားခဲ့ပါတယ်။

တကအိချိရဲ့ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၃ ရက်နေ့မှာ လွှတ်တော်ကို ဖျက်သိမ်းစေမှာဖြစ်ပြီး ဖေဖော်ဝါရီ ၈ ရက်မှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစေဖို့ လျာထားကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

တကအိချိ ကိုယ်စားပြုတဲ့ လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဟာ ဂျပန်မှာ ၁၉၅၅ ခုနှစ်နောက်ပိုင်း တောက်လျှောက် အုပ်ချုပ်လာခဲ့တဲ့ နိုင်ငံရေး အင်အားစု ဖြစ်ပါတယ်။ ဒါပေမဲ့ တကအိချိ မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း ရှီဂီရူ အီရှီဘာ လက်ထက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပါတီအနေနဲ့ အမတ်နေရာ အများဆုံး ရရှိထားတဲ့တိုင် လွှတ်တော် အင်အားအသာစီးနဲ့ ထိန်းချုပ်ခွင့်ကိုတော့ ဆုံးရှုံးခဲ့ပါတယ်။

တကအိချိဟာ လောလောဆယ်မှာ ပြည်တွင်းထောက်ခံမှုနှုန်း မြင့်မြင့်မားမား ရရှိနေတာကြောင့်လည်း လွှတ်တော်မှာ ပါတီရဲ့ အင်အားယိမ်းယိုင်မှုကို ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပြန်ကုစားနိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ သူဟာ အီရှီဘာ နုတ်ထွက်ပြီးတဲ့နောက် ဝန်ကြီးချုပ် တာဝန်ကို ရယူပြီး ၃ လအကြာမှာပဲ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစေဖို့ စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

မဲဆွယ်မှုတွေကို အခုလကုန်ပိုင်းမှာ စတင်စေမှာဖြစ်ပြီး အခွန်လျှော့ချရေး ကတိကို တခြားပါတီတချို့ကလည်း ကမ်းလှမ်းလာကြဖွယ် ရှိပါတယ်။

တကအိချိက သူဟာ ရွေးကောက်ပွဲကနေ ဝန်ကြီးချုပ် ဖြစ်လာသူ မဟုတ်ကြောင်း၊ ဒီတော့ ပြည်သူက သူ့ကို ထောက်ခံသလားဆိုတဲ့ အဖြေကို ရွေးကောက်ပွဲ တစ်ခုကနေ ဆန်းစစ်ကြည့်ချင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ပြီးတော့ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပစေခြင်းဟာ နိုင်ငံရဲ့ အနာဂတ်အတွက် သင့်တော်တဲ့ လမ်းကြောင်းကို ရွေးချယ်ရာမှာ တကယ့် စစ်မှန်တဲ့ အာဏာပိုင်တွေဖြစ်တဲ့ ပြည်သူလူထုရဲ့ သဘောထားကို ထိထိရောက်ရောက် ထည့်သွင်းဖို့ လိုအပ်ကြောင်းလည်း တကအိချိက ဆိုပါတယ်။

တကအိချိဟာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပစေဖို့ စီစဉ်နေကြောင်း လွန်ခဲ့တဲ့ ရက်ပိုင်းကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့ရာက ဇန်နဝါရီ ၁၉ ရက်မှ တရားဝင် အတည်ပြု ကြေညာခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂျပန်ရဲ့ လက်နက်ပြန်လည် တပ်ဆင်နေမှုအတွက် စစ်ရေးအရ ရွေးချယ်စရာ အစီအမံ အသစ်တွေကို ပြင်ဆင်သွားမယ်လို့ မြောက်ကိုရီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။