Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သင်္ဘောပေါ် တင်ပြီးသား ရုရှားရေနံတွေကို ရက်ပေါင်း ၃၀ ကြာ ဝယ်ယူဖို့ အမေရိကန် ခွင့်ပြု

အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ပြေလျော့စေဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ ရုရှားရေနံကို ဝယ်ယူနိုင်ဖို့ အမေရိကန်က အကန့်အသတ်နဲ့ ခွင့်ပြုလိုက်ပါတယ်။

အီရန် စစ်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံတကာ စွမ်းအင် အကျပ်အတည်းကို ပြေလျော့စေဖို့အတွက် ကမ္ဘာ့နိုင်ငံ အသီးသီး အနေနဲ့ ရုရှားရေနံကို ဝယ်ယူနိုင်ဖို့ အမေရိကန်က အကန့်အသတ်နဲ့ ခွင့်ပြုလိုက်ပါတယ်။

မူလက အမေရိကန်ဟာ ယူကရိန်း ကျူးကျော်စစ်ကို အကြောင်းပြုပြီး ရုရှားရဲ့ ရေနံနဲ့ တခြား စွမ်းအင် ထုတ်ကုန်တွေအပေါ် ပိတ်ဆို့ အရေးယူထားခဲ့ပါတယ်။ အစ္စရေးနဲ့ အမေရိကန်တို့ ပူးပေါင်းပြီး အီရန်ကို တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် အီရန်က ဟောမုဇ် ရေလက်ကြားကို ပိတ်ချခဲ့တဲ့ နောက်မှာတော့ အမေရိကန်က ရုရှားရေနံနဲ့ ပတ်သက်ပြီး ပိတ်ဆို့မှုတွေကို အတိုင်းအတာ တစ်ခုထိ ပြန်ဖြေလျှော့ပေးခဲ့တာ ဖြစ်ပါတယ်။ အီရန်တောင်ပိုင်းမှာ ရှိနေတဲ့ ဟောမုဇ် ရေလက်ကြားဟာ အရှေ့အလယ်ပိုင်း ဒေသက ရေနံတွေကို ကမ္ဘာအနှံ့ တင်ပို့ရောင်းချရာမှာ အထူးအရေးကြီးတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘန်းဆန့်က နိုင်ငံတကာ ရေနံနဲ့ စွမ်းအင်စျေးကွက် တည်ငြိမ်စေရေးအတွက် လက်ရှိ ပင်လယ်ပြင်မှာ ရှိနေတဲ့၊ သင်္ဘောတွေပေါ် တင်ထားပြီးသားဖြစ်တဲ့ ရုရှား ရေနံနဲ့ ရေနံထုတ်ကုန်တွေကို ကမ္ဘာ့နိုင်ငံ အသီးသီးက ဝယ်ယူနိုင်ခွင့်ကို ရက်ပေါင်း ၃၀ ကြာ ခွင့်ပြုပေးသွားမယ်လို့ မတ်လ ၁၂ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန် စွမ်းအင်ဝန်ကြီးဌာနက နိုင်ငံရဲ့ အပိုဆောင်း သိုလှောင်ထားတဲ့ ရေနံ စည်ပေါင်း ၁၇၂ သန်းကို စျေးကွက်ထဲ ဖြန့်ဝေရောင်းချပေးဖို့ ဆုံးဖြတ်လိုက်ကြောင်း ထုတ်ပြန်ချက် အပြီးမှာပဲ ရုရှားအပေါ် ပိတ်ဆို့ အရေးယူမှုကို ယာယီ လျှော့ချတဲ့ ကြေညာချက်လည်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီ အစီအမံ နှစ်ခုစလုံးဟာ အီရန်စစ်ပွဲကို အကြောင်းပြုပြီး နိုင်ငံတကာ ရေနံနဲ့ လောင်စာစျေးတွေ အလုံးအရင်း မြင့်တက်လာတာ၊ စျေးကွက်ထဲမှာ ပြတ်လပ်တာတွေ ဖြစ်လာနိုင်ခြေကို လျှော့ချဖို့ပါ။

ဘက်ဆန့်က ပိတ်ဆို့ထားတဲ့ ရုရှားရေနံကို ပြန်ဝယ်ယူဖို့ အမေရိကန်က ခွင့်ပြုလိုက်တယ် ဆိုတာဟာ ရေတိုအတွက်သာဖြစ်ပြီး ဘက်ပေါင်းစုံကနေ အထူးဂရုတစိုက် စဉ်းစားထားတာဖြစ်ကြောင်း၊ ရုရှားအစိုးရ အနေနဲ့ ဒီအခြေအနေကြောင့် ဘဏ္ဍာရေး အမြတ်အစွန်း ကြီးကြီးမားမား ရသွားမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

မတ်လ ၁၂ ရက်နေ့မှာ ရေနံတစ်စည်စျေးက ဒေါ်လာ ၁၀၀ ကို ကျော်လွန်ရောက်ရှိခဲ့ပေမယ့် ဒီလို စျေးတက်တာဟာ ရေတို ပြဿနာလောက်သာ ဖြစ်နိုင်ကြောင်း၊ အမေရိကန်ရဲ့ စီးပွားရေးနဲ့ အနာဂတ် အကျိုးအမြတ် အကြီးကြီးတွေ ရရှိဖို့ လတ်တလော ကာလတို အနှောင့်အယှက်လောက် ကြုံရခြင်းသာဖြစ်ကြောင်း ဘက်ဆန့်က ဆိုပါတယ်။

အမေရိကန် အစိုးရက ယာယီ ခွင့်ပြုပေးလိုက်တဲ့ လိုင်စင်အရ မတ်လ ၁၂ ရက်နေ့ထိ အခြေအနေမှာ ရေနံတင် သင်္ဘောတွေပေါ် တင်ထားပြီးသား ရေနံနဲ့ ရေနံထွက် ကုန်စည်တွေကို ပိတ်ဆို့ အရေးယူမှုကနေ ယာယီ ကင်းလွတ်ခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။ နိုင်ငံ အသီးသီး အနေနဲ့ အဲဒီ ကင်းလွတ်ခွင့်ရ ရေနံနဲ့ လောင်စာတွေကို ဧပြီလ ၁၁ ရက်နေ့ ညသန်းခေါင် မတိုင်ခင်ထိ ဝယ်ယူတင်သွင်းခွင့် ရှိလာမှာပါ။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနဟာ မတ်လ ၅ ရက်နေ့တုန်းကလည်း အိန္ဒိယ အစိုးရ အနေနဲ့ ပင်လယ်ပြင်မှာ ပိတ်မိနေတဲ့ ရုရှားရေနံတွေကို ရက်ပေါင်း ၃၀ ကြာ ဝယ်ယူခွင့် ပြုပေးခဲ့ပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံက ဆပ်ကပ်တစ်ခုမှာ ကျားတစ်ကောင် လွတ်မြောက်လာပြီး လူအုပ်ထဲ ခုန်ဝင်ခဲ့တဲ့ ဖြစ်ရပ်ကို အာဏာပိုင်တွေက စုံစမ်း စစ်ဆေးနေပါတယ်။

နိုင်ငံတကာ

အမေရိကန် လေတပ်ဟာ အနီးကပ် လေကြောင်းပစ်ကူ တိုက်ခိုက်ရေး လေယာဉ်တွေဖြစ်တဲ့ A-10တွေကို အနည်းဆုံး ၂၀၃၀ ထိ သက်တမ်းတိုးပြီး ဆက်လက် အသုံးပြုစေဖို့ ဆုံးဖြတ်လိုက်ပါတယ်။

နိုင်ငံတကာ

အီရန်နဲ့ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို သက်တမ်း ထပ်တိုးဖြစ်ဖွယ် မရှိကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

အီရန် ကုန်တင်သင်္ဘောကို အမေရိကန် ရေတပ်က ပစ်ခတ်ဟန့်တားပြီး ဖမ်းဆီးခဲ့တဲ့ လုပ်ရပ်အပေါ် လက်တုံ့ပြန်မယ်လို့ အီရန်က သတိပေး ပြောကြားခဲ့ပါတယ်။

Facebook