Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကျူးဘားနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျ လုပ်ချင်ရာလုပ်လို့ ရနေပြီလို့ ထရမ့်ပြော

ကျူးဘားနဲ့ ပတ်သက်လို့ သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ကျူးဘားနဲ့ ပတ်သက်လို့ သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရတဲ့ အခြေအနေ ဖြစ်လာပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

ဖလော်ရီဒါ ကမ်းလွန်ပင်လယ်ပြင်မှာ တည်ရှိနေတဲ့ ကျွန်းနိုင်ငံငယ်ဟာ ကွန်မြူနစ် အစိုးရ လက်အောက်ကို ကျရောက်ခဲ့ပြီးတဲ့နောက် အမေရိကန်ရဲ့ နိုင်ငံရေး ပြိုင်ဘက်အဖြစ် ဆယ်စုနှစ်တွေနဲ့ချီ ရပ်တည်နေခဲ့ပါတယ်။ လက်ရှိမှာတော့ ကျူးဘားဟာ အမေရိကန်ရဲ့ လောင်စာဆီ တင်ပို့ခွင့် ပိတ်ဆို့မှုတွေကြောင့် ပြည်တွင်းမှာ စွမ်းအင်ပြတ်လပ်ပြီး ဆိုးဆိုးရွားရွား ဓာတ်အားပြတ်တောက်မှုတွေနဲ့ ရုန်းကန်နေရပါတယ်။

ထရမ့်က လက်ရှိ အခြေအနေအရ ကျူးဘားကို အမေရိကန်က သိမ်းယူမယ် ဆိုရင်တောင် ခက်ခက်ခဲခဲ မဖြစ်နိုင်လောက်တော့ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ထရမ့်က ကျူးဘားနဲ့ ပတ်သက်လို့ သူ့ရဲ့ အစီအမံတွေအကြောင်း ဆွေးနွေးခဲ့ရာမှာ သူ့စိတ်တိုင်းကျ လုပ်ချင်ရာ လုပ်လို့ရတဲ့အဆင့် ရောက်နေပြီလို့ ခံစားမိကြောင်း ပြောကြားသွားပါတယ်။

Public Service Announcement

Public Service Announcement

ကျူးဘားကို သိမ်းယူမလား၊ လွတ်လပ်ခွင့်ပေးမလား ဆိုတာတွေကို သူ့စိတ်ကူးရှိတဲ့အတိုင်း လုပ်နိုင်နေပြီဖြစ်ကြောင်း၊ သိထားသင့်တာက ကျူးဘားဟာ အခုအခါမှာ အင်မတန် အားနည်းတဲ့ နိုင်ငံတစ်ခု ဖြစ်လာနေကြောင်း ထရမ့်က သတင်းထောက်တွေကို မှတ်ချက်ပေးခဲ့ပါတယ်။

မတ်လ ၁၆ ရက်နေ့မှာ ကျူးဘား တစ်နိုင်ငံလုံးအနှံ့ ဆိုးဆိုးရွားရွား မီးပြတ်တဲ့ဒဏ်ကို နိုင်ငံလူဦးရေ ၁၁ သန်းလောက်က သက်ရောက် ခံစားနေခဲ့ရပါတယ်။

ကျူးဘားဟာ စွမ်းအင်ကဏ္ဍအတွက် ဗင်နီဇွဲလား ရေနံကို အကြီးအကျယ် မှီခိုနေရပေမယ့် ဗင်နီဇွဲလား သမ္မတ နစ်ကိုလက်စ် မာဒူရိုကို အမေရိကန်က ဖမ်းဆီးခဲ့ပြီးနောက်ပိုင်း ကျူးဘားဆီ ဗင်နီဇွဲလားရဲ့ ရေနံ တင်ပို့ခွင့်တွေကိုပါ ပိတ်ပင်စေခဲ့ပါတယ်။ အဲဒီနောက် ကျူးဘားရဲ့ အပိုဆောင် ရေနံသိုလှောင်မှုဟာ မတ်လလယ်လောက်ထိပဲ ကျန်တော့တယ်လို့ ကျွမ်းကျင်သူတွေက သတိပေး ပြောကြားထားခဲ့ပါတယ်။

ထရမ့်က သူဟာ သမ္မတ မန်နျူရယ်လ် ဒီယက်ဇ် ကာနဲလ် ဦးဆောင်တဲ့ ကျူးဘား အစိုးရကို အမေရိကန်နဲ့ သဘောတူညီမှုတစ်ခု ရယူဖို့ ဖိအားပေးထားကြောင်းလည်း အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လို အချက်အလက်တွေ တောင်းဆိုထားသလဲဆိုတဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။

ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထရမ့်ဟာ ကျူးဘားကို ထိုးနှက်တဲ့ သဘောထား မှတ်ချက်တွေလည်း မကြာခဏ ထုတ်ပြောခဲ့ပါတယ်။ ကျူးဘား အစိုးရဟာ အလုံးစုံ ပြိုလဲလုနီးပါး ဖြစ်နေပြီလို့ ထရမ့်က ပြောခဲ့ဖူးသလို အမေရိကန်ဟာ ချစ်ကြည်ရင်းနှီးတဲ့ သဘောထားမျိုးနဲ့ ကျူးဘားကို သိမ်းယူလိုက်တာမျိုး ဖြစ်နိုင်တယ်လို့လည်း ဆိုပြန်ပါတယ်။ သိပ်မကြာခင်မှာပဲ အမေရိကန်ရဲ့ သိမ်းယူမှုဟာ ချစ်ကြည်ရေးအရ မဟုတ်တာလည်း ဖြစ်ချင် ဖြစ်လိမ့်မယ်လို့ ထရမ့်က ထပ်ပြောခဲ့ပြန်ပါတယ်။

ကိုးကား: The Hill

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြား ပြန်ဖွင့်နိုင်ရေးအတွက် အီရန်နဲ့ သဘောတူညီမှု တစ်ခုကို ရက်ပိုင်းအတွင်း ရယူနိုင်ဖို့ အမေရိကန်က မျှော်လင့်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

အီရန်ဟာ ဦးခေါင်းပိုင်းကို ဖြတ်တောက်ခံရမယ့် အခြေအနေကို ရှောင်လွှဲဖို့ နောက်ဆုံးတစ်ကြိမ်ပဲ အခွင့်အရေး ရတော့မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

အီရန်နဲ့ ဆွေးနွေးမှု အသစ်တွေကို ဩဂုတ် ၃ ရက်နေ့မှာ နောက်တစ်ကျော့ ပြန်စနိုင်ဖို့ ရည်ရွယ်ထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ပိုင်းအတွင်း သေချာစောင့်ကြည့်မယ်ဆိုရင် စစ်ရေးအင်အားကို ပြသရုံတင်မဟုတ်ဘဲ အာရှဒေသမှာ အမေရိကန်ရဲ့ ကာကွယ်ရေးစည်း (Defence Lines)ဘယ်လောက်ထိခိုင်မာနေသေးသလဲ၊ အမေရိကန်ကသူ့မဟာမိတ်တွေဘက်က တကယ်ရပ်တည် ပေးမလားဆိုတာကို တစ်ဆင့်ပြီးတစ်ဆင့် စမ်းသပ်နေတဲ့ ပုံစံပါပဲ။