Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား ကမ်းလွန်မှာ မဂ္ဂနီကျု ၇.၄ အဆင့် ငလျင်လှုပ်၊ ဆူနာမီ သတိပေးချက် ထုတ်ပြန်

အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး ဒေသတွင်း နိုင်ငံတချို့မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

အင်ဒိုနီးရှား ကမ်းလွန် ပင်လယ်ပြင်မှာ မဂ္ဂနီကျု ၇.၄ အဆင့် အင်အားပြင်းထန်တဲ့ ငလျင်ကြီးတစ်ခု လှုပ်ခတ်ပြီး ဒေသတွင်း နိုင်ငံတချို့မှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားရကြောင်း သိရပါတယ်။

ဧပြီ ၂ ရက် မနက်အစောပိုင်းက ငလျင်ဟာ အင်ဒိုနီးရှား အရှေ့မြောက်ပိုင်းမှာရှိတဲ့ မော်လူကာ ပင်လယ်ပြင်မှာ လှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ ငလျင်ရဲ့ ဗဟိုချက်ဟာ တာနက်တီမြို့ရဲ့ အနောက်-အနောက်မြောက်ဖက် မိုင် ၈၀ ဝန်းကျင်မှာ ဖြစ်တယ်လို့ အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)က ကြေညာခဲ့ပါတယ်။

ပြီးတော့ ငလျင်ရဲ့ ပြင်းအားကြောင့် အင်ဒိုနီးရှားနဲ့ ဒေသတွင်း နိုင်ငံတချို့ဆီ ဆူနာမီ ရေလှိုင်းတွေ ရိုက်ခတ်လာနိုင်ခြေ ရှိတယ်လို့လည်း သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဆူနာမီ လှိုင်းတွေဟာ ငလျင်ဗဟိုချက်ကနေ မိုင်ပေါင်း ၆၂၀ လောက်ဝေးတဲ့ နေရာတွေထိ ရောက်ရှိနိုင်တယ်လို့လည်း သတိပေးချက်ထဲမှာ ပါရှိပါတယ်။

ငလျင်လှုပ်ပြီး သိပ်မကြာခင်မှာပဲ မြောက်ပိုင်း မာလူကာ ဒေသမှာ အမြင့် ၁ ပေ ဝန်းကျင်ရှိတဲ့ လှိုင်းလုံးငယ်တချို့ ရိုက်ခတ်ခဲ့ကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သတင်းတွေကိုတော့ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ မာနာဒို မြို့မှာရှိတဲ့ AFP သတင်းထောက်က ငလျင်ကြောင့် လန့်နိုးခဲ့ကြောင်း၊ လူတွေလည်း လမ်းပေါ် အလန့်တကြား ထွက်ပြေးခဲ့ကြောင်း၊ ငလျင်လှုပ်တဲ့ အချိန်က အတော်လေး ကြာပေမယ့် ပတ်ဝန်းကျင်မှာတော့ ကြီးကြီးကျယ်ကျယ် ထိခိုက်ထားမှုတွေ မတွေ့ကြောင်း ပြောပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက်မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ်တည်ရှိပြီး ငလျင်လှုပ်ခတ်မှုတွေနဲ့ မကြာခဏ ကြုံရလေ့ ရှိပါတယ်။ ၂၀၂၂ တုန်းက မဂ္ဂနီကျု ၅.၆ အဆင့် ငလျင်တစ်ခု အနောက်ဂျာဗားဒေသရဲ့ ဆီယန်ဂျာမြို့မှာ လှုပ်ခတ်ခဲ့ပြီး လူပေါင်း ၆၀၂ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

၂၀၁၈ တုန်းက ဆူလာဝေဆီမှာ ငလျင်တစ်ခုနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် လူပေါင်း ၄၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ပါတယ်။ ၂၀၀၄ တုန်းက အိန္ဒိယ သမုဒ္ဒရာထဲမှာ အရမ်း အားပြင်းတဲ့ ငလျင်ကြီး တစ်ခုနဲ့ နောက်ဆက်တွဲ ဆူနာမီ လှိုင်းတွေကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ အာချေးဒေသခံ အများစု အပါအဝင် လူပေါင်း ၂၃၀၀၀၀ ကျော် သေဆုံးခဲ့ဖူးပါတယ်။

ကိုးကား: AFP

ဓာတ်ပုံ – AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ မီးတောင်ပေါက်ကွဲမှု ဖြစ်ခဲ့တဲ့နောက် ခြေလျင်တောင်တက်သမား ၃ ဦး သေဆုံးခဲ့ပြီး တခြား ၁၇ ဦးကတော့ ဘေးကင်းကင်းနဲ့ လွတ်မြောက်လာခဲ့ကြပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ဘတ်စ်ကားနဲ့ ဆီတင်ထရပ်ကား တိုက်မိရာက မီးလောင်မှု ဖြစ်ပွားပြီး လူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း မြေလွှာလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှားမှာ ရက်ပိုင်းအတွင်း ဒုတိယမြောက် ဖြစ်ပွားခဲ့တဲ့ ရထားမတော်တဆမှုကြောင့် ကလေးတွေ အပါအဝင် ၄ ဦး သေဆုံးခဲ့ပါတယ်။

Facebook