Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြောက်ကိုရီးယားက နှစ်ရက်ဆက်တိုက် ဒုံးကျည်တွေ စမ်းသပ်ပစ်ခတ်

ဧပြီ ၈ ရက်နေ့ မနက်ပိုင်းတုန်းက ဂျပန်ပင်လယ်ဖက်ကို မြောက်ကိုရီးယားက အမျိုးအမည်မသိ လက်နက်အမျိုးအစား တစ်ခုကို ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်မှာလည်း ပဲ့ထိန်းဒုံးကျည် အမျိုးအစားလို့ ယူဆရတဲ့ နောက်ထပ် ဒုံးကျည် တစ်စင်းကို ပြုံယမ်းမြို့တော်နားကနေ ပစ်လွှတ်ခဲ့တာ ထောက်လှမ်း သိရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

မြောက်ကိုရီးယားဟာ နှစ်ရက်ဆက်တိုက် ဒုံးကျည်တွေ စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

ဧပြီ ၈ ရက်နေ့ မနက်ပိုင်းတုန်းက ဂျပန်ပင်လယ်ဖက်ကို မြောက်ကိုရီးယားက အမျိုးအမည်မသိ လက်နက်အမျိုးအစား တစ်ခုကို ပစ်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမတိုင်ခင် တစ်ရက်မှာလည်း ပဲ့ထိန်းဒုံးကျည် အမျိုးအစားလို့ ယူဆရတဲ့ နောက်ထပ် ဒုံးကျည် တစ်စင်းကို ပြုံယမ်းမြို့တော်နားကနေ ပစ်လွှတ်ခဲ့တာ ထောက်လှမ်း သိရှိခဲ့ကြောင်း တောင်ကိုရီးယား စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

ပြီးတော့ မြောက်ကိုရီးယား ပစ်ခတ်ခဲ့တဲ့ ဒုံးကျည်တွေနဲ့ ပတ်သက်လို့ အမေရိကန်နဲ့ ပူးပေါင်းပြီး ဆန်းစစ် လေ့လာနေတယ်လို့လည်း တောင်ကိုရီးယားက ဆိုပါတယ်။

မြောက်ပိုင်းမှာရှိတဲ့ ကွန်မြူနစ် နိုင်ငံနဲ့ ဆက်ဆံရေး ပြန်လည် သင့်မြတ်ဖို့၊ ရင်ကြားစေ့ဖို့ တောင်ကိုရီးယား အစိုးရက ကြိုးစားနေချိန်မှာ မြောက်ကိုရီးယားကတော့ အခုလိုမျိုး ဒုံးကျည်တွေ စမ်းသပ်နေတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားရဲ့ ယွန်ဟပ်သတင်းဌာနကတော့ ဧပြီ ၇ ရက်နေ့က ပစ်ခတ်ခဲ့တဲ့ မြောက်ကိုရီးယား ပဲ့ထိန်းဒုံးကျည်ဟာ ပျံသန်းနေရင်း မူမမှန်တဲ့ အခြေအနေတွေ ကြုံခဲ့တယ်လို့ ယူဆရပြီး ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ ပူးပေါင်းစစ်ဆင်ရေး စစ်ဦးစီးဌာနကတော့ အဲဒီဒုံးကျည်ဟာ ပဲ့ထိန်းဒုံး အမျိုးအစား ဖြစ်နိုင်ပြီး ပျံသန်းနေရင်း ပျက်ကျသွားတာလို့ ယူဆရကြောင်း မှတ်ချက်ပေးထားပေမယ့် အတိအကျ အတည်ပြုနိုင်အောင် စုံစမ်းနေဆဲလို့ ပြောပါတယ်။

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက မြောက်ကိုရီးယားကို တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေ စမ်းသပ်ခွင့်ကနေ တားဆီး ပိတ်ပင်ထားပါတယ်။ မြောက်ကိုရီးယားကတော့ တိုက်ချင်းပစ် ဒုံးကျည်နဲ့ နျူကလီးယား လက်နက်တွေ တည်ဆောက်မှုဟာ နိုင်ငံရဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပိုင်ခွင့်ထဲမှာ အကျုံးဝင်ပြီး လုံခြုံရေး ကောင်စီအနေနဲ့ စွက်ဖက်ခွင့် မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။

တောင်ကိုရီးယားမှာ လီဂျေမြောင် သမ္မတ ဖြစ်လာတဲ့နောက် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေး ပြန်လည် နွေးထွေးလာအောင် ပိုမို အားထုတ် ကြိုးစားလာခဲ့ပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားကတော့ တောင်ပိုင်း အိမ်နီးချင်း နိုင်ငံအပေါ် ရန်သူအဖြစ် သတ်မှတ်ထားတဲ့ ရပ်တည်ချက်ကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း ပြောကြားပြီး ရန်လိုတဲ့ မူဝါဒကို ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။

ကိုးကား: Reuters

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယား နိုင်ငံနဲ့ တင်းမာမှုတွေကို လျှော့ချဖို့အတွက် ဦးဆောင် ညှိနှိုင်းပေးဖို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို တောင်ကိုရီးယား သမ္မတက တောင်းဆိုခဲ့ပါတယ်။

သုံးသပ်ဆောင်းပါး

အရှေ့အလယ်ပိုင်းမှာစစ်ပွဲတွေ ဖြစ်လာတဲ့အခါ လူအများစုရဲ့ အာရုံက ဒုံးကျည်တွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်အင်အားတွေ အပေါ်ကိုပဲ ရောက်သွားလေ့ရှိပါတယ်။

နိုင်ငံတကာ

နျူကလီးယား လက်နက်နိုင်ငံအဖြစ် ရပ်တည်မှုကို ဘယ်တော့မှ ရုပ်သိမ်းမှာ မဟုတ်ဘူးလို့ မြောက်ကိုရီးယားက ပြိုင်ဘက် နိုင်ငံတွေကို ရည်ရွယ်ပြီး သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။