Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားတဲ့ အင်ဒိုနီးရှား လေဆိပ်တွေ ပြန်ဖွင့်

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ - AP

မီးတောင်ချော်ပြာတွေကြောင့် ပိတ်ထားရတဲ့ နိုင်ငံရဲ့ အဓိက လေဆိပ်အပါအဝင် လေဆိပ်တချို့ကို အင်ဒိုနီးရှားမှာ ပြန်လည် ဖွင့်လှစ်ထားခဲ့ပြီ ဖြစ်ပါတယ်။

ဂျကာတာမြို့တော် နိုင်ငံတကာ လေဆိပ်နဲ့ တခြားလေဆိပ်တချို့ကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းကစလို့ ပြန်လည် ဖွင့်လှစ်ထားပြီဖြစ်ကြောင်း အင်ဒိုနီးရှား သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနက Instagramမှာ အတည်ပြု ရေးသားထားပါတယ်။

အစောပိုင်းတုန်းကတော့ ဂျကာတာနဲ့ ဂျာဗားကျွန်း တဝိုက်က လေထုထဲ မီးတောင်ချော်ပြာတွေ ပျံ့နှံ့နေပြီး လုံခြုံရေး စိတ်မချရတဲ့ အခြေအနေတွေကြောင့် လေဆိပ်တွေကို ပိတ်ထားစေခဲ့ရတာ ဖြစ်ပါတယ်။

ဂျကာတာ မြို့တော်ကနေ ကီလိုမီတာ ၁၅၀ လောက် အကွာမှာရှိတဲ့ အန်နက် ခရာကက်တူ မီးတောင်ဟာ စက်တင်ဘာ ၅ ရက်နေ့က ပေါက်ကွဲခဲ့ပြီး ချော်ရည်တွေ စီးကျလာသလို လေထဲကိုလည်း ချော်ပြာတွေ အမြောက်အမြား မှုတ်ထုတ်ခဲ့ပါတယ်။ အကျိုးဆက်အဖြစ် ဒေသတွင်းက လေကြောင်းပျံသန်းမှုတွေကို အနှောင့်အယှက် ဖြစ်စေခဲ့သလို လေဆိပ်တွေကို ပိတ်ထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံရဲ့ အကြီးဆုံးဖြစ်တဲ့ ဂျကာတာ နိုင်ငံတကာ လေဆိပ် အပါအဝင် လေဆိပ်ပေါင်း ၈ ခုထက် မနည်းဟာ မီးတောင်ပေါက်ကွဲမှုအပြီး ပိတ်ထားခဲ့ရပြီး ခရီးစဉ်ပေါင်း ၃၀၀၀ လောက် နှောင့်နှေးခဲ့၊ ဖျက်သိမ်းခဲ့ရသလို ခရီးသည် ၃၄၀၀၀၀ လောက် အကျပ်အတည်းတွေ ကြုံခဲ့ကြောင်း ဝန်ကြီးဌာနက ကြေညာပါတယ်။

အစောပိုင်းတုန်းက ဂျကာတာ နိုင်ငံတကာ လေဆိပ်ကို ပိတ်ထားရတဲ့ ကာလဟာ သက်တမ်းထပ်တိုးပြီး စက်တင်ဘာ ၈ ရက်နေ့မှာလည်း ဆက်ပိတ်ထားနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လေထု အခြေအနေ တိုးတက်လာလို့ ပြန်ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ပိတ်ထားတဲ့ လေဆိပ် ၈ ခုထဲက ဂျကာတာလေဆိပ်နဲ့ တခြား ၄ ခုကို စက်တင်ဘာ ၈ ရက် မနက်ပိုင်းမှာ ပြန်ဖွင့်ပေးထားပြီး တစ်ခုအတွက် အခြေအနေ စောင့်ကြည့်နေပေမယ့် နောက်ထပ်လေဆိပ် ၂ ခုကတော့ ဆက်ပိတ်ထားဆဲလို့ သိရပါတယ်။

အန်နက် ခရာကက်တူ မီးတောင်ဟာ ဂျာဗားနဲ့ ဆူမားတြား ကျွန်းတွေကို ပိုင်းခြားပေးထားရာ ရေလက်ကြားနားမှာ တည်ရှိပါတယ်။ ပြီးခဲ့တဲ့ ရာစုနှစ်တွေအတွင်း အဲဒီမီးတောင်ဟာ အခါအားလျော်စွာ သက်ဝင်လှုပ်ရှားမှုတွေ ရှိခဲ့ပါတယ်။ ၂၀၁၈ တုန်းကတော့ အဲဒီမီးတောင်ရဲ့ အစိတ်အပိုင်းတချို့ ပင်လယ်ထဲ ပြိုကျရာကနေ ဆူနာမီရေလှိုင်းတွေ ဖြစ်ပေါ်လို့ လူ ၄၂၉ ဦး သေဆုံးပြီး ထောင်နဲ့ချီ ရွှေ့ပြောင်းခဲ့ရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အင်ဒိုနီးရှား ရေတပ်ဆီ လွှဲပြောင်းပေးမယ့် လေယာဉ်တင် သင်္ဘောကြီးဟာ အခုအခါ အီတလီကနေ စတင် ထွက်ခွာလာနေပြီလို့ သိရပါတယ်။

နိုင်ငံတကာ

ဆန္ဒပြပွဲတွေကနေ အဓိကရုဏ်း အခြေအနေတွေအသွင် ကူးပြောင်းသွားပြီးတဲ့နောက် အင်ဒိုနီးရှားရဲ့ မြို့တော် ဂျကာတာမှာ ပို့ဆောင်ဆက်သွယ်ရေး ပြဿနာတွေ ကြုံတွေ့နေရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

သတင်း

နိုင်ငံရဲ့ လေထုညစ်ညမ်းမှု ပြဿနာ အရမ်းဆိုးလာတဲ့နောက် တောမီးရှို့တဲ့ ကုမ္ပဏီတွေ၊ စီးပွားရေး လုပ်ငန်းတွေကို လုပ်ငန်းလိုင်စင် ရုပ်သိမ်းဖို့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝို ဆူဘီယန်တိုက အမိန့်ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား လေတပ်ရဲ့ Su-30MK2 တိုက်လေယာဉ် တစ်စီးဟာ စမ်းသပ်မောင်းနှင်မှု အစီအစဉ် တစ်ခုမှာ ပြေးလမ်းကို ချော်ထွက်သွားခဲ့ပါတယ်။