Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘန်ကောက် ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ လေဆိပ်မှာ ခရီးဆောင်အိတ်တွေ ထုတ်ယူဖို့ အခက်ကြုံနေ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

ဓာတ်ပုံ - Thai Enquirer

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်က လုပ်ငန်းလည်ပတ်မှုတွေမှာလည်း နှောင့်နှေးမှုတွေ ပြဿနာတွေနဲ့ ကြုံတွေ့နေကြောင်း သိရပါတယ်။

ရေကြီးမှုတွေနဲ့ ဆက်စပ်ပြီး ခရီးစဉ်တချို့ နှောင့်နှေးတာတွေ ဖြစ်ခဲ့သလို ခရီးသည်တွေက ခရီးဆောင်အိတ်တွေကို ထုတ်ယူဖို့ အခက်ကြုံတာမျိုးတွေလည်း ဖြစ်နေပါတယ်။ ပြီးတော့ လေဆိပ်ထဲက ခရီးဆောင်အိတ် ထုတ်ပေးတဲ့ နေရာမှာ အိတ်တွေ ပြုံနေတဲ့ ဓာတ်ပုံတွေလည်း လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာပါတယ်။

မြို့ထဲက ရေကြီးမှုတွေကြောင့် လေဆိပ်ဝန်ထမ်းတွေက အလုပ်ခွင်ဆီ ရောက်အောင် လာလို့မရတာကြောင့် အခုလို ပြဿနာတွေ ဖြစ်ပေါ်လာတာလို့ ဆိုပါတယ်။ လေဆိပ် တာဝန်ရှိသူတွေက စက်ပစ္စည်း ချွတ်ယွင်းမှု၊ ဝန်ထမ်းအင်အား မလုံလောက်မှုတွေကြောင့် ရုန်းကန်နေရကြောင်း ဝန်ခံခဲ့ပါတယ်။

စက်တင်ဘာ ၂၈ ရက်နေ့မှာတော့ ထိုင်းဘုရင့်လေတပ်ဟာ လေဆိပ်ရဲ့ မြေပြင် လုပ်ငန်းဆောင်တာတွေမှာ ပါဝင်ကူညီပေးဖို့ အမှုထမ်း ၆၉ ဦးကို ယာယီ စေလွှတ်ပေးထားခဲ့ရပါတယ်။

Public Service Announcement

Public Service Announcement

ခရီးသည် တစ်ဦးကတော့ ထိုင်းလေကြောင်းလိုင်းရဲ့ ချင်းမိုင်ဆီ ပျံသန်းမယ့် ပြည်တွင်းခရီးစဉ် အမှတ် TG106 လေယာဉ်ဟာ သတ်မှတ်ချိန်ထက် ၆ နာရီလောက်ကြာအောင် လေဆိပ်မှာပဲ ဆက်ရှိနေခဲ့တယ်လို့ ပြောပါတယ်။

အလားတူ လေဆိပ်ကနေ ထွက်ခွာမယ့် ခရီးသည်တွေကလည်း ခရီးဆောင်အိတ်တွေကို ထုတ်ယူလို့ မရသေးတာကြောင့် လေဆိပ်ထဲမှာ ဆက်ပြီး ပိတ်မိနေခဲ့ပါတယ်။ သူတို့ကို ဘယ်သူကမှလည်း ဘာမှ ရေရေလည်လည် ရှင်းပြတာမျိုး မရှိခဲ့ကြောင်း ခရီးသည်တွေက ပြောပါတယ်။

ထိုင်း ခရီးသွားလုပ်ငန်း အာဏာပိုင်ဌာန အကြီးအကဲ သပ်ပါနီ ကိုင်ဖိုင်ဘူလ်က သုဝဏ္ဏဘူမိ လေဆိပ်ဟာ ပုံမှန်အတိုင်း လည်ပတ်နေကြောင်း ပြောကြားခဲ့ပေမယ့် မြေပြင် အနေအထားကတော့ ကွဲပြားမှုတွေ အများကြီး ရှိနေခဲ့တယ်လို့ မျက်မြင်တွေက ပြောပါတယ်။

လေဆိပ်ကို ပိတ်ထားစရာ မလိုသလို လေယာဉ် ခရီးစဉ် အများအပြားကို ဖျက်သိမ်းရတာတွေ မရှိခဲ့ပေမယ့်လည်း ခရီးသည်တွေအတွက် အဆင်မပြေမှုတွေ၊ လုပ်ငန်းလည်ပတ်မှုနဲ့ ဆက်သွယ်ရေးဆိုင်ရာ ပျက်ကွက်မှုတွေတော့ ဖြစ်ပေါ်နေပါတယ်။

တချို့ခရီးသည်တွေကတော့ ခရီးဆောင် အိတ်တွေကို မထုတ်ယူတော့ဘဲ ပြန်သွားကြတာကြောင့် စက်တင်ဘာ ၂၉ ရက်နေ့ထိ လေဆိပ်ထဲမှာ အိတ်တွေ ပြည့်နှက်နေဆဲ ဖြစ်ပါတယ်။ လေဆိပ် တာဝန်ရှိသူတွေကတော့ နောက်ပိုင်းမှာ အိတ်တွေကို ပိုင်ရှင်တွေရဲ့ နေရပ်လိပ်စာအတိုင်း ပေးပို့ဖို့ စီစဉ်ထားကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ကိုးကား: Thai Enquirer

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံရဲ့ ဒေသကြီး ၄၈ ခုမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း ရေကြီးမှုတွေကြောင့် ဆုံးရှုံးမှုတန်ဖိုး ဘတ် ၂၅ ဘီလီယံကျော်ထိ များပြားနိုင်တယ်လို့ သိရပါတယ်။

သတင်း

ထားဝယ်ဒေသအတွင်း ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့်သေဆုံးသူ ၃၂ဦးရှိလာပြီး ပျောက်ဆုံးနေသူ ဒါဇင်နှင့်ချီ ရှိနေဆဲဖြစ်‌တယ်လို့ ထားဝယ်အမျိုးသားအဖွဲ့ချုပ်ကစက်တင်ဘာလ၂၉ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရေကြီးတဲ့ နေရာတစ်ခုကို သွားရောက်ချိန်မှာ ဖိနပ်ချွတ်ထားတဲ့ ထိုင်းဝန်ကြီးချုပ်ရဲ့ ဓာတ်ပုံတစ်ပုံက လူမှုကွန်ရက် သုံးစွဲသူ ထိုင်းနိုင်ငံသားတွေကြားမှာ လူပြောများပြီး အငြင်းအခုံတွေလည်း ဖြစ်နေစေပါတယ်။

သတင်း

တနင်္သာရီတိုင်းရေဘေးမှာ‌ဒေသတချို့ရေပြန်ကျစဉ် ရုပ်အလောင်းတွေပေါ်လာလို့ သေဆုံးသူအ​ရေအတွက်ထပ်တိုးလာ​နေပြီး လောင်းလုံးမြို့နယ်မှာဒီနေ့ညနေပိုင်းကရုပ်အလောင်း ၉ လောင်း ထပ်မံရှာဖွေတွေ့ရှိခဲ့ပါတယ်။

Facebook