Connect with us

Hi, what are you looking for?

နိုင်ငံတကာ

သီရိလင်္ကာရဲ့ အထင်ကရ ဘုန်းတော်ကြီးတစ်ပါး သက်ငယ် မုဒိမ်းမှုနဲ့ အဖမ်းခံရ

နိုင်ငံရဲ့ ဂုဏ်သတင်း အကြီးမားဆုံး ဘုန်းတော်ကြီးတစ်ပါးက သက်ငယ်မုဒိမ်းမှုနဲ့ အဖမ်းခံရတဲ့ သတင်းဟာ သီရိလင်္ကာ လူ့အဖွဲ့အစည်းကြားမှာ အပြင်းအထန် ဂယက်ရိုက်ခတ်သွားပါတယ်။

ဓာတ်ပုံ - AFP/File

နိုင်ငံရဲ့ ဂုဏ်သတင်း အကြီးမားဆုံး ဘုန်းတော်ကြီးတစ်ပါးက သက်ငယ်မုဒိမ်းမှုနဲ့ အဖမ်းခံရတဲ့ သတင်းဟာ သီရိလင်္ကာ လူ့အဖွဲ့အစည်းကြားမှာ အပြင်းအထန် ဂယက်ရိုက်ခတ်သွားပါတယ်။

သိက္ခာတော်ရ ဆရာတော် ပါဠိဂါမ ဟိမာရသနဟာ အသက် ၁၅ နှစ်အရွယ် မိန်းကလေး တစ်ဦးကို မုဒိမ်းကျင့်မှု၊ လိင်အကြမ်းဖက်မှု စွပ်စွဲချက်တွေအတွက် လောလောဆယ် ဖမ်းဆီး ခံထားရပါတယ်။

သက်တော် ၇၁ နှစ်အရွယ် ဘုန်းတော်ကြီးဟာ ထေရဝါဒ ဗုဒ္ဓသာသနာ ထွန်းကားရာ အာရှတောင်ပိုင်း ကျွန်းနိုင်ငံဖြစ်တဲ့ သီရိလင်္ကာမှာ ဂုဏ်သတင်း အကျော်ကြားဆုံး ဆရာတော်တစ်ပါး ဖြစ်ခဲ့ပါတယ်။ သူဟာ အနူရာဒပူရမြို့ရဲ့ ဘာသာရေး အထွဋ်အမြတ် နယ်မြေ ၈ ခုကို ကြီးမှူးတဲ့ ဥက္ကဋ္ဌ ဆရာတော်အဖြစ် တာဝန်ယူထားခဲ့သူပါ။

နိုင်ငံရဲ့ ကလေးသူငယ် စောင့်ရှောက်ရေးဌာနက အဆိုပြုခဲ့တဲ့နောက် ဘုန်းတော်ကြီး ပါဠိဂါမ ဟိမာရသနကို ရဲတွေက မေလ ၈ ရက်နေ့မှာ သူ့ကို ဖမ်းဆီးခဲ့ပါတယ်။ အဲဒီဌာနဟာ ဘုန်းတော်ကြီးက အဓိက သံသယတရားခံ ဖြစ်နေလျက်နဲ့ ဖမ်းဆီးဖို့ ပျက်ကွက်တဲ့အတွက် ရဲတပ်ဖွဲ့ကို အစောပိုင်းမှာ ဖိအားပေး ဝေဖန်ခဲ့ပါတယ်။ အမှုအတွက် ပထမဆုံး ရုံးထုတ် ကြားနာမှုကို မေလ ၁၂ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဝရမ်းရခဲ့တဲ့နောက် ရဲတွေဟာ ကိုလံဘို မြို့တော်က ဆေးရုံတစ်ခုမှာ အရေးပေါ် ကျန်းမာရေး အခြေအနေ တစ်ခုအတွက် ကုသမှု ခံယူနေပါတယ်ဆိုတဲ့ ဘုန်းတော်ကြီးကို သွားရောက် ဖမ်းဆီးခဲ့ပါတယ်။

အခုအမှုဟာ မတ်လတုန်းက မိန်းကလေးငယ် တစ်ဦးက စောင့်ရှောက်ရေး စင်တာကနေ ဖမ်းဆီးခေါ်ဆောင် ခံရပြီး ချုပ်နှောင်ခံထားခဲ့ရတဲ့ မှုခင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒီကိစ္စမှာ မိန်းကလေးအပေါ် ဘုန်းတော်ကြီးက မုဒိမ်းမှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်လာခဲ့တာပါ။ ဒါ့အပြင် ဘုန်းတော်ကြီးဟာ ၂၀၂၂ ခုနှစ်ကတည်းက အနူရာဒပူရမှာရှိတဲ့ ဘုရားကျောင်း နယ်မြေတစ်ခုထဲမှာ လိင်အမြတ်ထုတ်မှုတွေ ကျူးလွန်နေခဲ့တယ်ဆိုတဲ့ အထောက်အထားတွေ ရှိနေခဲ့ကြောင်း ကလေးသူငယ် စောင့်ရှောက်ရေးဌာန တာဝန်ရှိသူတွေက ဆိုပါတယ်။

ရဲတွေရဲ့ အဆိုအရ မိန်းကလေးရဲ့ မိခင်ကလည်း ဘုန်းတော်ကြီးရဲ့ ပြစ်မှုမှာ အလိုတူအလိုပါ အားပေးကူညီမှုနဲ့ အဖမ်းခံထားရကြောင်း သိရပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဌာနကလည်း ပါဠိဂါမ ဟိမာရသန အနေနဲ့ ပြည်ပကို ထွက်ပြေးလို့ မရတာ သေချာအောင် အစီအမံတွေ တင်းတင်းကျပ်ကျပ် လုပ်ဆောင်ထားတယ်လို့ အစောပိုင်းမှာ ကြေညာခဲ့ပါတယ်။

သီရိလင်္ကာမှာ နာမည်ကြီး ဘုန်းတော်ကြီးတွေဟာ လူထုရဲ့ ချစ်ခင်ကြည်ညိုမှုကို ခံရတဲ့အပြင် နိုင်ငံရေး အရလည်း ဩဇာညောင်းတာကြောင့် အခုလို အထင်ကရ ဆရာတော်တစ်ပါး ရာဇဝတ်မှုနဲ့ အဖမ်းခံရခြင်းဟာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စမျိုး ဖြစ်လာခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပ်စတိန်း ဖိုင်တွေကို လူသိရှင်ကြား ထုတ်ပြန်ပေးဖို့ အောက်လွှတ်တော်ရဲ့ အဆိုပြုမှုမှာ ပါဝင် ထောက်ခံမဲ ပေးသင့်ကြောင်း သူ့ရဲ့ ရီပတ်ဘလစ်ကန် ပါတီဝင် အမတ်တွေကို အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က တိုက်တွန်းလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အပ်စတိန်းဖိုင်တွေနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရဆီမှာ ဖုံးကွယ်ထားချင်တဲ့ ဘာအကြောင်းရင်းမှ...

သတင်း

စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ်ကဒေသကာကွယ်ရေးတပ်ဖွဲ့ (LPDF)တစ်ခုဖြစ်တဲ့ဗိုလ်လင်းမြွေကာကွယ်ရေးတပ်ဖွဲ့က တပ်ဖွဲ့ဝင်တဦးက စစ်ဘေးရှောင်အသက်မပြည့်သေးတဲ့မိန်းကလေးငယ်ကို အဓမ္မပြုကျင့်ခဲ့တာ ကြောင့် ဒေသခံ တွေက ကျူးလွန်သူကို သေဒဏ် ပေးဖို့အတွက် တောင်းဆို ဆန္ဒပြနေကြပါတယ်။

သတင်း

မင်းပြားမြို့နယ်မှအသက်(၉)နှစ်အရွယ်မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုသည် ကျူးလွန်ခံရသူ နှင့် မိသားစုဝင်များသာမက လူ့အဖွဲ့အစည်းတခုလုံးကို ခြိမ်းခြောက်နိုင်သည့် ကြီးလေးသော ရာဇဝတ်မှုဖြစ်ပြီး ဥပဒေအောက်တွင်အကြီးမားဆုံးပြစ်ဒဏ်ချမှတ်အရေးယူပေးရန် ရခိုင်အရပ်ဖက်အဖွဲ့အစည်း (၁၁) ဖွဲ့က ကြေညာချက်ထုတ်ပြန်​တောင်းဆိုလိုက်သည်။

နိုင်ငံတကာ

ဆူဒန် ပြည်တွင်းစစ်မှာ လက်နက်ကိုင် အင်အားစုတွေက ကလေးတွေ၊ အသက်မပြည့်သေးတဲ့ လူငယ်တွေအပေါ် မုဒိမ်းမှု၊ လိင်အကြမ်းဖက်မှုတွေ အမြောက်အမြား ကျူးလွန်ခဲ့ကြောင်း ကုလသမဂ္ဂရဲ့ ကလေးများဆိုင်ရာ အေဂျင်စီ (ယူနီဆက်ဖ်)က ထုတ်ပြန်ခဲ့ပါတယ်။